Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၁၇ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 17
မီတာခပြဿနာက တော်လှန်ရေးအရှိန်/အချိန်နဲ့ ဆက်စပ်နေပြီ (ဆောင်းပါး)
လျှပ်စစ်မီး သုံးစွဲနေသူ အများစုဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက တော်လှန်ရေးလှုံ့ဆော်မှုကြောင့်ဖြစ်စေ၊ အခြားအခြားသော အကြောင်းကြောင်းကြောင့် ဖြစ်စေ မီတာခ မဆောင်ထားသူ များပါတယ်။ စစ်တပ်နဲ့ နီးစပ်တဲ့၊ CDM မလုပ်တဲ့ အစိုးရဝန်ထမ်းတွေလောက်သာ မီတာခ ဆောင်ကြတာဖြစ်ပါတယ်။ ဒါတောင် အထက်က ဖိအားကြောင့်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။ ဒါကြောင့် သာမန်အားဖြင့် နေအိမ်တစ်အိမ် (မိသားစုတစ်စု) ဟာ မီတာခဆောင်ဖို့ ကျသင့်ငွေဟာ အနည်းအများအလိုက် သုံးသိန်းကနေ ငါးသိန်းပတ်ဝန်းကျင်အထိ ရှိနေပါပြီ။ အတည်ပြုလို့ မရသေးတဲ့အချက်အလက်အရ မီတာကြွေးကျန် ငါးသိန်းနဲ့ ငါးသိန်းကျော်ရှိတဲ့ အိမ်တွေကို မီးလိုက်ဖြတ်တာလို့ သိရပါတယ်။ ကြွေးကျန် သုံးသိန်းအထက် ရှိသူတွေဟာလည်း များမကြာမီကာလမှာ လက်ရှိသုံးစွဲနေဆဲ အခြေအနေကြောင့် ငါးသိန်းအထိ ဖြစ်လာဖို့ပဲ ရှိပါတယ်။နိုင်ငံ့အိမ်ထောင်စု စုစုပေါင်းဖြစ်တဲ့ ၅၉၁၉၄၃၆ (၅.၉ သန်းကျော်) ဟာ အလင်းရောင်အတွက် လျှပ်စစ်မီးကို သုံးနေရတာဖြစ်တဲ့အတွက် မီတာခဆောင်ရမယ့် မိသားစုတွေအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ စစ်တပ်နဲ့ CDM မဟုတ်သော အစိုးရဝန်ထမ်း မိသားစုတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် မီတာဆောင်ရမယ့် မိသားစုအရေအတွက်ရဲ့ ထက်ဝက်ကသာ တစ်အိမ်ထောင်ကို ကျပ်ငါးသိန်းစီ မီတာခဆောင်ကြမယ်ဆိုရင် စစ်အုပ်စုဟာ ဒီကနေ ကျပ်သန်းပေါင်း ၁,၄၇၉,၈၄၉ အထိ ရသွားမှာ ဖြစ်ပါတယ်။ ဒီပမာဏာ ဟာ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ စစ်အုပ်စုအတွက် အသက်ရှုပေါက်တစ်ခု ဖြစ်သွားစေပါတယ်။ ဒါကြောင့်လည်း မီတာခဆောင်ဖို့အတွက် အရပ်ထဲ လက်နက်နဲ့ခြိမ်းခြောက်ပြီး မီးဖြတ်တာတွေလုပ်၊ ဖိအားတွေ ပေးနေတာ ဖြစ်ပါတယ်။ဒီအနေအထားမှာ လူထုကြားထဲမှာလည်း မီတာခ ဆောင်သူနဲ့ မဆောင်သူကြား သဘောထား မတူညီမှုတွေ ဖြစ်လာပါတယ်။ တော်လှန်ရေးအတွက် မီတာခ မဆောင်ရေးကို လုပ်ကို လုပ်ရမယ်၊ မီးလာဖြတ်ချင် ဖြတ်ပစ်ဆိုတဲ့ သူတွေက ကိုယ့်ရပ်တည်ချက်ကို ပေါ်ပေါ်တင်တင်ပြသလို မီတာခဆောင်သူတွေကိုလည်း လူမှုကွန်ရက်တွေပေါ်ကနေ တိုက်ခိုက်လာခဲ့ပါတယ်။ ထို့နည်းတူ မီးပြတ်တောက်ရင် ကြုံလာမယ့် နိစ္စဓူဝပြဿနာတွေကြောင့် ဆောင်မှကို ဖြစ်မယ်၊ တော်လှန်ရေးနဲ့ နိစ္စဓူဝပြဿနာကို မရောထွေးကြဖို့ တန်ပြန်ခဲ့ကြပါတယ်။ မီတာခ ဆောင်ခြင်း၊ မဆောင်ခြင်းဟာတော်လှန်ရေးရဲ့ အရှိန်နဲ့ အချိန်နဲ့လည်း ဆက်စပ်နေပါတယ်။ တော်လှန်ရေးက ခပ်မြန်မြန် ပြီးသွားမယ်ဆိုရင် မီတာခ ဆောင်ရေး၊ မဆောင်ရေးဟာ နောက်ကောက်ကျသွားမှာ ဖြစ်ပြီး တော်လှန်ရေးက ကြာနေမယ်ဆိုရင် လျှပ်စစ်မီးကြောင့် ကြုံလာနိုင်တဲ့ အခက်အခဲ၊ အကျပ်အတည်းကို တောင်ခံနိုင်ဖို့ ခက်တာကြောင့် မီတာခဆောင်သူတွေ တိုးလာမှာ ဖြစ်ပါတယ်။ ဒါကို စစ် အုပ်စုဘက်က တွက်ချက်နေသလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း တွက်ချက်ကြဖို့ လိုပါတယ်။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၁၇ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်