
Sign up to save your podcasts
Or


ခြေထောက် ကြွက်တက်ခြင်း ဆိုတာ ဘာလဲ?
ခြေထောက်ကြွက်တက်ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ရက်သတ္တပတ် ၁၂ ပတ်တာ ကာလမှာ အဖြစ်များတဲ့ ပြဿနာ ဖြစ်ပါတယ်။ ကြွက်တက်တယ်ဆိုတာ ကြွက်သားအစုအဝေးတွေမှာ သူ့အလိုလို ကျုံ့အား၊ ညှစ်အားများပြီး တောင့်တင်းနေတာကို ခေါ်ပါတယ်။ ဒီလို လှုပ်ရှားမှုတွေရဲ့ ပြင်းအားပေါ်မူတည်ပြီး ခံစားရတဲ့ နာကျင်မှုကတော့ ကွာခြားနိုင်ပါတယ်။ တစ်ခါ ဖြစ်ရင် စက္ကန့် အနည်းငယ် မှ မိနစ်ပိုင်း အထိ ကြာနိုင်ပါတယ်။ 1
အဖြစ်များတဲ့ ကြွက်သားအစုအဝေးတွေကတော့ ခြေသလုံးကြွက်သားတွေပါ။ တခါတရံ ခြေဖဝါး၊ ပေါင်ရင်း၊ ပေါင် နှင့် အခြား ကြွက်သား တွေမှာလည်း ဖြစ်နိုင်ပါတယ်။
ကြွက်တက်ခြင်းဟာ ညဘက်မှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် မိခင်လောင်းဟာ အိပ်ပျော်ရန် အခက်အခဲ ဖြစ်ရပါတယ်။
ကိုယ်ဝန်ဆောင်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများဟာ အမျိုးမျိုးသော အကြောင်းအချက်များ ပေါ်မှာ မူတည်ပါတယ်။ ကိုယ်ဝန်ဆောင်အချိန်မှာ စိတ်ကျရောဂါ (Pregnancy blues) သည် အဖြစ် များပါတယ်။ ကိုယ်ဝန်ရှိစဉ်မှာ ခံစားရတဲ့ မိမိရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပါ။ သင်ခံစားရတဲ့ စိတ်ဖိစီးမှုများဟာ သင့်အား သာမက ကြီးထွားဖွံ့ဖြိုးနေတဲ့ ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အကူအညီလိုပါက ရယူပါ။ ဒီကာလမှာ သင်တစ်ယောက်ထဲ ခံစားနေရမှာ မဟုတ်ဘူးဆိုတာ သတိရပါနော်။
သိရှိရန်များ
· ကြွက်တက်ခြင်းဆိုတာ ဘာလဲ?
· ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံး ကြွက်တက်ခြင်း အဖြစ်များသလား?
· ဘာကြောင့်ဖြစ်ရသလဲ?
· ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ Restless leg syndrome ခေါ် ခြေထောက်တွေ အငြိမ်မနေနိုင်အောင် ဖြစ်တဲ့ ရောဂါ ဆိုတာ ဘာလဲ?
· ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တက်ရင် လုပ်ဆောင်ရမယ့် အချက်များ က ဘာတွေလဲ?
သင့်ကလေးကို ကာကွယ်ဆေး မပြတ်အောင် ထိုးကြပါစို့။
ကာကွယ်ဆေးထိုးခြင်းဟာ သတ်မှတ်ထားတဲ့ ကူးစက်တတ်သော ရောဂါပိုးများနှင့် ရောဂါများကို ကာကွယ် ပေးပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် သင့်ကလေးရဲ့ ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။ ယနေ့ခေတ် အခါမှာ ပိုလီယို နှင့် ဆုံဆို့နာကဲ့သို့ ရောဂါအချို့ဟာ ဖြစ်နှုန်း မရှိတော့ပေမယ့် သင့်ကလေးငယ်ကို ကာကွယ်ဆေး သေချာ ထိုးနှံပေးခြင်းဖြင့် ရောဂါကို ကာကွယ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ဆက်ပြီး တည်ရှိ ကာကွယ်နိုင်နေအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်ဝန်မဆောင်မီကပင် စိတ်ကျရောဂါ နှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ကြုံတွေ့နေရပါက သင့်ဆရာဝန်ထံ ကျေးဇူးပြု၍ အသိပေးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးများ အားလုံးဟာ ဘေးမကင်းတာမို့ ကိုယ်ဝန်မဆောင်မီက သင် သောက်သုံးရတဲ့ ဆေးဝါးများကိုလည်း သင်၏ သားဖွားဆရာဝန်အား အသိပေးဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ရတဲ့ အကြောင်းရင်းက ဘာလဲ?
ကိုယ်ဝန်ဆောင်ကာလမှာ သင့်ခန္ဓာကိုယ်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာကို ကြုံတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ရ ပါတယ်။ ထို အကြောင်းတရားများထဲမှ အနည်းငယ်ကို ဒီစာစုမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝန် ကာလမှာ ထွက်တဲ့ ဟော်မုန်းတွေဟာ အူလမ်းကြောင်းလှုပ်ရှားမှုတွေကို ထိခိုက်စေပါတယ်။ အူလမ်းကြောင်း လှုပ်ရှားမှု နှေးကွေးစေတဲ့ အကြောင်းရင်းများထဲမှာ ဒီဟော်မုန်းများလည်း ပါဝင်ပါတယ်။
အူလမ်းကြောင်းမှ ရေစုပ်ယူမှု ကလည်း တိုးလာပါတယ်။ ရေကို လုံလောက်စွာ မသောက်ခြင်းက ဝမ်းချုပ်တာကို ပိုဆိုးစေနိုင်ပါတယ်။ကိုယ်ဝန်ရှိလာတာနဲ့အမျှ သားအိမ်က အရွယ်အစား ကြီးလာပါတယ်။ သားအိမ် အရွယ်အစား ကြီးလာခြင်းကလည်း အူတွေကို ဖိအားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တဲ့ဒုက္ခ တိုးလာနိုင်ပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ အကြောင်းရင်းများကို ထပ်ပြီး ပံ့ပိုးတာကတော့ သင့်ရဲ့ စိတ်ခံစားမှုနှင့် စိတ်အခြေအနေများ ဖြစ်ပြီး ဒါတွေကလည်း ဝမ်းချုပ်ခြင်းကို တိုးစေပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးမွေးဖွားပြီးနောက် ကြီးမားတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ အတွေ့ အကြုံ မရှိလို့ အမှားပေါင်းများစွာလည်း လုပ်မိတတ်ပါတယ်။ ဤအနုပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်နိုင်စေ ဖို့အတွက် သင့်လျော်တဲ့ အသိပညာတွေ ရှိဖို့လိုပါတယ်။ တဖြည်းဖြည်း လေ့ကျင့် ပေးခြင်းအားဖြင့် သင်ရော ကလေးပါ နို့တိုက်ကျွေးခြင်း အတွေ့အကြုံများ ကောင်းစွာ ရလာမှာ ဖြစ်ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းဟာ အခက်အခဲများနှင့် စိန်ခေါ်မှုများစွာ ရှိပါတယ်။ အတွေ့အကြုံရလာလေ သက်သက်သာသာ လုပ်နိုင်လာလေ ဖြစ်မှာပါ။ နို့တိုက်နေစဉ်အတွင်း ဖြစ်ပေါ်တတ်သော စိန်ခေါ်မှုများစွာ ရှိပါတယ်။ မှန်ကန်သော အသိပညာသိရှိခြင်းဟာ ဤစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးခြင်းသည် သင်ကလေးမွေးသောအခါမှာ မရှိမဖြစ်လိုအပ်တဲ့ အဆင့်တစ်ခုပါ။ ကာကွယ် ဆေးထိုးခြင်းဟာ ရောဂါများစွာကို ကာကွယ်ပေးပါတယ်။ သင့်ကလေးအတွက် ဆရာဝန်ညွှန်ကြားချက် အတိုင်း သင့်လျော်တဲ့ ကာကွယ်ဆေးထိုးရန် အချိန်ဇယားကို လိုက်နာသင့်ပါတယ်။
သင့်ကလေးကို ကာကွယ်ဆေး မပြတ်အောင် ထိုးကြပါစို့။
ကာကွယ်ဆေးထိုးခြင်းဟာ သတ်မှတ်ထားတဲ့ ကူးစက်တတ်သော ရောဂါပိုးများနှင့် ရောဂါများကို ကာကွယ် ပေးပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် သင့်ကလေးရဲ့ ကိုယ်ခံစွမ်းအားကို တိုးတက်စေပါတယ်။ ယနေ့ခေတ် အခါမှာ ပိုလီယို နှင့် ဆုံဆို့နာကဲ့သို့ ရောဂါအချို့ဟာ ဖြစ်နှုန်း မရှိတော့ပေမယ့် သင့်ကလေးငယ်ကို ကာကွယ်ဆေး သေချာ ထိုးနှံပေးခြင်းဖြင့် ရောဂါကို ကာကွယ်ပေးတဲ့ ကိုယ်ခံအားစနစ်ကို ဆက်ပြီး တည်ရှိ ကာကွယ်နိုင်နေအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
From the publisher's feed
The WeCare Mother and Child Mobile App is a user-friendly and convenient tool for mothers and caregivers. It provides a range of features such as tracking pregnancy progress, monitoring baby's…