Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၂၄ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 24
မုန့်ဆီကြော်နဲ့ နှုတ်ခမ်းနာ ကိစ္စ(ဆောင်းပါး)
“အရင်တုန်းက လွန်ခဲ့တဲ့ ဆယ်နှစ် ဆယ့်ငါးနှစ်လောက်တုန်းက မတရားသဖြင့် အပြုအကျင့်ခံခဲ့ရတဲ့၊ နိုင်ငံရေးနဲ့ပါတ်သက်ပြီးတော့ ရက်စက်စွာနဲ့ ဖြိုခွင်းခံခဲ့ရတဲ့ အဲဒီကြမ်းကြုတ်မှုဒဏ်တွေကိုခံခဲ့ရတဲ့ နိုင်ငံရေးသမားတွေ ပြည်သူတွေ ကျောင်းသားတွေကို မေးလေ့ရှိပါတယ်။ အဲဒီလူတွေကို ခွင့်လွှတ်နိုင်မလားလို့။ ဘာဖြစ်လို့လဲဆိုတော့ ပြန်လည်သင့်မြတ်ရေးအတွက် အဲဒီတုန်းက ကြိုးစားခဲ့ကြတာကိုး၊ အခုလည်း အဲဒီလူတွေကို ခွင့်လွှတ်နိုင်မလားလို့ မေးသလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်လွှတ်တယ် ခွင့်မလွှတ်ဘူးလို့ ကာယကံရှင်က ဖြေရအောင် အဲဒီပြုခဲ့တဲ့ ကာယကံရှင်ကရော ခွင့်လွှတ်ပါ မှားသွားပါတယ်လို့ ဝန်ခံလို့လား၊ ဒါအရေးကြီးတာနော်။ အခုလည်း ဘယ်လိုဖြစ်သလဲဆိုတော့ ဟာ..ဒီတိုင်းပဲ သွားကြတော့မှာလား စေ့စပ်ဆွေးနွေးပွဲကိုလက်မခံဘူးလားဆိုတဲ့မေးခွန်းကလည်း ဒီသဘောမျိုးပါပဲ၊ ဘယ်သူတွေက စေ့စပ်ဆွေးနွေးပွဲကို ဦးတည်နေလို့လဲ။ ဒါတော်တော်မေးခွန်းထုတ်သင့်တဲ့ကိစ္စနော်။လက်တွေ့ဖြစ်နေတဲ့ အခင်းအကျင်းတွေ အပြုအမူတွေကရော စေ့စပ်ဆွေးနွေးပွဲကို ဖြစ်နိုင်တဲ့ အခြေအနေမို့လို့လား။ ဒါကို စဉ်းစားစေချင်ပါတယ်။”
နိုဝင်ဘာ ၁၆ရက်မှာ ကျင်းပခဲ့တဲ့ NUCC သတင်းစာရှင်းလင်းပွဲမှာ စေ့စပ်ညှိနှိုင်းရေးလမ်းစဉ်အပေါ်ထားတဲ့ NUCC ရဲ့ သဘောထားနဲ့ပါတ်သက်ပြီး သတင်းထောက်တယောက်ကမေးတဲ့ မေးခွန်းကို တုံ့ပြန်လိုက်တဲ့ ကိုမင်းကိုနိုင်ရဲ့စကားက "မုန့်ဆီကြော်က ဘယ်နားနေမှန်း မသိဘူး။ နှုတ်ခမ်းနာနဲ့ တည့်မတည့်" ဆိုတဲ့ သဘောမျိုးဖြေလိုက်တာလို့ နားလည်မိပါတယ်။ ရှေ့မှာတုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို ခွင့်လွှတ် သင်ပုန်းချေနိုင်လားလို့ မေးတဲ့အခါ အမှားကျူးလွန်ခဲ့တဲ့သူတွေက ဘယ်တုန်းကများ ခွင့်လွှတ်ဖို့တောင်းပန်ဖူးလို့လဲ ဆိုတာမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။ တွေ့ဆုံဆွေးနွေးကြရအောင်ပါလို့ ဘယ်သူကများဖိတ်ခေါ်ဖူးလို့လဲ ဆိုတဲ့ အမေးနဲ့ သူက အခုလို တုံ့ပြန်ထားတာပါ။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၂၄ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်