Sign up to save your podcasts
Or

Mizzima 108FM ၏ ဒီဇင်ဘာလ ၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM December 9
အရှုံးကို ကာပြန်ဖို့ လက်နက်မဲ့သူတွေကို မဲသတ်ပြနေတဲ့ စစ်တပ် (ဆောင်းပါး)
တပ်တွင်းက သူတွေဟာ ကာကွယ်ရေးကိစ္စကိုသာ နားလည်ကြသူတွေ ဖြစ်ပါတယ်။ လူထုသပိတ်တိုက်ပွဲမှာ အနိုင်ရခြင်းထက် လက်နက်ကိုင်တိုက်ပွဲတွေ အနိုင်ရခြင်းကို ပိုပြီးတော့ စိတ်ဝင်စားသူတွေ ဖြစ်ပါတယ်။ ဘယ်တိုက်ပွဲတော့ နိုင်လိုက်ပြီ၊ ဘယ်တောင် ကုန်းတော့ သိမ်းလိုက်ပြီဆိုတဲ့ သတင်းမျိုးပဲ သိချင်၊ ကြားချင်နေကြတဲ့သူတွေ ဖြစ်ပါတယ်။သို့သော် ဒီကနေ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ ရက်သားသာ ရှိသေးတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ တန်ပြန်ခုခံ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သလို တပ်တွင်းသွေးပျက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျမှုတွေ ကြုံနေရပါတယ်။ ကတုတ်ကျင်းထဲက မထွက်ရဲသူနဲ့ လမ်းပေါ် တစ်ကိုယ်တည်း မထွက်ရဲတဲ့ စစ်သားနဲ့ ရဲတွေ တပုံကြီး ဖြစ်လာပါတယ်။ စခန်းထဲက၊ ကတုတ်ကျင်းထဲက ထွက်လာတာနဲ့ စစ်မြေပြင်ရောက်သလို ခံစားနေရတဲ့ စစ်သားတွေ၊ ရဲသားတွေ အများကြီးပါ။
လူထု လက်နက်ကိုင်ခုခံတော်လှန်စစ်ကြောင့် တပ်တွင်း စိတ်ပိုင်းဆိုင်ရာ ကျဆင်းလာမှု၊ စည်းရုံးရေးကျဆင်းမှုတွေကို စစ်အုပ်စုဟာ လက်နက်မဲ့ ပြည်သူတွေကို များများသတ်ပြပြီး အောင်ပွဲရနိုင်ကြောင်း ပြဖို့ အပူတပြင်းနဲ့ကို လုပ်ဆောင်လာရပါတယ်။ PDF ရှိတယ်ဆိုပြီး ရွာတွေ မီးရှို့၊ လက်နက်မကိုင်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ကားနဲ့ တိုက်၊ သေနတ်နဲ့ ပစ်၊ ဖမ်းမိလို့ စစ်ကြောရေးရောက် ရင် လူမဆန်အောင် နှိပ်စက်ပြနဲ့ တော်လှန်ရေးမှာ သူတို့ နိုင်နေကြောင်းပြဖို့ ဆက်တိုက် ယုတ်မာရိုင်းစိုင်းပြနေပါတယ်။
By Mizzima RadioMizzima 108FM ၏ ဒီဇင်ဘာလ ၉ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်