Mizzima 108FM

Mizzma 108FM Politics


Listen Later

Mizzima 108FM ၏ ဒီဇင်ဘာလ ၃၀ ရက် နားဆင်ခံစားဆောင်းပါးများအစီအစဉ် 


Politics on Mizzima 108FM December 30

  


ဘာသာရေးမှိုင်းဟာ စစ်အုပ်စုရဲ့ လက်နက်ဖြစ်လာပြီဆိုရင်...(ဆောင်းပါး)


နိုင်ငံရေးမှာ ဘာသာရေးကို လက်နက်သဖွယ် အသုံးပြုမှုကို ဗိုလ်နေဝင်းနဲ့ ဗိုလ်စောမောင်အလွန်ခေတ်မှာ စစ်တပ်က ပိုပြီးတော့ သုံးစွဲလာခဲ့ပါတယ်။ ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေ ဖန်တီးခဲ့ပါတယ်။ နိုင်ငံတွင်းက တခြားသော ဘာသာတွေထက် ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ဘာသာဖြစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ခွဲခြားဆက်ဆံမှုတွေကို တွင်တွင်ကျယ်ကျယ်လုပ်ခဲ့ပါတယ်။ ဒီကနေ့ အထိလည်း လုပ်နေဆဲ ဖြစ်ပါတယ်။ဒါ့အပြင် နည်းပေါင်းစုံနဲ့ မတူညီတဲ့ ဘာသာတွေအကြား မညီမျှမှုတွေကို ဖန်တီးခဲ့သလို တူညီတဲ့ ဘာသာတစ်ခုချင်းကြားမှာလည်း အုပ်စုဖွဲ့တွေ ရှိအောင်အတွက် စစ်အုပ်စုဟာ လုပ်ခဲ့ပါတယ်။ ဘာသာမတူရင် ကွဲပြားမှု ပိုကြီးအောင် လုပ်မယ်၊ ဘာသာတူနေရင် အုပ်စုဖွဲ့ သင်းခွဲစေမယ်ဆိုတဲ့ နည်းနာကို ကျင့်သုံးခဲ့တာဟာ ဒီကနေ့ နိုင်ငံကို အာဏာသိမ်းထားတဲ့ ဗိုလ်မင်းအောင် လှိုင်လက်ထက်အထိ ဖြစ်ပါတယ်။ ဘာသာရေးအပေါ် အခြေခံတဲ့ ဆက်ဆံမှုမျိုးထက် အခွင့်အရေးကို အခြေခံတဲ့ ဆက်ဆံမှုမျိုး ဖြစ်အောင် မတူညီတဲ့ ဘာသာချင်းကြားထဲမှာကော၊ တူညီတဲ့ ဘာသာချင်းကြားထဲမှာ သပ်လျှိုသွေးခွဲမှုတွေ လုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ နိုင်ငံကို အာဏာသိမ်းခဲ့ပါတယ်။အာဏာသိမ်းပြီး နောက်မှာ ဘာသာတရားတိုင်းက အလေးအမြတ်ထားတဲ့ ဝတ်ပြုရာနေရာတွေကို စစ်ဖိနပ်နဲ့ နင်းပြီး တက်ခဲ့ကြသလို လက်နက်ကြီးနဲ့ ပစ်ပြီး ဖြိုခွဲဖျက်ဆီးခဲ့ပါတယ်။ ထို့နည်းတူ မတူညီတဲ့ ဘာသာတရားကို ကိုးကွယ်နေကြတဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာဟာ အခုဆိုရင် ၁၃၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။သို့သော် ဒီလိုမျိုး ယုတ်မာရိုင်းစိုင်းမှုကို စိတ်ဖြေဖို့အတွက် စစ်အုပ်စုခေါင်းဆောင်ဟာ ဘုရားတွေ တည်ပြ၊ ဘုရားကျောင်းတွေ လည်ပြ၊ ဘာသာရေးပွဲတွေ တက်ပြနဲ့ သူသာလျှင် ဘာသာတရားအားလုံးကို လေးစားသူကြီးအဖြစ် ဟန်ဆောင် လူသတ် စိတ်ဖြေပြနေပါတယ်။


...more
View all episodesView all episodes
Download on the App Store

Mizzima 108FMBy Mizzima Radio