Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ နိုဝင်ဘာလ ၂၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM November 22  

  


စစ်အာဏာယန္တရား ပြိုလဲမှ စစ်အာဏာရှင်စနစ် ပြိုလဲလိမ့်မယ် (ဆောင်းပါး)


မြန်မာနိုင်ငံဟာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးအလွန် ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပါတီက အာဏာမပေးဘဲ စစ်တပ်က အာဏသိမ်းကတည်းက အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။ဒီကာလမှာ စစ်အုပ်စုက သူတို့လက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနကနေ သီချင်းတစ်ပုဒ်လွှင့်ခဲ့ပါတယ်။ သီချင်းနာမည်က "မြန်မာ့စိတ်ဓာတ်" ဖြစ်ပြီး ရေးသူက "သင့်ရဲဘော်" ဆိုသူက "ရဲဘော်နိုင်ဝင်း" ဖြစ်ပြီး ၇ မိနစ်ကျော် ကြာတဲ့သီချင်းပါ။ ဒီသီချင်းထဲမှာ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့တာနဲ့ ပတ်သက်ပြီး "စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ...သယံဇာတတွေ ပေါတဲ့မြေ" ဆိုပြီး မမှုကြောင်းကို ထည့်သွင်းစပ်ဆိုခဲ့ပါတယ်။ တစ်ဖက်မှာလည်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုဟာ စစ်တပ်အပေါ် သက် ရောက်မှု မရှိခဲ့ဘူးလို့ ဗြောင်ငြင်းဆိုခဲ့ကြပါတယ်။ဒါပေမယ့် နိုဝင်ဘာလ ၁၇ ရက်မှာ ဘီဘီစီသတင်းဌာနရဲ့ အာရှရေးရာ အကြီးတန်းအယ်ဒီတာ Rebecca Henschke က စစ်အုပ်စုအတွက် သတင်းပြန်ကြားရေးကို တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ "ဘူး" ခံငြင်းတာကို စွန့်လွှတ် လိုက်ရပြီး စီးပွားရေး ပိတ်ဆို့လို့ ထိခိုက်မှု ရှိတယ်ဆိုတာကို တရားဝင် ဝန်ခံလိုက်ပါတယ်။

စစ်အုပ်စုဟာ အာဏာနဲ့ ကိုယ်ကျိုးစီးပွားက လွဲရင် ဘယ်သူ့မျက်နှာကိုမှ မထောက်သော အလိုရမ္မက်ကြီးသူများသာ ဖြစ်တယ်ဆိုတာက အာဏာသိမ်းမှုက သက်သေပြုနေပါပြီ။ နိုင်ငံဟာ လူထုအစိုးလက်ထက်မှာ အတိုင်းအတာတစ်ခုအထိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေးကဏ္ဍတွေမှာ တိုးတက်သင့်သလောက် တိုးတက်နေချိန်မှာ ဒါကို အာဏာသိမ်းတယ်ဆိုတာတစ်ခုတည်းနဲ့ ရိုက်ချိုးဖျက်ဆီးခဲ့ကြသူတွေ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ထိခိုက်ပါတယ်လို့ ဘယ်လောက် ဝန်ခံ ဝန်ခံ အာဏာအတွက်ဆိုရင် ဒီထိခိုက်မှုကိုလည်း ထည့်သွင်းစဉ်းစားကြမယ့်သူတွေ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံနဲ့ လူထု နာသထက် နာနေတာ၊ ထိခိုက်သထက် ထိခိုက်နေတာကို ရပ်တန့်သွားအောင် ဆိုရင် စစ်အာဏာယန္တရားကြီး ပျက်သုန်းသွားရေးကသာလျှင် အဓိက ဖြစ်ပါတယ်။ စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် မရှိတော့ရင် ဒီအာဏာယန္တရားကြီး ဆက်လည်နေဦးမယ်ဆိုရင် နောက်ထပ် နောက်ထပ် နေဝင်း၊ စောမောင်၊ သန်းရွှေ၊ မင်းအောင်လှိုင်တွေ ဆက်ထွက်နေဦးမှာ ဖြစ်ပါတယ်။


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio