Sign up to save your podcasts
Or

Mizzima 108FM ၏ ဒီဇင်ဘာလ ၂၁ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်
Politics on Mizzima 108FM December 21
အေးဓားပြလည်း အဓမ္မလူကြမ်းကြောင့် ဘေးရောက်ပြီ (ဆောင်းပါး)
ဝန်ဆောင်မှုနဲ့ မှုခင်းမဖြစ်ပွားရေးကို အဓိက လုပ်ဆောင်ရတဲ့ ရဲတပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှာတော့ စစ်အုပ်စု ပြုသမျှ နုရတဲ့ ဘဝကို ချက်ချင်းလက်ငင်း ရောက်သွားပါတော့တယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုကြီး လမ်းပေါ်တက်လာခဲ့ပါတယ်။ ဒီအချိန်မှာ မင်းအောင်လှိုင်ဟာ သူ့ရဲ့ ခါးပိုက်ဆောင်စစ်တပ်ကို နောက်ခြံအရံအဖြစ် ထားပြီး လူထုနဲ့ လူထုကြားထဲ နေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိပ်တိုက်တွေ့စေခဲ့ပါတယ်။ ခိုင်းရင် လုပ်၊ ပြန်မပြောနဲ့ ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ လူမဆန်တဲ့ အမိန့်အောက်မှာ ဆန္ဒပြလူထုကြီးကို မျက်ရည်ဝဲဝဲနဲ့ ကြည့်နေခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများကြီး ရှိခဲ့ပါတယ်။ လူထုကို အကြမ်းဖက်ဖြိုခွင်းဖို့ အမိန့်ပေး ခဲ့တာကြောင့် အမိန့်ကို ကြောက်သူတွေတော့ လူထုကို မျက်နှာမမူဘဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ သို့သော် လူထုဟာ တိုင်းပြည်ကို မငြိမ်သက်အောင် လုပ်နေတာ မဟုတ်ဘူး၊ မတရားမှုကို ဆန့်ကျင်နေတာကို သိနားလည်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ အများကြီး လူထုဘက်ကို ပြောင်းကုန်ပါတော့တယ်။စစ်အုပ်စု မင်းအောင်လှိုင်ဟာ ဒီလို အကြမ်းဖက်ဖြိုခွဲမှုတွေ ဆက်တိုက်လုပ်ခိုင်းချိန်မှာ သူ့ခါးပိုက်ဆောင် စစ်တပ်ကိုတော့ ငြိမ်ထားခိုင်းပြီး ရဲတပ်ဖွဲ့ဝင်တွေကိုချည်း သုံးခဲ့ပါတယ်။ ဒီလို လုပ်တာဟာ အကြမ်းဖက်ဖြိုခွဲမှုကို ရဲတပ်ဖွဲ့က ဦးဆောင်နေတာ ဖြစ်ပြီး စစ်တပ်ဟာ လုံခြုံရေးပဲ ယူထားပါတယ်ဆိုတဲ့ ပုံစံဖြစ်အောင် လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ လူထုနဲ့ လူထုကြား နေရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမုန်း တရားပိုကြီးအောင် လုပ်ခဲ့ပါတယ်။
By Mizzima RadioMizzima 108FM ၏ ဒီဇင်ဘာလ ၂၁ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ်