Sign up to save your podcasts
Or

Mizzima 108FM ၏ ဒီဇင်ဘာလ ၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM December 2
နိုင်ငံပိုင်ယန္တရားသုံးပြီး အခွန်ကနေ ငွေရှာမယ့် စစ်အုပ်စု (စစ်အုပ်စု ပြဋ္ဌာန်းထားသည့် ၂၀၂၁-၂၀၂၂ ခြောက်လတာ ဘတ်ဂျက်ဥပဒေကို ဆန်းစစ်ခြင်း)(ဆောင်းပါး)
စစ်အုပ်စုက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့ပါတယ်။ ဒီအာဏာသိမ်းမှုကို လက်မခံနိုင်တဲ့ လူထုက ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်လာခဲ့ပြီး ဒီထဲမှာ စစ်အုပ်စုဘဏ္ဍာရေးကို အထောက်အပံ့ဖြစ်စေမယ့် အခွန်မဆောင်ရေးလှုပ်ရှားမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီအခွန်မဆောင်ရေး၊ မီတာမဆောင်ရေး ဘူးသပိတ်တွေဟာ အတိုင်းအတာ တစ်ခုအထိ စစ်အုပ်စုရဲ့ ဝင်ငွေရလမ်းကို အတိုင်းအတာတစ်ခုအထိ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အောင်ဘာလေထီ ရောင်းပြီး ဝင်ငွေရှာတဲ့ လုပ်ငန်းဆိုရင် လုံးဝကို ရပ်တန့်လုနီးပါးအထိ ရောက်ရှိခဲ့ပါတယ်။
ဒီ့နောက်မှာတော့ စစ်အုပ်စုဟာ နိုင်ငံတွင်းက ပြည်သူနဲ့ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေဆီက ငွေရှာဖို့အတွက် ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်တွေကို ပြင်ဆင်ခဲ့သလို ခြောက်လတာ ဘတ်ဂျက်ဥပဒေအသစ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဘတ်ဂျက်ဥပဒေသစ်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် မတ်လအထိ အကျုံးဝင်ပါတယ်။ ဒီဥပဒေသစ်ပါ ပြဋ္ဌာန်းချက်အရ စစ်အုပ်စုဟာ ပြည်သူနဲ့ စီးပွားရေးလုပ်ငန်းတွေဆီက ခြောက်လအတွင်း ကျပ်သန်းပေါင်း ၃၀၇၄၈၈၃ သန်းကျော်အထိ ရမယ်လို့ ခန့်မှန်းတွက်ချက်ထား ပါတယ်။
By Mizzima RadioMizzima 108FM ၏ ဒီဇင်ဘာလ ၂ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်