Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ ဒီဇင်ဘာလ ၁၃ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM December 13

  


စစ်အုပ်စုထက် ရွံ့ရှာဖွယ်ကောင်းတဲ့ အရပ်သားအမည်ခံများ (ဆောင်းပါး)


မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စကစကောင်စီဟာ လူထုထောက်ခံမှု မရဘဲ နိုင်ငံရေးအာဏာ လက်မဲ့ဖြစ်နေတဲ့ အရပ်သားနိုင်ငံရေး သမားတွေ၊ NLD အစိုးရလက်ထက် အကြီးတန်းအုပ်ချုပ်ရေးရာထူး ယူထားခဲ့ဖူးတဲ့သူတွေကိုလည်း ပြည်ထောင်စုဝန်ကြီးရာထူးပေးပြီး သူ့လူ ကိုယ့်ဘက်သား ထပ်လုပ်ခဲ့ပါတယ်။ ခေတ်ကောင်းစဉ်က ဒီမိုကရေစီလို့ ကြွေးကြော်ခဲ့ကြပေမယ့် လက်တွေ့မှာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုပဲ မက်ကြတဲ့ နိုင်ငံရေးသမားတွေကို ရာထူးနဲ့ စည်းရုံးခဲ့ပါတယ်။ တချိန်က တိုင်းရင်းသားရေးလို့ တွင်တွင်အသံကောင်း ဟစ်ခဲ့သူတွေကို စည်းစိမ်၊ လုပ်ပိုင်ခွင့်တွေနဲ့ စစ်ကျွန်ဇာတ်သွင်းခဲ့ပါတယ်။ နဂိုကတည်းက ကျွန်ဇာတ်သွင်းခံရတာ၊ နဖားကြိုးထိုးခံရ တာကို ကြိုက်သူတွေဟာ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စကစကောင်စီထဲကို အရပ်သားတံဆိပ်ကပ်ခံပြီး ဝင်ခဲ့ကြပါတယ်။ဗိုလ်ချုပ်အောင်ဆန်း အလွန် မြန်မာ့နိုင်ငံရေးမှာ ဗိုလ်နေဝင်းကစလို့ ဒီကနေ့ မင်းအောင်လှိုင်အထိ စစ်တပ်ဟာ အာဏာနဲ့ ပတ်သက်လို့ လူထုအပေါ် အနိုင့်အထက် ပြုကျင့်မှုရမယ်ဆိုရင် ဘယ်တုန်းကမှ လက်မနှေးခဲ့ပါဘူး။ ဖမ်းရမလား ဖမ်းမယ်၊ သတ်ရမလား သတ်မယ်။ အာဏာသာလျှင် အဓိကမူကို ကျင့်သုံးခဲ့ပါတယ်။ ထို့နည်းတူ စစ်တပ်နဲ့ ကျောချင်းကပ်ပြီး လူထုကို ဖိနှိပ်ခဲ့တဲ့ အရပ်သားနိုင်ငံရေးသမားတွေလည်း ခေတ်အဆက်ဆက် ရှိခဲ့ပါတယ်။ သို့သော် အဲဒီခေတ်အဆက်ဆက်က အရပ်သားနာမည်ခံပြီး စစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ နိုင်ငံရေးသမားတွေတောင် လူထုကို လေးစားသမှု ရှိခဲ့ဖူးပါတယ်။ လူထုအပေါ် စစ်တပ်က အနိုင့်အထက် ပြုကျင့်နေရင်တောင် ခြေလွန်လက်လွန်၊ ဘရိတ်မလွန်ဖို့ တားမြစ်ကြလေ့ ရှိပါတယ်။

သို့သော် ဒီကနေ့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် လက်သပ်မွေးထားတဲ့ အရပ်သားအရေခြုံ နိုင်ငံရေးသမားတွေဟာ မူလအာဏာရှင် လူထုကို လေးစားရမှာထက် စစ်တပ်အမိန့် နာခံရေးကိုသာ တွင်တွင်လုပ်နေကြပါတယ်။ ဒီဇင်ဘာလဆန်းပိုင်းမှာ ဖြစ်ခဲ့တဲ့၊ နိုင်ငံတကာကတောင် သြချမင်သပ်ရတဲ့ စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့ကြပါတယ်။ ရန်ကုန်၊ ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်းက ဆန္ဒပြ လူငယ်တွေကို ကားနဲ့တိုက်၊ သေနတ်နဲ့ ပစ်သတ်မှု၊ ဆားလင်းကြီး ဒုန်းတောရွာအနီး ကိုင်းတောမှာ ဒေသခံပြည်သူ အမြောက်အမြားကို လက်ပြန်ကြိုးတုပ်၊ မီးရှို့သတ်ဖြတ်ခဲ့မှု တွေကို ကမ္ဘာ့နိုင်ငံအသီးသီးက စုတ်သပ်နေချိန် ဒီစကစကောင်စီထဲက အရပ်သားအရေခြုံ နိုင်ငံရေးသမားတွေက နှုတ်ပိတ်နေခဲ့ကြပါတယ်။




အစီအစဉ်များကို Internet Podcast များတွင်လည်း နားဆင်နိုင်ပါသည်။ 


Google Podcast 


https://tinyurl.com/chdm5d3e   


Anchor Podcast   


https://anchor.fm/mizzima108fm  


Radio Public   


https://radiopublic.com/mizzima-108fm-693aa1   


Spotify   


https://open.spotify.com/show/0JqldUlReGJnU3G6gNwugY   


Apple Podcast    


https://podcasts.apple.com/.../mizzima-108fm/id1581394789 

...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio