နီပေါ နီပိန်းတွေ ခင်ဗျားတို့ မျက်စိနောက်အောင် သိပ်မလုပ်ကြပါနဲ့လားဗျာ ။ အခု အစိုးရက ၅နှစ်သား အစိုးရ ၊ တဖက်မှာ ရင်ဆိုင်နေရတာက စစ်သားတွေနော် ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ စစ်တပ်က ဘာမှမလိုဘဲအာဏာသိမ်းလို့ ရတယ်ဆိုတာ မေ့နေကြမှာဆိုးလို့ သတိပေးတာပါ ။
သူတို့ကို နောက်ကြောင်းပြန်မလှည့်ရအောင် ကျုပ်တို့အားလုံး ဝန်းပြီး တွန်းနေရတဲ့အချိန်မှာ ဘာလုပ်လိုက်မယ် ၊ ညာလုပ်လိုက်မယ် ဆိုပြီး အရမ်း မျက်စိနောက်အောင် မလုပ်ကြပါနဲ့ ။ မေ့နေကြမှာဆိုးလို့ပါ ။ နီပေါတွေ
နီပိန်းတွေ အသိတရား ရှိကြပါတော့ နော် ။