Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,631 episodes available.
July 10, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၀၊ ၂၀၂၄) - ဇူလိုင် ၁၀, ၂၀၂၄NATO အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲ ဒုတိယမြောက်နေ့ဆက်လက် ကျင်းပ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့က လားရှိုးမြို့ အစိတ်အပိုင်းတချို့ထဲကို ဝင်ရောက် နိုင်ခဲ့ပေမယ့် မြို့ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ဖို့ကတော့ မလွယ်ဘူးလို့ TNLA အဖွဲ့က ဗိုလ်ချုပ်ကြီး တာ့ဘုန်းကျော် ပြော၊ ရိုးမဘဏ်အကြီးအကဲ Serge Pun ခေါ် ဦးသိန်းဝေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ စင်္ကာပူအစုရှယ်ယာဈေးကွက်က ရိုးမဘဏ်ရဲ့ အစုရှယ်ယာတွေ၂၈ ရာခိုင်နှုန်းကျော် ကျ...more30minPlay
July 09, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၉၊ ၂၀၂၄) - ဇူလိုင် ၀၉, ၂၀၂၄NATO အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဒီကနေ့ အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်မှာ စတင်ဖို့ရှိ၊ ရုရှားရဲ့ ဒုံးကျည်ကြောင့် ယူကရိန်းမှာ ၃၇ ဦးထက်မနည်း သေဆုံး၊ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တရားမဝင် မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံထဲရောင်းချတာ ပိုလုပ်လာနေတယ်လို့ ထိုင်းစစ်တပ်အရာရှိတဦးပြော၊ စသည်...more30minPlay
July 08, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၈၊ ၂၀၂၄) - ဇူလိုင် ၀၈, ၂၀၂၄နေတိုးအဖွဲ့တည်ထောင်တဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့တော်မှာ ဇူလိုင် ၉ ရက်နေ့မှာ ထိပ်သီးစည်းဝေးပွဲ ကျင်းပဖို့ ရှိ၊ ပြင်သစ်နိုင်ငံမှာ ဒုတိယအကျော့ ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ Marine Le Pen ဦးဆောင်တဲ့ လက်ယာယိမ်းအုပ်စု အာဏာရမယ့်အရေးကို လက်ဝဲယိမ်းအုပ်စုက ဟန့်တား၊ မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းဌာနတခုက သတင်းထောက် ၂ ယောက်ကို စစ်ကောင်စီက အပြစ်ဒဏ်ချလိုက်တဲ့အပေါ်မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရှုံချ...more30minPlay
July 05, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၅၊ ၂၀၂၄) - ဇူလိုင် ၀၅, ၂၀၂၄၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက်စကားစစ်ထိုးပွဲမှာ သူ ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ လက်ရှိသမ္မတဂျိုးဘိုင်ဒန် ဝန်ခံ၊ ဗြိတိန်ရွေးကောက်ပွဲ ရလဒ်တွေထွက်လာပြီဖြစ်ပြီး Sir Keir Starmer က ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်၊ အီရန်မှာ လစ်လပ်နေတဲ့ သမ္မတနေရာအတွက် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲတွေကို ကျင်းပ...more30minPlay
July 04, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၄၊ ၂၀၂၄) - ဇူလိုင် ၀၄, ၂၀၂၄အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် ၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဆက်ပြီးယှဉ်ပြိုင်မှာလို့ ပြော၊ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု genocide နဲ့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး ICJ မှာ စွဲထားတဲ့အမှုကို ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နဲ့ မော်လဒိုက် နိုင်ငံတွေက ကြားဝင်ပြီး ပါဝင်ခွင့်ပြုလိုက်တဲ့အကြောင်း ICJ က ကြေညာချက်ထုတ်ပြန်၊ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ပတ်လည်မှာ ဒုတိယမြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။...more30minPlay
July 03, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၃၊ ၂၀၂၄) - ဇူလိုင် ၀၃, ၂၀၂၄ဂါဇာကမ်းမြောင်တောင်ပိုင်းဒေသကလူတွေ ဘေးကင်းရာကို ရှောင်ပေးဖို့ အစ္စရေးသတိပေးချက်အပေါ် ကုလသမဂ္ဂအထူးစိုးရိမ်၊ အမေရိကန်သမ္မတ Joe Biden နောက်တကြိမ် သမ္မတသက်တမ်းအတွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိပါ့မလားဆိုပြီး ဒီမိုကရက်ပါတီ တာဝန်ရှိသူတချို့က စိုးရိမ်၊ မန္တလေးတိုင်း မတ္တရာမြို့မှာရှိတဲ့ စစ်ကောင်စီ လေကြောင်းရန် ကာကွယ်ရေး အင်းကြင်းမြိုင်တပ်စခန်းအပါအဝင် စခန်းပေါင်း ၇ ခုနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (မန္တလေး) ပြော...more30minPlay
July 02, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၂၊ ၂၀၂၄) - ဇူလိုင် ၀၂, ၂၀၂၄အမေရိကန် သမ္မတဟောင်း Donald Trump သမ္မတတာဝန်ယူခဲ့တဲ့အချိန်က တရားဝင် လုပ်ရပ်တွေဟာ တရားစွဲဆိုတာက ကင်းလွတ်ခွင့် ရှိတဲ့အကြောင်း အမေရိကန် တရားရုံးချုပ်က မနေ့က ဆုံးဖြတ်၊ မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော် ဒေသတွေမှာ ရေကြီးပြီး လျှပ်စစ်နဲ့ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေ၊ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက အရေးယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ ကွန်ဒိုအရောင်းဈေးကွက် သိသိသာသာ ထိခိုက်သွားတဲ့အကြောင်း ထိုင်း Ananda Development ကွန်ဒို အရောင်းဌာန အုပ်ချုပ်ရေးမှူး ပြောတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။...more30minPlay
July 01, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၊ ၂၀၂၄) - ဇူလိုင် ၀၁, ၂၀၂၄ရုရှားကို တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းရဲ့ ဒရုန်းတွေထဲက ၃၆ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြော၊ ပြင်သစ်နိုင်ငံမှာ ပထမအကျော့ရွေးကောက်ပွဲတွေကို တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တာမှာ လက်ယာစွန်း National Rally ပါတီက မဲအများစုနဲ့ အသာရ၊ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေးတွေကို အဆမတန် ဈေးတင်ရောင်းချခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ ပြောခွင့်ရတိုက်တွန်း...more30minPlay
June 28, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၈၊ ၂၀၂၄) - ဇွန် ၂၈, ၂၀၂၄အမေရိကန် သမ္မတ Biden နဲ့ သမ္မတဟောင်း Trump တို့ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ပထမဆုံး စကားစစ်ထိုးပွဲ ကျင်းပ၊ မြန်မာနနဲ့ ငွေအထုတ်အသွင်းကိစ္စတွေမှာ တရားမဝင် လွှဲပြောင်းတာ မတွေ့တဲ့အကြောင်း Siam Commercial Bank ကြေညာချက်ထုတ်၊ ကျောက်မဲ၊ မိုးကုတ် နဲ့ နောင်ချို မြို့နယ်တွေ မှာ တိုက်ပွဲပြင်းထန်၊ စသည်...more30minPlay
June 27, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇွန် ၂၇၊ ၂၀၂၄) - ဇွန် ၂၇, ၂၀၂၄ကန်သမ္မတလောင်း ၂ ဦး ၂၀၂၄ ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ် စကားစစ်ထိုးဖို့ရှိ၊ ကန် နိုင်ငံခြားဝန်ကြီးဌာနရဲ့ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံက လူနည်းစု ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေအကြောင်း မီးမောင်းထိုး ဖော်ပြ၊ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ဈာပန အခမ်းအနားကို ဒီကနေ့ ကျင်းပ၊ စသည်...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,631 episodes available.