Sign up to save your podcasts
Or

Mizzima 108FM ၏ ဒီဇင်ဘာလ ၁၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM December 15
အင်ဒိုနီးရှားနှင့်အာဆီယံသည် ရေတပ်စစ်ရေးလေ့ကျင့်မှုမှတဆင့် မြန်မာစစ်တပ်နှင့် နက်နက်ရှိုင်းရှိုင်း ကြံရာပါဖြစ်နေ (ဆောင်းပါး)
အင်ဒိုနီးရှားနိုင်ငံသည် ပထမဆုံးအကြိမ် အာဆီယံ-ရုရှား ရေတပ်စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့သည့် ရက်သတ္တပတ်က လက်ခံကျင်းပခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီသည် အဆိုပါ စစ်ရေးလေ့ကျင့်မှုသို့ ရေတပ်ဗိုလ်မှူးချုပ်ဇော်ဇော်လတ် ကွပ်ကဲသည့် ကျန်စစ်သားစစ်ရေယာဉ်ကို စေလွှတ်ပြီး ပါဝင်ခဲ့သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအား အပြစ်ပေးခံရခြင်း အလျင်းမရှိပဲ ဆက်လက် ကျူးလွန်လျက်ရှိနေသည့် မြန်မာစစ်တပ်၏ စွမ်းရည်များကို မြှင့်တင်ပေးခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံတကာအသိအမှတ်ပြုမှု လိုအပ်နေသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် တရားမဝင် လူသတ်စစ်ကောင်စီကို တရားဝင်မှုပေးအပ်ခြင်း ဖြစ်သည်။လူအစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့် ယခုလိုအခြေအနေတွင် အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံတို့အနေဖြင့် မြန်မာ့ရေတပ်အား တိုက်ရိုက်ပံ့ပိုးရန် သင့်လျော်ကြောင်း ရှုမြင်ခြင်းသည် စိတ်ပျက်ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။
By Mizzima RadioMizzima 108FM ၏ ဒီဇင်ဘာလ ၁၅ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်