Sign up to save your podcasts
Or

Mizzima 108FM ၏ ဒီဇင်ဘာလ ၁၇ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM December 17
စစ်ဘေးရှောင်များကို အထောက်အပံ့ပေးနိုင်ဖို့ စစ်ကောင်စီကို ဖိအားပေးသင့်ပြီ အပိုင်း (၁)(ဆောင်းပါး)
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် မိမိနေရပ်ကို စွန့်ခွာထွက်ပြေးနေကြရတဲ့ ပြည်သူတွေဟာ စစ် ကောင်စီရဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် အသက်ကယ် ကူညီမှုတွေကိုပါ ဆုံးရှုံးနေကြရပါတယ်။ ဒါဟာ လူသားချင်း စာနာထောက်ထားမှု အခြေအနေမျိုးတင်မဟုတ်ဘဲ အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့ အနေအထားဖြစ်တယ်လို့ လူ့အခွင့် အရေး စောင့်ကြည့်အဖွဲ့(HRW)ရဲ့ ဒီဇင်ဘာ ၁၃ ရက် ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။မြန်မာ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ရေ၊ မိလ္လာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အထောက်အပံ့တွေ မရရှိကြတော့ပါဘူး။ အကျိုးဆက်အနေနဲ့ ဝမ်းရောဂါနဲ့ တခြား ကျန်းမာရေး ပြဿနာတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရပါတယ်။
မကွေးတိုင်းက ဒုက္ခသည် စခန်းတွေမှာ သောက်သုံးရေ၊ မိလ္လာစနစ်တွေ မရှိတာကြောင့် ကလေးတွေမှာ အရေပြား ရောဂါတွေ ခံစားနေကြရတယ်လို့ ထောက်ပံ့ရေးအဖွဲ့တွေက ဆိုပါတယ်။ ရေသိုလှောင်ထားဖို့ စည်တွေမရှိတာကြောင့် ပလတ်စတစ် အိတ်တွေနဲ့ ရေတွေကို သိုလှောင်ထားကြရပါတယ်။ အစာအာဟာရ မလုံလောက်တာကြောင့် သေဆုံးနေရတဲ့ ကလေးတွေ လည်း ရှိနေပါတယ်။
By Mizzima RadioMizzima 108FM ၏ ဒီဇင်ဘာလ ၁၇ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်