Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ ဒီဇင်ဘာလ ၁၈ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM December 18

  

ပြည်သူ့ညီလာခံသည် လူထုလိုလားချက်ကိုသာ ဖော်ဆောင်ရမည် (ဆောင်းပါး)


၂၀၂၁ ခုနှစ် ဒီဇင်ဘာထဲမှာ ပြည်သူ့ညီလာခံ လုပ်ဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC က သူတို့ရဲ့ သတင်းစာ ရှင်း လင်းပွဲမှာ တရားဝင်ထုတ်ပြောထားပါတယ်။ ဒီညီလာခံမှာပဲ အသစ်ပြန်လည်ရေးဆွဲထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အသစ်ကို ချပြသွားမယ်လို့ ဆိုခဲ့ပါတယ်။ဒီညီလာခံကို NUCC က ဦးဆောင်မှာ ဖြစ်ပါတယ်။ NUCC မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ - CRPH နဲ့ ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကော်မတီတွေနဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင် EAO တွေ၊ ကြားကာလ ပြည်နယ်အတိုင်ပင်ခံကောင်စီတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးဟာ ၁၁ လတာ ကာလကို ရောက်လာပါပြီ။ လူထုဟာ အခုအချိန်အထိ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဟာ နိုင်ငံ့အပြောင်းအလဲအတွက် အရေးကြီးဆုံးဖြစ်တယ်ဆိုတာကို နိုင်ငံရေးအသိအရ ရှင်းရှင်းလင်းလင်း မြင်ထားတုန်း ဖြစ်ပါတယ်။ ဒီကနေ သွေဖယ်မသွားသေးပါဘူး။ ဒါကို အာဏာနိုင်ငံရေးနယ်ပယ်မှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတိုင်း မျက်ခြည် မပြတ်ကြဖို့ လိုပါတယ်။ ဒါကြောင့် ကျင်းပတော့မယ့် ပြည်သူ့ညီလာခံ၊ ပြန်ပြင်ရေးဆွဲထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်တွေဟာ လူထုသဘောဆန္ဒကို အကောင်အထည် ဖော်ပေးနိုင်မယ့်၊ လူထုလိုလားချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ပေးနိုင်မယ့် အရာတွေ ဖြစ်ဖို့လိုကြောင်း တိုက်တွန်းလိုက်ပါတယ်။


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio