Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
June 17, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၇-၂၀၂၀) - ဇွန် 17, 2020ရဲတပ်ဖွဲ့အတွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ညွှန်ကြားချက်တရပ်ကို သမ္မတ Donald Trump လက်မှတ်ရေးထိုး၊ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံအကြား နယ်မြေအငြင်းပွားမှုတွေ ရှိနေတဲ့ နယ်စပ်မှာ နှစ်ဘက်တပ်တွေ ခိုက်ရန်ဖြစ်ပွားပြီး အိန္ဒိယ စစ်သား ၂၀ သေဆုံး၊ မန်မာနိုင်ငံကို လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးငယ်တွေရဲ့အခွင့်အရေး ချိုးဖောက်တဲ့ အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းကနေ ကုလသမဂ္ဂ ပယ်ဖျက်၊...more30minPlay
June 16, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၆-၂၀၂၀) - ဇွန် 16, 2020ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ရေး တောင်းဆိုတဲ့ဆန္ဒပြပွဲတွေ အမေရိကန်မှာ ပိုပြီး အရှိန်မြင့်လာနေ၊ အမေရိကန် လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အရေးပေါ် ဆွေးနွေးဖို့ အာဖရိကနိုင်ငံတွေရဲ့ တောင်းဆိုချက်ကို လူအခွင့်အရေးကောင်စီ လက်ခံ၊ လိင်စိတ်ကွဲပြားကြသူ LGBTQ တွေကို အလုပ်ခွင်မှာ ခွဲခြားမဆက်ဆံဖို့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်တရားရုံးချုပ်က ချမှတ်...more30minPlay
June 15, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၅-၂၀၂၀) - ဇွန် 15, 2020အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ သောကြာနေ့ညက လူမည်းအမျိုးသားတယောက်ကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ရဲဝန်ထမ်းကို အလုပ်ကထုတ်ပယ်၊ ကမ္ဘာတဝှမ်း လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်ကောင်းကောင်းနဲ့ ဆက်ဖြစ်၊ ကမ္ဘာပေါ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံးရှိနေတဲ့ ဘရာဇီးနိုင်ငံဟာ သေဆုံးသူ အရေအတွက်မှာလည်း ဒုတိယအများဆုံး ဖြစ်လာ။...more30minPlay
June 11, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၁-၂၀၂၀) - ဇွန် 11, 2020လူမည်းအမျိုးသား George Floyd သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ အမေရိကန်အောက်လွှတ်တော်မှာ စတင်သုံးသပ် ဆွေးနွေး၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကပ်ဘေးကြောင့် ရပ်ထားရတဲ့ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေကို မကြာခင်မှာပြန်စမယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြော၊ ၂၀၁၉ ခုနှစ် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနဲ့ တရုတ်နိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် အခြေအနေ စိုးရိမ်ရဆဲ နိုင်ငံစာရင်းမှာ ဆက်လက်ဖော်ပြ၊...more30minPlay
June 10, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၀-၂၀၂၀) - ဇွန် 10, 2020လူမည်းအမျိုးသား George Floyd ရဲ့ နောက်ဆုံးဈာပနကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ကျင်းပ၊ ဒုသမ္မတဟောင်း Joe Biden ဗွီဒီယိုနဲ့ မိန့်ခွန်းပေးပို့။ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေ ပိုပြီးပြင်းထန်လာပေမဲ့ အမေရိကန် သမ္မတ Donald Trump လက်မခံ၊ နယူးဇီလန်နိုင်ငံမှာ အသွားအလာကန့်သတ်မှုတွေ အကုန်လုံးကို ပြန်ရုပ်သိမ်း၊...more30minPlay
June 09, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၉ -၂၀၂၀) - ဇွန် 09, 2020လူမည်းအမျိုးသား George Floyd ရဲ့ ရုပ်အလောင်းကို သူနေထိုင်ခဲ့တဲ့ Texas ပြည်နယ် Houston မြို့မှာ ဈာပန အခမ်းအနားနဲ့ အများပြည်သူကြည့်ရှုခွင့်ပေးထား၊ အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်မယ့် ဥပဒေကြမ်းတရပ် ဒီမိုကရက်လွှတ်တော်အမတ်တွေ အဆိုပြု၊ ဂျာမနီ နိုင်ငံ ဆန္ဒပြပွဲတွေမှာ လူတွေ သောင်းနဲ့ချီ ပါဝင်လာတဲ့အတွက် လူတွေခပ်ခွာခွာနေဖို့ အစိုးရတာဝန်ရှိသူတွေက တိုက်တွန်း။...more30minPlay
June 08, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၈-၂၀၂၀) - ဇွန် 08, 2020အမေရိကန်ပြည်ထောင်စုတဝှမ်း ဆန္ဒပြသူတွေ ထောင်ချီ စုဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြ၊ ဆန္ဒပြပွဲတွေကို ထိန်းချုပ်ဖို့ မြို့တော်ဝါရှင်တန်ကို စေလွှတ်ခဲ့တဲ့ ပြည်တွင်းကာကွယ်ရေး အရန်တပ်ဖွဲ့အင်အား ၅၀၀၀ ကို ပြန်ရုပ်သိမ်းဖို့ သမ္မတ Donald Trump က ညွှန်ကြား၊ လူမျိုးရေးခွဲခြားမှု အဆုံးသတ်ရေး လှုပ်ရှားမှုတွေ နိုင်ငံတကာမှာ ပျံ့နှံ့နေ၊...more30minPlay
June 05, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၅-၂၀၂၀) - ဇွန် 05, 2020အမေရိကန်ပြည်ထောင်စု မင်နီရားပိုးလစ်မြို့မှာ သေဆုံးသွားတဲ့ လူမည်အမျိုးသား George Floyd ရဲ့ ဈာပန အခမ်းအနားတွေ ကျင်းပ၊ ဗွီအိုအေ အမေရိကန်အသံနဲ့ နိုင်ငံတကာ အသံလွှင့် ဌာနတွေကို ကြီးကြပ်ရတဲ့ USAGM ရဲ့ အကြီးအကဲ တာဝန်ယူဖို့ Michael Pack ကို အထက်လွှတ်တော်က အတည်ပြု၊ ကာကွယ်ဆေးဆိုင်ရာ ကမ္ဘာ့ မဟာမိတ်အဖွဲ့ အတွက် ရန်ပုံငွေအမေရိကန် ဒေါ်လာ သန်း ၉ ထောင္နီးပါး ရှာဖွေနိုင်ခဲ့တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ပြော။...more30minPlay
June 04, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၄-၂၀၂၀) - ဇွန် 04, 2020အမေရိကန် နိုင်ငံတဝန်း ဆန္ဒပြပွဲအများစု ကို ငြိမ်းငြိမ်းချမ်းချမ်း နဲ့ ဆက်လက် ကျင်းပနေ၊ ဆန္ဒပြပွဲတွေကို စစ်အင်အားသုံးနှိမ်နင်းမှာကို မထောက်ခံဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးပြော။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနဲ့ ကုသရေးမှာ hydroxychloroquine ငှက်ဖျားဆေး စမ်းသပ်အသုံးပြုတာကို ပြန် ခွင့်ပြုမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကြေညာ။...more30minPlay
June 03, 2020နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၃-၂၀၂၀) - ဇွန် 03, 2020အမေရိကန်ပြည်ထောင်စုမှာ George Floyd သေဆုံးမှုတရားမျှတဖို့အတွက် ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြသူတွေ ညမထွက်အချိန် ကျော်လွန် အာခံနေ၊ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ ဆူပူမှုတွေကို အဆုံးသတ်အောင်လုပ်မယ်လို့ သမ္မတ Donald Trump ပြောဆို၊George Floyd ရဲဝန်ထမ်းတချို့ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ အာဏာ အလွဲသုံးစားလုပ်သူတွေကြောင့် ဖြစ်ရတာလို့ EU ထိပ်တန်း သံတမန် တဦး ဝေဖန်။...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.