Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,632 episodes available.
May 30, 2024နေ့စဉ် တီဗွီသတင်းလွှာ (မေ ၃၀၊ ၂၀၂၄) - မေ ၃၀, ၂၀၂၄ဂါဇာမှာ စစ်ပွဲတွေရပ်အောင် နိုင်ငံတကာက ကြိုးပမ်းပေးကြဖို့ အီဂျစ်သမ္မတကတောင်းဆို၊ ရုရှားရန်က ယူကရိန်းကို အကာအကွယ်ပေးဖို့ အရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ချက်နိုင်ငံမှာ ပြောဆို၊ဒီရက်ပိုင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျပြီး ပြင်ပငွေလဲနှုန်းတွေမှာ နိုင်ငံခြားငွေဈေးတွေ တက်သွားတာကြောင့် ငွေလဲနှုန်းတွေကို ဆွဲတင်နေတဲ့သူတွေကို အရေးယူသွားမယ့်အကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က သတိပေးထား။...more30minPlay
May 29, 2024နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၉၊ ၂၀၂၄) - မေ ၂၉, ၂၀၂၄Rafah မြို့ လမ်းမတွေပေါ်မှာ အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား တိုက်ပွဲတွေ ပြင်းထန်နေ၊ မြန်မာ ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေပြီး ပြင်ပ ငွေလဲနှုန်းမှာ အမေရိကန် ဒေါ်လာဈေးတက်နေ၊ ထိုင်းတော်ဝင်မိသားစုကို ဝေဖန်မှုနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို တရားစွဲဖို့ ပြင်ဆင်နေကြောင်း ထိုင်းအစိုးရရှေ့နေတွေပြော...more30minPlay
May 28, 2024နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၈၊ ၂၀၂၄) - မေ ၂၈, ၂၀၂၄အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရာဖာမြို့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ပါလက်စတိုင်း ၄၅ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဒီကနေ့ ဆွေးနွေးဖို့ရှိ၊မြန်မာနိုင် အပါအဝင် အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ထုတ်လုပ်မှုကြောင့် ပြီးခဲ့တဲ့နှစ်ထဲ methamphetamine စိတ်ကြွဆေးတွေ စံချိန်တင် ဖမ်းမိခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်၊၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံက ဝယ်ယူတဲ့ ပမာဏ ဒုတိယ အများဆုံး ဖြစ်လာတဲ့အကြောင်း ထိုင်းဘက်က ပြော။...more30minPlay
May 27, 2024နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၇၊ ၂၀၂၄) - မေ ၂၇, ၂၀၂၄Rafah မှာရှိတဲ့ ပါလက်စတိုင်းဒုက္ခသည်စခန်းတခုကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ အလွန်ဆိုးရွားတဲ့ လုပ်ရပ်အဖြစ် ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂအေဂျင်စီပြော၊ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် စစ်ကောင်စီက ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအပေါ် သူတို့ဘက်က စုံစမ်းနေတာတွေကို အကြောင်းပြန်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM ရဲ့ အကြီးအကဲတောင်းဆို...more30minPlay
May 24, 2024နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၄၊ ၂၀၂၄) - မေ ၂၄, ၂၀၂၄အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အဖွဲ့က ဂါဇာကို ဖမ်းဆီး ခေါ်ဆောင်တာ ခံခဲ့ရပြီး သတ်ဖြတ်ခံခဲ့ရသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိ၊ ရုရှားသမ္မတ Vladimir Putin ဟာ Belarus သမ္မတ Alexander Lukashenko နဲ့ Minsk မြို့မှာ တွေ့၊ မြန်မာနိုင်ငံရဲ့ အကြပ်အတည်း ပဋိပက္ခတွေ အဆုံးသတ်ရေး ထိုင်းနိုင်ငံအနေနဲ့ မရပ်မနား ကြိုးပမ်းနေတဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် ပြော...more30minPlay
May 23, 2024နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၃၊ ၂၀၂၄) - မေ ၂၃, ၂၀၂၄Jenin မြို့ကို အစ္စရေးတပ်တွေ စီးနင်းမှု အဆုံးသတ်သွားပြီး ဒီစီးနင်းမှုအတွင်း အနည်းဆုံး လူ ၁၂ ယောက်သေဆုံးပြီး ၂၅ ယောက် ဒဏ်ရာရကြောင်း ပါလက်စတိုင်းကပြော၊ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်မှု ရှိမရှိ ဆန်းစစ်နေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ IIMM ကကြေညာချက်ထုတ်ပြန်၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ကျပ်ငွေ ၂၈၅ ဘီလီယံနဲ့ လေလံကြမ်းခင်းဈေးသစ် ဦးအောင်ဆန်းဦးဘက်က တင်သွင်းခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။...more30minPlay
May 22, 2024နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၂၊ ၂၀၂၄) - မေ ၂၂, ၂၀၂၄အိုင်ယာလန်၊ နော်ဝေနဲ့ စပိန်နိုင်ငံတွေဟာ ပါလက်စတိုင်းနိုင်ငံ ကို အသိအမှတ်ပြုမယ်ဆိုပြီး ကြေညာ၊ ရခိုင်ပြည်နယ်အတွင်း မြို့တွေ မီးရှို့ခံရတာ ရိုဟင်ဂျာတွေ သာမက ဒေသနေ ပြည်သူတွေ အိမ်ယာစွန့်ခွာရတာတိုးလာတဲ့ သတင်းတွေ ကြောင့် စိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်၊ မြန်မာစစ်အုပ်စုနဲ့ မဟာမိတ်တွေဖြစ်တဲ့ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ ဆိုက်ဘာလိမ်လည်ဒုစရိုက်လုပ်ငန်းတွေ ဒေသတွင်း ကွန်ရက်ဖွဲ့ ရာဇဝတ်မှုကျူးလွန်နေကြောင်း Justice for Myanmar (JFM) ဖော်ပြ...more30minPlay
May 21, 2024နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၁၊ ၂၀၂၄) - မေ ၂၁, ၂၀၂၄ရဟတ်ယာဥ်ပျက်ကျပြီး ကွယ်လွန်သွားတဲ့ အီရန်သမ္မတ Ebrahim Raisi နဲ့ သူ့ရဲ့အဖွဲ့ဝင် ၇ ဦးရဲ့ စျာပနာကို အီရန်ပြည်သူ သောင်းနဲ့ချီ တက်ရောက်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ကို စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး ICC ရှေ့နေတွေက ကြိုးပမ်းနေတာဟာ စက်ဆုပ်ဖွယ်ရာ ကောင်းတယ်လို့ အစ္စရေးကာကွယ်ရေး ဝန်ကြီး က ပြောဆိုလိုက်ပါတယ်။တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်ရင် အမေရိကန် ဒေါ်လာ ၁၂၇ သန်း ကျော် ကျဆင်းသွားတဲ့အကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖေါ်ပြပါတယ်။...more30minPlay
May 20, 2024နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၀၊ ၂၀၂၄) - မေ ၂၀, ၂၀၂၄အီရန်သမ္မတ Ebrahim Raisi ဟာ မနေ့က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်း အီရန်အစိုးရ သတင်း ထုတ်၊ ဂါဇာတောင်ပိုင်း Rafah မြို့က မြေပြင် စစ်ဆင်ရေးတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ သံန္နိဌာန်ချထားကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးပြော၊ ယူကရိန်းနိုင်ငံ Kharkiv မြို့အပြင်ဘက် လူစည်ကားတဲ့ အပန်းဖြေစခန်းတခုကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်...more30minPlay
May 17, 2024နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၇၊ ၂၀၂၄) - မေ ၁၇, ၂၀၂၄ဂါဇာအတွက် ပထမဆုံး ရေကြောင်း အကူအညီတွေ အမေရိကန်ဆိပ်ခံတံတားသစ်ကနေ ပို့၊ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ရုရုားနယ်မြေထဲကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တဦး အပါအဝင် လူ ၂ ဦး သေဆုံးခဲ့သလို၊ ရေနံချက်စက်ရုံတခု မီးလောင်၊ ဒေါ်အောင်ဆန်းစုကြည် မိသားစုပိုင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို လေလံတင်ရောင်းချဖို့ တရားရုံးက သတ်မှတ်ပေးတဲ့ ဈေးနှုန်းကို ပြင်ဆင်ပေးဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကြိုးစားနေ...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,632 episodes available.