Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
September 08, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၈-၂၀၂၀) - စက်တင်ဘာ 08, 2020ကိုဗစ်-၁၉ ကာကွယ်ဆေး ကိစ္စနဲ့ဆက်စပ်ပြီး ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန် နဲ့ သမ္မတ Donald Trump တို့ အပြန်အလှန်ထိုးနှက်၊ ရုရှားအတိုက်အခံ ခေါင်းဆောင် Alexei Navalny ရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်လာနေပြီလို့ ဆေးရုံက ကြေညာချက်ထုတ်၊ အိန္ဒိယနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်သူ ကမ္ဘာမှာ ဒုတိယ အများဆုံးရှိတဲ့နိုင်ငံ ဖြစ်လာ။...more30minPlay
September 07, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၇-၂၀၂၀) - စက်တင်ဘာ 07, 2020အိန္ဒိယနိုင်ငံမှာ တရက်တည်းမှာကတင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၉ သောင်းကျော်နဲ့ ကမ္ဘာ့ စံချိန်တင်၊မြန်မာနိုင်ငံ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်တွေနဲ့အညီ ကော်မရှင် စတင်ခွင့်ပြု၊ ရုရှားအတိုက်အခံ ခေါင်းဆောင် Alexey Navalny အဆိပ်ခတ်ခံတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရုရှားအစိုးရဘက်ကို အရေးယူတာတွေ ဖြစ်လာနိုင်တယ်လို့ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး သတိပေး။...more30minPlay
September 04, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၄-၂၀၂၀) - စက်တင်ဘာ 04, 2020အမေရိကန်သမ္မတ Donald Trump က သူ့ကို ထောက်ခံသူတွေကို နှစ်ကြိမ် မဲပေးကြဆိုပြီး ပြောဆိုခဲ့တာနဲ့ပတ်သက်လို့ ပြန်လည် ရှင်းလင်း၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နိုဝင်ဘာလ ၁ ရက်ထက် နောက်မကျဘဲ ဖြန့်ဝေပေးနိုင်ဖို့ ကြိုတင် ပြင်ဆင်ထားကြဖို့ နိုင်ငံတဝန်း ကျန်းမာရေး တာဝန်ရှိသူတွေကို ညွှန်ကြားထားကြောင်း၊ အမေရိကန် CDC အတည်ပြု၊ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်တွေ တိုးမြှင့်။...more30minPlay
September 03, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၃-၂၀၂၀) - စက်တင်ဘာ 03, 2020ဆန္ဒပြပွဲတွေနဲ့အကြမ်းဖက် ဆူပူမှုတွေဖြစ်ခဲ့တဲ့ Wisconsin ပြည်နယ် Kenosha မြို့ကို သွားမယ်လို့ အမေရိကန် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်ပြော၊ ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ဆီကရတဲ့ ဓါတ်ခွဲနမူနာ ကို စမ်းသပ်ကြည့်ရာမှာ ဆိုဗီယက်ရုရှားခေတ်က သုံးတဲ့ အာရုံကြောထိခိုက်စေတဲ့ Novichok အဆိပ် တမျိုးကို တွေ့ရတယ်လို့ ဂျာမဏီအစိုးရက အတည်ပြု၊ အမေရိကန် တက္ကသိုလ်တွေကို သွားရောက်လည်ပတ်တာနဲ့ အမေရိကန်နိုင်ငံတွင်းက အစိုးရ တာဝန်ရှိသူတွေကို တွေ့ဆုံရာမှာ တရုတ် အဆင့်မြင့် သံတမန်တွေ ကြိုတင် ခွင့်ပြုချက် ယူရမယ်လို့ အမေရိကန် အစိုးရက ကန့်သတ်။...more30minPlay
September 02, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၂-၂၀၂၀) - စက်တင်ဘာ 02, 2020ကိုရိုနာ ကပ်ဘေးကြောင့် စိုက်ပျိုးတောင်သူတွေ အကျပ်အတည်းကနေ စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာလည်း ကြုံ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်မှု အတော်များများ နောက်ဆုံး စမ်းသပ်မှုအဆင့်ကိုရောက်နေပြီလို့ တာဝန်ရှိသူတွေပြော၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ရန်ကုန်မြို့ မြို့နယ် ၇ ခုက လူတွေကို အိမ်မှာနေဖို့ အမိန့်ထုတ်။...more30minPlay
September 01, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၉−၀၁−၂၀၂၀) - စက်တင်ဘာ 01, 2020ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Joe Biden တို့အကြား အပြန်အလှန် အပြစ်ဖို့၊ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆ သန်းကျော်၊ ကိုဗစ်-၁၉ ကူးစက်မှုတွေ ရှိနေသေးတဲ့အချိန် အထိန်းအချုပ်မရှိ သွားလာနေထိုင်တာတွေ ပြန်လုပ်နေကြမယ်ဆိုရင် အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သတိပေး။...more30minPlay
August 31, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၃၁-၂၀၂၀) - သြဂုတ် 31, 2020အိန္ဒိယနိုင်ငံမှာ တနင်္ဂနွေနေ့က ကိုဗစ်-၁၉ ကူးစက်သူ တနေ့တည်းမှာတင် ၇၈,၀၀၀ ကျော် တွေ့ရှိခဲ့တာကြောင့် ကမ္ဘာစံချိန်တင်သွား၊ မြန်မာနိုင်ငံမှာ ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းတိုးလာကြောင့် ပြည်သူတွေကြား စိုးရိမ်မှုတွေလည်း တိုးလာနေ၊ ဘဲလားရုစ် နိုင်ငံမှာ သမ္မတ Alexander Lukashenko ရဲ့ ၆၆ နှစ်ပြည့် မွေးနေ့ တနင်္ဂနွေနေ့က ထောင်သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဆန္ဒပြ၊...more30minPlay
August 28, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၂၈-၂၀၂၀) - သြဂုတ် 28, 2020ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် သမ္မတ Donald Trump တရားဝင် လက်ခံမိန့်ခွန်းပြောကြား၊ အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ်ကို ဝင်တိုက်ခဲ့တဲ့ ဟာရီကိန်း Laura ဟာ အပူပိုင်းမုန်တိုင်းအဆင့်ကို အားပျော့၊ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကူညီထောက်ပံ့ရေး အစီအစဉ်သစ် ချမှတ်နိုင်ဖို့အတွက် သမ္မတ အိမ်ဖြူတော်နဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေ ပြန်ဆွေးနွေးရာမှာ တိုးတက်မှုမရ။...more30minPlay
August 27, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၂၇-၂၀၂၀) - သြဂုတ် 27, 2020အမေရိကန် ရီပတ်ဘလစ်ကန်ပါတီ ညီလာခံမှာ သမ္မတ Donald Trump က ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တရားဝင်လက်ခံတဲ့မိန့်ခွန်း ပြောဖို့ရှိ၊တောင်တရုတ်ပင်လယ်တွင်း တရုတ်ရဲ့ ကျွန်းတုတွေ နဲ့ စစ်စခန်းတွေ တည်ဆောက်တာ မှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်ကုမ္ပဏီ ၂၄ ခုနဲ့ လူအများအပြားကို အမေရိကန်က ဒဏ်ခတ်၊ ရခိုင်ပြည်နယ်တွင်း ကိုယ့်နေအိမ်တွင်းမှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်...more30minPlay
August 26, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၂၆-၂၀၂၀) - သြဂုတ် 26, 2020အမေရိကန် ရီပတ်ဘလစ်ကန်ပါတီ ညီလာခံမှာ သမ္မတ ကတော် Melania Trump က အိမ်ဖြူတော်ကနေ မိန့်ခွန်း ပြောကြား၊ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ဆိုးလ်မြို့နဲ့ အနီးတဝိုက် ဒေသတွေက စာသင်ကျောင်းတွေကို ယာယီ ပိတ်ပစ်၊ လွန်ခဲ့တဲ့ ၃ နှစ်က ရခိုင်ပြည်နယ်မှာ သိန်းချီတဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တိုက်ခိုက်ခဲ့တာတွေအတွက် တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူဖို့ အမေရိကန်အစိုးရက ထပ်မံ တောင်းဆို။...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.