Sign up to save your podcasts
Or

Mizzima 108FM ၏ ဒီဇင်ဘာလ ၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM December 5
ဇီးသီးဗန်း မှောက်ထားတဲ့ စစ်တပ်(ဆောင်းပါး)
အစိုးရတစ်ရပ်မှာ ဘဏ္ဍာရေးနဲ့ ပတ်သက်လို့ ဝင်ငွေနဲ့ အသုံးစရိတ်ဆိုတာ ခွဲခြားထားပါတယ်။ အသုံးစရိတ်မှာမှ သာမန်အသုံးစရိတ် နဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ဆိုပြီး ထပ်မံခွဲခြားထားပါတယ်။ သာမန်အသုံးစရိတ်အောက်မှာ ဝန်ထမ်းလစာပေးတာ၊ ရုံးခန်းပြုပြင်စရိတ်၊ ဧည့်ခံစရိတ် စသဖြင့် ပါဝင်ပါတယ်။ ဒီသာမန်အသုံးစရိတ်ဟာ ရှိရင်းစွဲ ဝန်ထမ်းတွေအပေါ် အခြေခံတွက်ချက်ရတာ ဖြစ်လို့ ကြီးကြီးမားမား ကွာဟလေ့ မရှိပါဘူး။ တစ်နည်းပြောရရင် ဇီးသီးဗန်း မှောက်လို့ မရတဲ့ အသုံးစရိတ်လို့ ဆိုနိုင်ပါတယ်။ ငွေလုံးငွေရင်း အသုံးစရိတ်က အရေးကြီးပါတယ်။ ဒီအသုံးစရိတ်ဟာ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ရတဲ့ စီမံကိန်းတွေအတွက် ခွင့်ပြုပေးဖြစ်ပြီး ခွင့်ပြုငွေပမာဏလည်း ကြီးမားလေ့ရှိပါတယ်။ အထူးသဖြင့် အစိုးရအဖွဲ့အစည်းတွေအကြား လာဘ်ပေးလာဘ်ယူမှု၊ မသမာမှုလုပ်ပြီး ငွေရှာကြတာဟာ ဒီငွေလုံးငွေရင်း အသုံးစရိတ် ခေါင်းစဉ်အောက်မှာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေဟာ စီမံကိန်းခွင့်ပြုငွေတွေကို တိုက်ရိုက်လာဘ်စားလေ့ မရှိဘဲ ရင်းနှီးသူတွေကို စီမံကိန်းတွေ လုပ်ပိုင်ခွင့် ချထားပေးခြင်းအားဖြင့် တစ်ဖက်လှည့်နဲ့ ခြစားမှုတွေ ကျူးလွန်ကြခြင်း ဖြစ်ပါတယ်။ ဒီလို ခံစားမှုတွေဟာ မြန်မာနိုင်င်ငံမှ မဟုတ်ပါ ဘူး။ ဘယ်နိုင်ငံ၊ ဘယ်အစိုးရအဖွဲ့တွင်းမဆို ဖြစ်လေ့ ဖြစ်ထရှိပြီး သတိကြီးကြီးထား ကိုင်တွယ်ရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ မင်းအောင်လှိုင်အမိန့်နဲ့ ပြန်ဆွဲထားတဲ့ ခြောက်လတာ ဘတ်ဂျက်ကို ကြည့်ရင် ကာကွယ်ရေးအသုံးစရိတ်ဟာ ကျန်တဲ့ ဌာနတွေ အသုံး စရိတ်ထက် အများဆုံး ဖြစ်နေပါတယ်။ သာမန်အသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း ၉၁၇၀၄၃.၄၅၅ သန်းခွင့်ပြုထားပြီး ငွေလုံးငွေရင်း အသုံးစရိတ်ကိုတော့ ၈၂၀၂၂၉.၈၃၅ သန်းအထိ သုံးစွဲဖို့ ပြင်ထားပါတယ်။ ကာကွယ်ရေးဌာနအတွက် ခွင့်ပြုထားတဲ့ အသုံးစရိတ် စုစုပေါင်းဟာ ဝန်ကြီးဌာန စုစုပေါင်း အသုံးစရိတ်ဖြစ်တဲ့ ၅၄၆၄၁၈၆.၄၆၄ သန်းရဲ့ ၃၂ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒါ့အပြင် သာမန်ကော ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုထားမှု နှစ်ရပ်လုံးဟာ ကျန်တဲ့ ဝန်ကြီးဌာနတွေထက် အများကြီး ရယူထားတာ ဖြစ်ပါတယ်။
By Mizzima RadioMizzima 108FM ၏ ဒီဇင်ဘာလ ၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်