ဆရာမင်းလူရဲ့ "သဘာ၀ကျကျ ဟာရရသ" ဆိုတဲ့စာအုပ်လေးထဲက "မောင်၀သီအိုရီ" ဆိုတဲ့ ဝတ္ထုရှည်ကို အပိုင်းနှစ်ပိုင်းခွဲပြီးအသံထွက်ဖတ်ပြနေတာ ဒီနေ့ ဒုတိယပိုင်းလေးပါ။ မှန်းထားတာထက်တော်တော်လေးပိုရှည်နေလို့ တင်တာလည်းနည်းနည်းနောက်ကျသွားပါတယ်၊ နားလည်ပေးကြပါဦးမိတ်ဆွေတို့ရေ💓 ဇာတ်လမ်းထဲမှာပါတဲ့ သီချင်းလေးတွေကိုလည်းအတတ်နိုင်ဆုံးကြိုးစားပြီး ဆိုပြပေးချင်ခဲ့တာပါ၊ အပါးကိုဘယ်လိုဆိုရလဲမေးကြည့်တော့ သူလည်းမသိဘူးတဲ့၊ သူ့အဖေတို့လက်ထက်ကသီချင်းတွေဖြစ်မယ်ထင်ပါတယ်တဲ့ 😅 ဒါကြောင့် စာသားတွေကိုဖတ်ဘဲဖတ်လိုက်ရပါတယ် မိတ်ဆွေတို့ရေ ( သီချင်းကနေ ကဗျာ ပြောင်းသွားပါတယ် 😁 ) ... စာဖတ်ပြတဲ့ထဲမှာမှားယွင်းမှုတွေပါခဲ့မယ်ဆိုရင်လည်း ကျွန်မတာ၀န်ဘဲဖြစ်ပါတယ်ရှင်။