Sign up to save your podcasts
Or

Mizzima 108FM ၏ နိုဝင်ဘာလ ၂၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM November 25
လူထုနဲ့ တော်လှန်ရေး မဇ္စျိမပဋိပဒါ(ဆောင်းပါး)
တော်လှန်ရေးဆိုတဲ့ နေရာမှာ လူမှုရေးနဲ့ ဆက်စပ်တာ ရှိသလို စီးပွားရေးနဲ့ ဆက်စပ်တာလည်း ရှိပါတယ်။ နောက်ပြီး နိုင်ငံရေးသဘောတွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ ဒီကနေ့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ နွေဦးတော်လှန်ရေးကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာ အားလုံးနဲ့ ဆက်စပ်နေပါတယ်။ဒီကနေ့ နွေဦးတော်လှန်ရေးဟာ နိုင်ငံရေးသမားချင်း အာဏာအဝေမတည့်တာကနေ ဖြစ်လာတဲ့ တော်လှန်ရေး မဟုတ်ပါဘူး။ နိုင်ငံတော်အာဏာကို လက်နက်နဲ့ မတရားသိမ်းယူထားတဲ့အတွက် ဖြစ်လာတဲ့ အာဏာရူး စစ်အုပ်စုနဲ့ လူထုအကြား ဖြစ်ပွားတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။တစ်နည်းပြောရရင် ခေတ်အဆက်ဆက် နိုင်ငံကို နိုင်လိုမင်းထက် အုပ်ချုပ်ပြီး လူထုကို အလေးမထားတဲ့ လူဟောင်း၊ စနစ်ဟောင်းကို ဖြိုဖျက်ပြီး လူသစ်၊ စနစ်သစ်နဲ့ အစားထိုးဖို့ ဖြစ်လာတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပါတယ်။တော်လှန်ရေးမှာ လူထုက အဓိက အခရာကျတယ်ဆိုတာ အထူးပြောပြနေစရာကို မလိုတာပါ။ လူထုပါဝင်တာကြောင့်သာ တော်လှန် ရေးဆိုတာ ဖြစ်တည်လာရတာ ဖြစ်ပါတယ်။ လူထု လိုလားချက်ကို အကောင်အထည်ဖော်ဖို့သာ တော်လှန်ရေး ရှိလာတာ ဖြစ်တယ်။ တော်လှန်ရေးဆိုတာက အစုအဖွဲ့ တစ်ခုတည်းက ဖော်ဆောင်လို့ မရပါဘူး။ ဒါကြောင့် တော်လှန်ရေးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နေသူတွေဟာ လူထုလိုလားချက်ကို ဖြည့်ဆည်းပေးဖို့သာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ဖြစ်စဉ်တိုင်း၊ နေရာတိုင်းမှာ လူထုနောက်ချည်း လိုက်ဖို့ မလိုသလို လူထုကို ဆန့်ကျင်နေလို့ချည်းလည်း မဖြစ်ပါဘူး။ ဘယ်အချိန်မှာ လူထုနောက်ကိုတော့ လိုက်မယ်၊ ဘယ်အခါမှာတော့ လူထုနဲ့ ဆန့်ကျင်သင့်ရင် ဆန့်ကျင်ပြီး လုပ်ကိုင်ရမယ်ဆိုရင်လည်း စည်းရုံးသိမ်း သွင်းခြင်းနည်းနဲ့ တော်လှန်ရေးကို ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ် ဦးဆောင်သွားဖို့ လိုပါတယ်။ ဒါဟာ တော်လှန်ရေးမှာ ကျင့်သုံးရမယ့် မဇ္စျိမပဋိပဒါလမ်းစဉ် ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ နိုဝင်ဘာလ ၂၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်