Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ ဒီဇင်ဘာလ ၂၇ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM December 27

  


ဖွံ့ဖြိုးရေးနဲ့ ထပ်ထိုးခွဲဖို့ အခုကတည်းက စစ်ပြင်နေတဲ့ စစ်အုပ်စု


စစ်အုပ်စုဟာ သူ့ကို ဆန့်ကျင်နေတဲ့ နိုင်ငံရေးအင်အားစုတွေအပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို စစ်ပွဲတွေထဲ အတင်းကို ဆွဲထည့်နေပြီ ဖြစ်ပါတယ်။ ဒီလို ဆွဲထည့်တာဟာ စစ်ဖြစ်ရင်တော့ ငါတို့ နိုင်မှာပဲ ဆိုတဲ့ လူထုကို မျက်နှာမမူတတ်တဲ့ စစ်တပ်ရဲ့ သဘောသဘာဝကြောင့် ဖြစ်သလို တစ်ဖက်မှာလည်း စစ်ဖြစ်လို့ နိုင်ငံနာလည်း ငါတို့ နိုင်ပြီးချိန် နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝင်ခွင့်ပေးပြီး အရင့်အရင်က လုပ်ခဲ့တဲ့ ဖွံ့ဖြိုးရေးဆိုတဲ့ လက်နက်နဲ့ တော်လှန်ရေးအင်အားစုတွေကို ထိုးခွဲမယ်ဆိုတဲ့ အတွေးကြောင့်သာ ဖြစ်ပါတယ်။ဒီ့အတွက်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြခဲ့သလို လက်နက်ကိုင်ခုခံမှုရှိတဲ့ ဒေသတွေမှာလည်း အယုတ်ကန်းဆုံး တိုက်ပွဲဆင်နေတာ ဖြစ်ပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ KNU တပ်မဟာ (၆) နယ်မြေထဲက လေးကေ့ကော်မြို့ သစ်ကို မိုက်မိုက်ကန်းကန်း ဝင်ရောက်စီးနင်း ပစ်ခတ်တာဟာလည်း ဒီစဉ်းစားတွေးခေါ်ချက်ကြောင့်သာ ဖြစ်ပါတယ်။ တစ်နည်းပြော ရရင် တိုင်းရင်းသားဒေသတွေအပါအဝင် ပြည်တွင်းက တော်လှန်စစ်ဖြစ်ပွားတဲ့ ဒေသတွေက ပြည်သူတွေနဲ့ လူထုကို ဖွံ့ဖြိုးရေးဆိုတာ ကြီး ကိုင်ပြီး သွေးခွဲဖို့ ယုတ်ယုတ်ကန်းကန်း စစ်ပြင်လာနေတာ ဖြစ်ပါတယ်။


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio