Sign up to save your podcasts
Or

Mizzima 108FM ၏ ဒီဇင်ဘာလ ၁၈ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM December 18
စစ်ဘေးရှောင်များကို အထောက်အပံ့ပေးနိုင်ဖို့ စစ်ကောင်စီကို ဖိအားပေးသင့်ပြီ အပိုင်း (၂)(ဆောင်းပါး)
လက်ရှိမြန်မာနိုင်ငံမှာ စစ်ကောင်စီက စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေကိုပါ ပံ့ပိုးမှုမပေးနိုင်အောင် ပိတ်ပင်တားဆီးနေတာ ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာတင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ မပေး နိုင်အောင် ပိတ်ပင်တားဆီးမှု အသစ်တွေ လုပ်ခဲ့တယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထောက်ပံ့ ရေး ယာဉ်တန်းတွေကို လမ်းအသုံးပြုခွင့်မပေးတာ၊ သွားလာခွင့် ပိတ်ပင်တာ၊ အထောက်အပံ့ ပစ္စည်းတွေကို ဖျက်ဆီးတာ၊ သိမ်းပိုက်တာ၊ ထောက်ပံ့ရေးဝန်ထမ်းတွေကို တိုက်ခိုက်တာ၊ ဆက်သွယ်ရေးစနစ်တွေကို ဖြတ်တောက်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။နိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်ပြည်သူ ၂၈၄၀၀၀ ကျော် ရှိလာပြီလို့ဆိုပါတယ်။ အာဏာမသိမ်းခင် ကုလစာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်ဘေးရှောင် ၃၇၀၀၀၀ ကျော် ရှိခဲ့တာပါ။ ဒါ ကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ စစ်ဘေးကြောင့် အသက်ရှင်နေထိုင်ရေးအတွက် အထောက်အပံ့လိုအပ်သူ ခြောက်သိန်း ကျော် ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဒီလို အထောက်အပံ့လိုအပ်နေသူတွေအတွက် ပြည့်စုံတဲ့၊ ဘေးကင်းတဲ့၊ အဟန့်အတားမရှိတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အထောက်အကူ ပေးနေသူတွေ၊ ကျန်းမာရေး စောင့်ရှောက်သူတွေကို အကာအကွယ်၊ ဘေးကင်းစေမှုနဲ့ လုံခြုံရေး အပြည့်အဝပေးဖို့ နိုဝင်ဘာ ၁၀ ရက် ကုလ လုံခြုံရေး ကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့လည်း အကောင်အထည် ဖော်နိုင်တာမျိုး မတွေ့ရသေးပါဘူး။
By Mizzima RadioMizzima 108FM ၏ ဒီဇင်ဘာလ ၁၈ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်