Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ ဒီဇင်ဘာလ ၃ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM December 3

  


ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်(Omicron) နှင့် မြန်မာနိုင်ငံအတွက် သတိပြုစရာ


၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တောင်အာဖရိကနဲ့ ဘော့ဆွာနာ နိုင်ငံတွေမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ကို စတွေ့ခဲ့ပါတယ်။ နိုဝင်ဘာ ၃၀ မှာ ပြည်ပ ခရီးသွားတွေကတဆင့် အိုမီခရွန် ပြန့်နှံ့ရောက်ရှိသွားတဲ့ နိုင်ငံ ၁၉ နိုင်ငံထက်မနည်း ရှိလာပါတယ်။ အချိန်တိုအတွင်းမှာပဲ ခရီးသွားတွေက တဆင့် ဩစတြေးလျ၊ ဩစတြီးယား၊ ဗြိတိန်၊ ကနေဒါ၊ ချက်၊ ဒိန်းမတ်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဟောင်ကောင်၊ ဂျပန်၊ ဘရာဇီးနဲ့ ဆွစ်ဇာလန် နိုင်ငံတွေဆီ ရောက်သွားပြီး သံသယ လူနာ ၁,၀၀၀ ကျော် ရှိလာပါတယ်။မျိုးကွဲသစ် အိုမီခရွန်က အန္တရာယ်ကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ပြောထားပါတယ်။ တချိန်တည်းမှာပဲ ကူးစက်မှုနှုန်း မြန်မယ့် အခြေအနေရှိနိုင်တာကြောင့် နိုင်ငံပေါင်းများစွာက ကိုယ့်နည်းလမ်းနဲ့ကိုယ် ကာကွယ် တားဆီး ကန့်သတ်မှုလုပ်မယ့် အစီအစဉ်တွေ ချက်ချင်း ဆိုသလို လုပ်ခဲ့ပါတယ်။မြန်မာနိုင်ငံအဖို့ ဒေသတွင်း နိုင်ငံတွေနည်းတူ သတိထားရမယ့် အခြေအနေ ဖြစ်လာပါတယ်။ စစ်အာဏာ သိမ်းခံရပြီး နောက်ပိုင်း ကိုဗစ်တတိယလှိုင်းဒဏ်ကိုပါ အလူးအလဲ ခံခဲ့ရတာကြောင့် နိုင်ငံတွင်း ကိုဗစ်မျိုးကွဲ အိုမီခရွန်နဲ့အတူ ဖြစ်လာမယ့် လှိုင်းကိုပါ ရင်ဆိုင်ရဦးမယ် ဆိုရင် ကြီးမားတဲ့ အခက်တွေ့မှု ထပ်ဖြစ်လာနိုင်ပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီး၊ တရားစွဲဆို၊ ၀ရမ်းထုတ်မှုတွေ လုပ်ခဲ့တဲ့အတွက် ချည့်နဲ့ခဲ့ရတဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားဟာ အခုထိ အပြည့်အ၀ ပြန်လည် လည်ပတ်နိုင်စွမ်း မရှိသေးပါဘူး။ ကိုဗစ်ကြောင့် ကျဆင်းနေတဲ့ စီးပွားရေးကလည်း အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပိုဆိုးတဲ့ အခြေအနေကို ဦးတည်နေပါတယ်။


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio