Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၂၀ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 20
လူထုပေးတဲ့ အကြောက်တရားအောက်က စစ်တပ်(ဆောင်းပါး)
တိုက်ခိုက်ရေးနဲ့ ကိုယ်ကျိုးစီးပွားရှာရေးလောက်သာ နားလည်တဲ့ စစ်အုပ်စုဟာ လက်နက်နဲ့ ခြိမ်းခြောက်၊ လူသတ်ပြရင် လူထုဟာ ငြိမ်သက်သွားမယ်၊ ကြောက်ရွံ့သွားမယ်လို့ ယူဆထားပုံရပါတယ်။ သို့သော် လူထုဟာ စစ်အုပ်စု ကမ်းကုန်တဲ့ ရက်စက်ယုတ်မာမှုကြောင့် စစ်အုပ်စုဆိုရင် ရွံသထက် ရွံ၊ မုန်းသထက် မုန်းလာခဲ့ပါတယ်။ ဒါကြောင့်လည်း ဖိနှိပ်မှုပေါင်းစုံ လုပ်နေတဲ့ ကြားထဲက ဆန္ဒပြမှု တွေ လူကျဲသွားပေမယ့် မရပ်တန့်သွားသလို တစ်ဖက်မှာလည်း ဒင်းတို့ကို လက်နက်ကိုင် ချကို ချရမယ်တဲ့ လက်နက်ကိုင်တော်လှန် ရေးတိမ်းညွှတ်မှုတွေ အားကောင်းခဲ့ပါတယ်။လူထုရဲ့ ဆန္ဒပြမှုတွေကို စစ်အုပ်စု မတားနိုင်ခဲ့သလို လက်နက်ကိုင် တော်လှန်မှုကိုလည်း စစ်အုပ်စု ကြောက်ခဲ့ရပါတယ်။ အခုအချိန်အထိလည်း လူထုပေးထားတဲ့ အကြောက်တရားကြောင့် စစ်အုပ်စုဟာ ခံကတုပ်လုပ်ထားတဲ့ ကျင်းထဲက ရဲရဲတောင် ခေါင်းပြူမထွက်ဝံ့ပါဘူး။ ပြည်သူတွေကို လူသားတံတိုင်းလုပ်ပြီး သွားလာရတဲ့အဆင့်ကို ရောက်နေပါပြီ။ လူတကာ ဥဒဟိုသွားနေတဲ့ မြို့တွင်းလမ်းတွေပေါ်မှာ သေနတ်ကြီးတကားကားနဲ့ ခေါင်းချာချာလည်အောင် ကြည့်ပြီး သတိနဲ့ သွားနေရပါပြီ။ ဒါဟာ နိုင်ငံရေးအကျပ်အတည်း ဖြစ်စဉ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုမှုကို လက်မခံဘဲ လက်နက်နဲ့ ဆက်ဆံခဲ့တဲ့ စစ်တပ်အပေါ် လူထုက တုံ့ပြန်တဲ့ အမုန်းတရားပါပဲ။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၂၀ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်