Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ နိုဝင်ဘာလ ၃၀ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM November 30  

  

စစ်အုပ်စုအပျော့မှာ ကိုယ် မမာနိုင်တာ ဘာကြောင့်လဲ (‌ဆောင်းပါး)


နွေဦးတော်လှန်ရေးကြီးထဲ လူထုဟာ သိန်း၊ သန်းချီ ပါလာဖို့ ခက်ခဲတာဟာ ဆိုခဲ့သလို စစ်တပ်ကြောင့် ဖိနှိပ်မှုကြောင့်လည်း ပါသလို တော်လှန်ရေးအင်အားစုတွေဘက်က လုပ်ဆောင်ချက်တွေကြောင့် ပါပါတယ်။ စစ်တပ် ဖိနှိပ်တာကြောင့် ထဲထဲဝင်ဝင်၊ ပေါ်ပေါ်တင် တင်မပါနိုင်သလို နေ့စဉ်လူမှုဘဝ လိုအပ်ချက်တွေကို ကိုင်ပြီး ဖိအားပေးတာကြောင့်လည်း လူထုဘက်မှာ ငြိမ်သတ်နေရတဲ့အဖြစ်မျိုး တွေ ရှိနေပါတယ်။တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်က မြေပြင်လူထုအခြေအနေနဲ့ တဖြည်းဖြည်းချင်း မအပ်စပ်တော့တဲ့ နိုင်ငံရေး လှုံ့ဆော်မှု၊ ပွင့်လင်းမြင်သာ မရှိမှု၊ တော်လှန်ရေးထက် အာဏာခွဲဝေရေးဘက်ကို ယိမ်းတဲ့ လှုပ်ရှားမှုတွေက လူထုကို စိတ်ပျက် အားလျော့မှု ဖြစ်လာစေပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေဘက်က အစွန်းရောက်လော်ဘီတွေရဲ့ မဆင်မခြင် လှုံ့ဆော်မှု တွေကလည်း လူထုကို စိတ်ပျက်စေခဲ့တာတွေ ရှိပါတယ်။ လေလှိုင်းပေါ်က အာမချောင်နဲ့၊ တကယ်ပါချင်ရင် တော်လှန်ရေးကို ထောက်ပံ့ဆိုတဲ့ အသုံးအနှုန်းတွေက ဒီကနေ့ လူမှုကွန်ရက်မှာ အတော့်ကို ပျံ့နှံ့နေတဲ့ အဆင်ခြင်မဲ့သော လှုံ့ဆော်မှုတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးသမားတချို့ရဲ့ အဆင်ခြင်မဲ့ ရေးသားမှုတွေ၊ အစွန်းရောက်တဲ့ ပြောဆိုမှုတွေဟာ လူထုကြုံတွေ့နေရတဲ့ မြေပြင်အခြေအနေနဲ့ မအပ်စပ်တာကတစ်ဆင့် စိတ်ပျက်မှုကို ဖြစ်လာစေသလို ယုံကြည်မှုကို အားလျော့လာစေပါတယ်။ ဒီလို ပြောလို့ ဒါဟာ သပ်လျှိုသင်းခွဲတာပဲလို့ တုံ့ပြန်ပြောဆိုလာမယ့်သူတွေ ရှိပါတယ်။ ဒါဟာ တန်ပြန်တော်လှန်ရေးလုပ်တာလို့ စွပ်စွဲလာနိုင် သူတွေလည်း ရှိလာပါလိမ့်မယ်။ ဘက်ဆိုတဲ့ အစွဲရှိနေသရွေ့ မြေပြင်အခြေအနေကို ကြည့်တဲ့အခါ မှုန်ဝါးသွားတတ်တဲ့ သဘောရှိတာ မို့ ထူးထွေပြီး တုံ့ပြန်နေမှာ မဟုတ်ပါဘူး။


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio