Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
November 19, 2021နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၉-၂၀၂၁) - နိုဝင်ဘာ 19, 2021မြောက်အမေရိကဒေသမှာ ဘုံတူညီတဲ့ အင်အားတွေအပေါ် အခြေခံပြီး လက်တွဲလုပ်ဆောင်ရင် အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပါမယ်လို့ အမေရိကန်သမ္မတ Joe Biden ပြော၊ မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာရသူတွေ သိသိသာသာ တိုးလာနေပြီး၊ စာနာမှုအကူအညီတွေလည်း အရေးတကြီး လိုအပ်၊ စွမ်းအင် နှင့် သဘာဝ အရင်းအမြစ် ဝင်ငွေတွေ စစ်ကောင်စီ ကို စီးဝင်နေတာရပ်တန့်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး က ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ ဆော်သြ...more30minPlay
November 18, 2021နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၈-၂၀၂၁) - နိုဝင်ဘာ 18, 2021ကမ္ဘာတလွှား ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့နိုင်ငံတွေအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ဆုံးဖြတ်သတ်မှတ်တဲ့ အထဲမှာ မြန်မာနိုင်ငံကိုဆက်လက် ထည့်သွင်း၊ မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်၊ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်း ကို ကုလသမဂ္ဂ တတိယကော်မီတီက အတည်ပြု...more30minPlay
November 17, 2021နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၇-၂၀၂၁) - နိုဝင်ဘာ 17, 2021အမေရိကန် စာနယ်ဇင်းသမား Danny Fenster ဟာမီရှီဂန်ပြည်နယ် Huntington Woods မြို့ကသူ့ရဲ့နေအိမ်ကို ပြန်ရောက်၊ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပြန်လည် တည်ငြိမ်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ပြန်စနိုင်ရေး ကြိုးပမ်းမှုတွေမှာ တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ လက်တွဲ ဆောင်ရွက်သွားမယ်၊ အမေရိကန်နဲ့ တရုတ်ကြား သတင်းမီဒီယာသမားတွေအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားဖို့ သဘောတူညီချက်တခု ရ...more30minPlay
November 16, 2021နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၆-၂၀၂၁) - နိုဝင်ဘာ 16, 2021အမေရိကန် နဲ့ တရုတ် နှစ်နိုင်ငံအကြား ယှဉ်ပြိုင်မှုတွေဟာ ပဋိပက္ခတွေဆီ ဦးတည်သွားတာမျိုး မဖြစ်ဖို့ လိုတဲ့အကြောင်း အမေရိကန်နဲ့ တရုတ်ဆွေးနွေး၊ အမေရိကန် နိုင်ငံသား သတင်းသမား Danny Fenster လွတ်မြောက်လာပြီးတဲ့နောက် မြန်မာနိုင်ငံထဲ မတရား ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂ နဲ့ အမေရိကန် တောင်းဆို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ ပုဒ် မ ၅၀၅-ခ အမှု ကိုလာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ အပြီးသတ် အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်...more30minPlay
November 15, 2021နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၅-၂၀၂၁) - နိုဝင်ဘာ 15, 2021မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၁၁ နှစ်ချခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster ကို ပြန်လွှတ်၊ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေး ဥပဒေတွေ ချိုးဖောက်တယ်ဆိုတဲ့ အမှု ၂ ခုအတွက် ဒီဇင်ဘာ ၆ ရက်နေ့မှာ ၂ ဘက် အပြီးသတ် လျှောက်ထားရမယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုဟီ ဆာဆာကာဝါဟာ ရခိုင်ပြည်နယ်ကို ဒုတိယအကြိမ်ရောက်...more30minPlay
November 12, 2021နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၂-၂၀၂၁) - နိုဝင်ဘာ 12, 2021မြန်မာနိုင်ငံမှာ အမေရိကန် သတင်းသမား Danny Fenster ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်၊ အဲ့ဒီလိုချမှတ်လိုက်တဲ့အပေါ် အထူးပဲ စိတ်ပျက်ရတဲ့အကြောင်း Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာတဦးပြော၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ၂၀၂၁ ခုနှစ်ရဲ့ ပထမနှစ်ဝက် အတွင်း နေရပ်စွန့်ခွာရသူတွေ သိသိသာသာ တိုးလာခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အစီရင်ခံစာက ဖော်ပြ...more30minPlay
November 11, 2021နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၁-၂၀၂၁) - နိုဝင်ဘာ 11, 2021မြန်မာနိုင်ငံမှာ လတ်တလော ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့၊ အရပ်သားတွေရဲ့ လုံခြုံမှုကို အာမခံဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တောင်းဆို၊ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနဲ့ အာဆီယံနဲ့ လက်တွဲ လုပ်ဆောင်နိုင်ရေး ကိစ္စတွေကို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး တို့ဆွေးနွေး...more30minPlay
November 10, 2021နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၁၀-၂၀၂၁) - နိုဝင်ဘာ 10, 2021စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန် သတင်းသမား Danny Fenster ကို သွေးထိုးလှုံ့ဆော်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့နဲ့ ထပ်ပြီးစွဲချက်တင်၊ နိုင်ငံတွေအကြား မညီမျှမှုတွေဟာ တည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အဓိက အကြောင်းအရာတွေအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ပြော၊ NUG အမျိုးသား ညီညွတ်ရေးအစိုးရဟာ ဆန့်ကျင်ဖက် အင်အားစုတွေကို လုပ်ကြံဖို့ စာရင်းတခုကို ပြုစုထားတဲ့ သတင်းတွေ ထွက်ပေါ်နေတာဟာ မမှန်ကန်ကြောင်း NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ ငြင်း...more30minPlay
November 09, 2021နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၀၉-၂၀၂၁) - နိုဝင်ဘာ 09, 2021နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ အမှုတခုအတွက် ရှေ့လထဲမှာ စီရင်ချက် ချနိုင်ဖွယ်ရှိ၊ မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်နေသူတွေကို ထောက်ပံ့နိုင်အောင် ခွင့်ပြုကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို ကုလသမဂ္ဂက တောင်းဆို၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အလုပ်သမားတွေကို ပြန်လက်ခံတော့မယ်လို့ ထိုင်းအစိုးရတာဝန်ရှိသူတဦးပြော...more30minPlay
November 08, 2021နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၀၈-၂၀၂၁) - နိုဝင်ဘာ 08, 2021မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး မတရားဖမ်းဆီးထားသူ အားလုံး ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ဖော်ဆောင်ဖို့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကြေညာချက်ထုတ်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မလေးရှားနိုင်ငံကို ရောက်နေပြီး မြန်မာ့အရေးကိုပါ ထည့်သွင်း ဆွေးနွေးမည်...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.