Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ နိုဝင်ဘာလ ၁၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM November 19  

  

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-တရုတ် ကုန်သွယ်မှု အပါအဝင် ပြည်ပ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များ(ဆောင်းပါး)


မြန်မာနိုင်ငံမှာ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ အားကောင်းမောင်းသန် ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စရပ်တွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေကြောင့် စီးပွားရေး လုပ်ငန်းတွေ ရပ်တန့်သွားတာ၊ ဘဏ်စနစ် ပုံမှန် လည်ပတ်နိုင်ခြင်း မရှိတော့တာ၊ ငွေကြေးစီးဆင်းမှု ပြတ်တောက်တာတွေအပြင် စီးပွားရေး ပိတ်ဆို့ အရေးယူခံရတာနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ ပုံရိပ်ကျဆင်းတာတွေလည်း ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေ အဘက်ဘက်မှာ ပြိုဆင်းခဲ့ပါတယ်။ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု တန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ သန်း ၁,၇၀၀ ကျော်ပဲ ရှိခဲ့ပြီး ထက်ဝက်ကျော်ခန့် ကျဆင်းခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေပြုလုပ်တဲ့ ကုန်သွယ်မှု ပမာဏကိုလည်း အာဏာမသိမ်းခင်ကာလနဲ့အာဏာသိမ်းပြီးကာလကို နှိုင်းယှဉ်ကြည့်ပါက သိသိ သာသာ ကျဆင်းနေတာတွေ့ရပါတယ်။


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio