Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၁၃ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 13
သုံးစွဲနိုင်အား ပြိုလဲသွားသည့် မြန်မာ့ဘဏ္ဍာရေး (ဆောင်းပါး)
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအပြီး ၁၀ လအကြာတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ စိုးရိမ်ရသည့် အနေအထားသို့ရောက်ရှိလာသည်။ အာဏာသိမ်းမှုက မြန်မာ့စီးပွားရေးအပေါ် ဆိုးဝါးစွာ ထိခိုက်ခဲ့သည့်အချက်မှာ အလွန်ထင်ရှားသည်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ဆက်လက်ဖြစ်ပွားလာသည့် ဘဏ်လုပ်ငန်း/ငွေကြေး အကြပ်အတည်းနှင့် ကိုဗစ်-၁၉ တတိယလှိုင်းတို့က မြန်မာ့စီးပွားရေးကျဆင်းမှုကို ပိုမိုဆိုးဝါးစေခဲ့သည်။ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အာဏာသိမ်းမှုတို့ကြောင့်ဖြစ်ပေါ်လာသည့် လူသားချင်းစာနာမှုအခက်အခဲ များနှင့်အတူ မြန်မာ့စီးပွားရေး၏ ကာလတိုအလားအလာမှာ အောက်သို့ထိုးစိုက်နေသော ဝဲကတော့ အတိုင်းသာ ဆက်လက်ကျဆင်းနေဖွယ် ရှိသည်။ အဆိုပါ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝန်းက ကြိုးစားကူညီ ဖြေရှင်းပေးကြမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် နိုင်ငံနှင့်အဝှမ်းမြင့်တက်လာနေသော ပဋိပက္ခများကြောင့် ပိုမိုဆိုးဝါးလာနေသည့် ယနေ့မြန်မာနိုင်ငံ၏အခြေအနေမှာ လူသားချင်းစာနာမှု အကူအညီတစ်ခုတည်းဖြင့် ထိရောက်လုံလောက်စွာဖြေရှင်းနိုင်မည့်အနေအထားမျိုးတွင်မရှိပေ။ တစ်စထက်တစ်စယိုင်နဲ့လာသော ဘဏ္ဍာရေးသုံးစွဲနိုင်အားနှင့် စီးပွားရေးအခြေအနေဆက်တိုက် ယိုယွင်းနေမှု၏ အကျိုးဆက်ဂယက်များမှာ ရေရှည်မြန်မာ့အနာဂတ်ကာလများအထိ ဆက်လက် ရိုက်ခတ်နေလိမ့်ဦးမည်ဖြစ်သည်။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၁၃ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်