Sign up to save your podcasts
Or

Mizzima 108FM ၏ ဒီဇင်ဘာလ ၄ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM December 4
တအိအိ တိုးလာနေတဲ့ စစ်အုပ်စုရဲ့ နာခံစေမှု ခြေလှမ်း(ဆောင်းပါး)
နာခံမှုဆိုတာ နိုင်ငံတော်အဆင့် ကြည့်မယ်ဆိုရင် အုပ်ချုပ်သူနှင့် မူလအာဏာပိုင် ပြည်သူအကြား ထားရှိတဲ့ နိုင်ငံရေးပဋိဉာဉ် တစ်ခု ဖြစ်ပါတယ်။ နာခံမှုဆိုတာကို ပြည်သူက စတင်တာဖြစ်ပေမယ့်လို့ နောက်ပိုင်းမှာတော့ အုပ်ချုပ်သူတွေဘက်က အပိုင်စီးထားလေ့ ရှိတဲ့ အရာတစ်ခုလည်း ရှိပါတယ်။လူထုဟာ သူတို့ စကားနားထောင်မယ့်၊ သူတို့ လိုဘဖြည့်ပေးမယ့် သူတွေကို အုပ်ချုပ်သူအဖြစ် ရွေးချယ်လေ့ ရှိပါတယ်။ ရွေးကောက် ပွဲရှိတဲ့ နိုင်ငံတွေမှာ ရွေးကောက်ပွဲကတစ်ဆင့် ရွေးချယ်တင်မြှောက်လေ့ ရှိပါတယ်။ တင်မြှောက်ပြီးပြီဆိုရင် နိုင်ငံတော်ပိုင် အာဏာသုံး ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးယန္တရားတွေကို တင်မြှောက်ခံထားရသူတွေက ကိုင်တွယ်သုံးစွဲကြတဲ့အခါ နာခံမှု ပြောင်းပြန် ပြန်ဖြစ်သွားပါတယ်။ မူလ အာဏာပိုင်ဖြစ်တဲ့ ပြည်သူတွေဟာ အုပ်ချုပ်ခံအဖြစ် ပြန်ရောက်သွားပြီး ရွေးချယ်ခံထားရတဲ့ သူတွေဟာ အုပ်ချုပ်သူတွေအဖြစ် ရောက်ရှိသွားပါတယ်။ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ နိုင်ငံကို အာဏာသိမ်းကတည်းက လက်နက်နဲ့ အုပ်ချုပ်သူနေရာကို အတင်းအဓမ္မ ရယူခဲ့ပါတယ်။ နိုင်ငံပိုင်ယန္တရားတွေကို သိမ်းယူခဲ့ပါတယ်။ နိုင်ငံပိုင်ဘဏ္ဍာတွေကို သိမ်းယူခဲ့ပါတယ်။ ဒီ့နောက်မှာ သူတို့သာလျှင် အုပ် ချုပ်သူ ဖြစ်ကြောင်း (ဝါ) အစိုးရဖြစ်ကြောင်း တရားဝင်မှု ရဖို့အတွက် လူထုကို နာခံသူတွေ ဖြစ်အောင် အတင်းအဓမ္မ သွတ်သွင်းပါ တယ်။ လက်နက်နဲ့ ဖိနှိပ်ခြိမ်းခြောက်ပြီး သွတ်သွင်းသလို အမိန့်/ကြေငြာစာ၊ ဥပဒေတွေ ပြဋ္ဌာန်းပြီးလည်း သွတ်သွင်းလေ့ ရှိပါတယ်။ ဥပမာအားဖြင့် ညမထွက်ရ အမိန့်ထုတ်ပြန်တာ၊ ဆန္ဒမပြရ အမိန့်ထုတ်တာတွေဟာ လူထုကို နာခံမှု သွတ်သွင်းပြီး သူတို့သာလျှင် အုပ်ချုပ်သူဖြစ်ကြောင်း တရားဝင်လာအောင် လုပ်နေတာ ဖြစ်ပါတယ်။ ထို့နည်းတူ ပုဂ္ဂလိကဘဏ်တွေကို ဗဟိုဘဏ်က တစ်ဆင့် ထိန်းချုပ်ပြီး ပြည်သူတွေ အပ်ထားတဲ့ငွေ ထုတ်မရအောင် ကန့်သတ်ထားတာတွေဟာလည်း ဒါပါပဲ။ ဆိုင်ကယ်ကို အမျိုးသားနှစ်ယောက် မစီးရဘူးဆိုတဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်တာဟာလည်း သူတို့သာလျှင် အုပ်ချုပ်သူဖြစ်ကြောင်း သက်သေထူဖို့ ကြိုးစား တဲ့ လုပ်ရပ်ပါပဲ။
By Mizzima RadioMizzima 108FM ၏ ဒီဇင်ဘာလ ၄ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်