ကျောင်းတက်ရမလား မတက်ရဘူးလား ?
မင်းဘာမင်း တက်ချင်တက်မတက်ချင်နေ ။
ကျောင်းတက်တာ အကျိုးရှိမယ်ထင်ရင်တက်
မထင်ရင် မတက်နဲ့ ။
ဟိုလူ့အားနာလို့ ဒီလူ့အားနာလို့ဆိုလည်း မတက်ဘဲနေ။
ဒါမှမဟုတ် ငါမတက်လည်း
ငါပဲကျန်ခဲ့မှာဆိုလည်း တက်ချင်တက် ။
ဟိုလူအုပ်ချုပ်တာ မကြိုက်လို့
ဒီလူအုပ်ချုပ်တာမကြိုက်လို့ဆိုလည်း မတက်ချင်မတက်နဲ့ ။
ဘယ်သူအုပ်ချုပ်ချုပ် ငါကျောင်းတက်မှ
ငါဘွဲ့ရမှာလို့ တွေးရင်
တက်ချင်တက်။
ငါတော့ တော်လှန်ရေးမပြီးမချင်းမတက်ဘူးဆိုလည်း မတက်နဲ့ ။
မင်းဘာမင်း တက်တက် မတက်တက် ၊
ကျောင်းတွေကဖွင့်မှာပဲ ။
ကျောင်းမပြီးဘဲ သူဌေးဖြစ်အောင်လုပ်လို့ရတဲ့
အလုပ်တွေလည်းအများကြီးရှိတယ် ။
အဲ့လိုပဲ ကျောင်းပြီးမှ သူဌေးဖြစ်မယ့် အလုပ်ရမယ့် အလုပ်တွေလည်း အများကြီးပဲ ။
ကျောင်းပြီးမှ လူရာဝင်မယ်လို့လည်းမထင်နဲ့။
ကျောင်းမတက်ဘဲနေပြလို့လည်း
လူအထင်ကြီးမယ်မထင်နဲ့ ။
မင်းဘာမင်း ကျောင်းတက်တက်မတက်တက် အစိုးရဆိုတဲ့လူတွေ နိုင်ငံရေးသမားတွေက
မင်းရဲ့စာရင်းကိုပဲ စိတ်ဝင်စားတာ
မင်းရဲ့ဘဝကိုစိတ်မဝင်စားဘူး။
မင်းကျောင်းတက်လို့ရှိရင် နစကက ကျောင်းဘယ်လောက်တက်တယ်ဆိုပြီး ထုတ်ပြန်မှာ ။
မတက်ရင်လည်း NUG က ဘယ်လောက်
မတက်ဘူးဆိုပြီး ထုတ်ပြန်မှာ ။
မင်းကစာရင်းတစ်ခုပဲ သူတို့အတွက်က ။
မင်းအတွက်ကျတော့ မင်းက ဘဝတစ်ခု ။
ဒီတော့ မင်းဘာမင်းစဉ်းစား ။
မင်း ဦးနှောက်ကို မင်းဘာမင်းသုံး ။
မင်းဘာမင်း တက်ချင်တက် မတက်ချင်နေ ။
အေး တစ်ခုတော့ ရှိတယ်။
မတက်တဲ့သူတွေကို အပြစ်မပြောနဲ့။
တက်တဲ့သူတွေကိုလဲ ပြဿနာမရှာနဲ့။
အားလုံးက ကိုယ့်စိတ်နဲ့ကိုယ်။
ကိုယ့်သဘောကို ကိုယ်ဆောင်နေတာပဲ။
ဒါအမှန်တရားပဲ
လက်ခံဖို့တော့ခက်လိမ့်မယ်
ဒါပေမဲ့ လက်ခံလိုက်။