Monland Myanmar Podcast အစီစဉ်
-----------------------------------------------
၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့
Monland Myanmar Podcast မြန်မာဘာသာအစီစဉ်ကနေ နားသောတဆင်ရမယ့် အကြောင်းအရာတွေကတော့
- ပြည်ပမှာ သွားရောက်လုပ်ကိုင်သူ များပြားလာတာကြောင့် မွန်ပြည်နယ်အတွင်းက အသေးစား လုပ်ငန်းအများစုအလုပ်သမားရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်း၊
- မုဒုံမြို့ မြို့ (၁) မော်သံလမ်းက နေအိမ်မှာ တနေ့က ဆေးကြောင်နေတဲ့ အမျိုးသားတစ်ဦးက ဓားနဲ့ခုတ်လို့ ၄ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိသွားတယ်ဆိုတဲ့ သတင်း၊
- တနင်္သာရီတိုင်း ထားဝယ်မြို့က ထားဝယ်အကျဥ်းထောင်မှာ ထောင်ဝင်စာ ပစ္စည်းတွေကို ဒီနေ့ကစပြီး သတ်မှတ်စည်းကမ်းနဲ့အညီ ပြန်ပို့ခွင့်ရတယ်ဆိုတဲ့ သတင်း၊
- နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းသွားမယ်လို့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST က ကြေညာချက်ထုတ်ပြန် ဆိုတဲ့သတင်းပေးပို့ချက် အပါအဝင်
အခြားစိတ်ဝင်စားဖွယ်သတင်းတွေ နဲ့အတူတနေ့တာကုန်စျေးနှုန်းအချက်အလက်များကိုလည်း နားသောတဆင်ကြရမှာ ဖြစ်ပါတယ်။