Sign up to save your podcasts
Or

Mizzima 108FM ၏ ဒီဇင်ဘာလ 7 ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM December 7
လိပ်ပြာလုံဖို့ လိုသလို လုံခြုံရေးလည်း အရေးကြီးတယ် (ဆောင်းပါး)
တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရန်ပုံငွေဟာ ပြည်သူတွေဆီကပဲ လာပါတယ်။ ငွေရှာနိုင်တဲ့ နိုင်ငံပိုင်ယန္တရားတွေကို စစ်အုပ်စုက ထိန်း ချုပ်ထားတဲ့အတွက် ရန်ပုံငွေကို ပြည်သူတွေရဲ့ ထည့်ဝင်မှုနည်းလမ်းပေါင်းစုံနဲ့ ရှာဖွေေရပါတယ်။ တော်လှန်ရေးတစ်ရပ် ဆင်နွှဲပြီဆိုရင် လိုအပ်တဲ့ရန်ပုံငွေကို လူထုထည့်ဝင်မှုကနေ ရယူရတဲ့အတွက် ပွင့်လင်းမြင်သာမှု ဆိုတဲ့ ပြဿနာက အရေးကြီးလာပါတယ်။ လူဆိုတဲ့ သဘောသဘာဝအရ တော်လှန်ရေးကို ယုံကြည်လို့ ထည့်ဝင်လိုက်ပေမယ့် ဘယ် နေရာမှာ သုံးလိုက်တယ်ဆိုတာကို သိချင်ကြလေ့ ရှိပါတယ်။ နေရေးလား၊ စားရေးလား၊ လက်နက်အတွက်လား၊ တိုက်ခိုက်ရေးအတွက်လား...စသဖြင့်လားပေါင်းများစွာနဲ့ သိချင်ကြလေ့ ရှိပါတယ်။ သို့သော် တော်လှန်ရေးရန်ပုံငွေ သုံးစွဲမှုဟာ ပွင့်လင်းမြင်သာရမယ်ဆိုတဲ့ အချက်ဟာ အရေးကြီးသလို တော်လှန်ရေးမှာ လုံခြုံရေးကလည်း အရေးကြီးပါတယ်။ ရန်ပုံငွေကို တာဝန်ခံကိုင်တွယ်သုံးစွဲသူတွေအကြား မတော်မတည့်တဲ့ အသုံးပြုမှုတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင် တော်လှန်ရေးအပေါ် ယုံကြည်ချက် ကျဆင်းနိုင်တာကြောင့် တော်လှန်ရေးအင်အားစုတွေဟာ ပွင့်လင်း မြင်သာမှုနဲ့ ပတ်သက်ရင် သတိထား ကိုင်တွယ်ရလေ့ ရှိပါတယ်။ထည့်ဝင်တဲ့ ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသုံးပါတယ်ဆိုတာကို တော်လှန်ရေးအင် အားစုတွေဘက် သက်သေထူဖို့ နည်းပေါင်းစုံနဲ့ လုပ်ကြသလို မှတ်တမ်းမှတ်ရာတွေကိုလည်း တတ်နိုင်သလောက် ထားရှိခဲ့ကြပါတယ်။ ဒီလို ထားရှိမှုကတစ်ဆင့် တော်လှန်ရေးထဲ ပါဝင်နေသူ တစ်ဦး ဖမ်းဆီးခံရတဲ့အခါ ကွင်းဆက်လိုက် ဖမ်းဆီးမှုတွေ ဆက်တိုက် ဖြစ်လာစေပါတော့တယ်။
By Mizzima RadioMizzima 108FM ၏ ဒီဇင်ဘာလ 7 ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်