Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,632 episodes available.
January 28, 2024NUG ရဲ့ တရုတ်နိုင်ငံအပေါ်ရပ်တည်မှုမေးမြန်းချက် - ဇန်နဝါရီ ၂၈, ၂၀၂၄စစ်အာဏာရှင် အမြစ်ပြတ်ရေးမှာ အနောက်ဒီမိုကရေစီနိုင်ငံတွေ ထောက်ခံရုံနဲ့ မလုံလောက်လို့ တရုတ် မူဝါဒကို သီးသန့် ထုတ်ပြန်ရတာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။ ဒေါ်ဇင်မာအောင်ကို ကိုငြိမ်းချမ်းအေး တွေ့ဆုံမေးမြန်းထားပါတယ်။...more10minPlay
January 26, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၆၊ ၂၀၂၄) - ဇန်နဝါရီ ၂၆, ၂၀၂၄ဂါဇာစစ်ပွဲမှာ အစ္စရေးက လူမျိုးတုံးသတ်ဖြတ်ရာ ရောက်မရောက် နိုင်ငံတကာ တရားရုံး ICJ ဒီကနေ့ ကြားနာ ဆုံးဖြတ်ဖို့ရှိ၊ မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ နည်းပညာသုံး ဘာသာရေးဖိနှိပ်မှုတွေ တိုးလာ၊ စတဲ့ နောက်ဆုံးရသတင်းတွေနဲ့ ဒီသီတင်းပတ် အာရှစီးပွားရေး၊ ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာ အပတ်စဥ် အစီအစဥ်တွေ စုစည်း တင်ဆက်ထားပါတယ်။...more30minPlay
January 25, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၅၊ ၂၀၂၄) - ဇန်နဝါရီ ၂၅, ၂၀၂၄အောက်တိုဘာ ၇ ရက်၊ အစ္စရေးနယ်ထဲ ဟာမတ်စ် စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်မှုမှာ ကာတာနိုင်ငံ တာဝန်ရှိတယ်လို့ အစ္စရေး လကျ်ာစွန်းရောက် ဝန်ကြီး တဦးက စွပ်စွဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် အမှတ် ၅၄ ကို လာမယ့် မတ်လ ၂၀ ရက်မှာ လေလံဆွဲဖို့ ပြင်ဆင် ထားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေပြော။...more30minPlay
January 24, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၄၊ ၂၀၂၄) - ဇန်နဝါရီ ၂၄, ၂၀၂၄အမေရိကန်ပြည်ထောင်စု New Hampshire ပြည်နယ်မှာ အင်္ဂါနေ့က ကျင်းပတဲ့ ပါတီတွင်း သမ္မတလောင်းရွေးပွဲတွေမှာ သမ္မတဟောင်း Donald Trump အနိုင်ရ၊ မလေးရှားနိုင်ငံကို ထွက်ခွာဖို့ ကြိုးပမ်းကြတဲ့ ရိုဟင်ဂျာ ၁၁၀ ကျော် မြန်မာနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။...more30minPlay
January 23, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၃၊ ၂၀၂၄) - ဇန်နဝါရီ ၂၃, ၂၀၂၄အိန္ဒိယကနေ မြန်မာနိုင်ငံကို ပြန်ပို့မဲ့မြန်မာစစ်သားတွေကို သွားခေါ်တဲ့ မြန်မာလေတပ်လေယာဉ်အိန္ဒိယမှာ ပြေးလမ်းချော်လေယာဉ်ပေါ်ပါတဲ့၁၄ယောက်ထဲက တော်တော်များများ ထိခိုက်ဒဏ်ရာရ။လောက်ကိုင်မှာလက်နက်ချခဲ့တဲ့ ဗိုလ်မှုးချုပ်တချို့ကို စစ်ခုံရုံးက အရေးယူတဲ့ သတင်း မဟုတ်တဲ့အကြောင်း စစ်ကောင်စီပြောခွင့်ရက VOAကိုပြော။...more30minPlay
January 22, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၂၂၊ ၂၀၂၄) - ဇန်နဝါရီ ၂၂, ၂၀၂၄ဂါဇာကမ်းမြောင်မှာ ဟာမတ်စ်တွေအပေါ် အစ္စရေးက တိုက်ခိုက်နေပုံဟာ မျိုးဆက်သစ်တွေကြား အမုန်းတရားတွေ အမြစ်တွယ်စေနိုင်တယ်လို့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ ဝေဖန်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နဲ့ မဘိမ်းမြို့တွေကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၈ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ပိတ်မိ စတဲ့ နောက်ဆုံးရသတင်းနဲ့ သတင်းဆောင်းပါးတွေ၊ အပတ်စဥ် အစီအစဥ်တွေ တင်ပြထားပါတယ်။...more30minPlay
January 19, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၁၉၊ ၂၀၂၄) - ဇန်နဝါရီ ၁၉, ၂၀၂၄ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲအလွန် ပါလက်စတိုင်းနိုင်ငံ တည်ထောင်မယ့် အစီအစဉ်ကို အစ္စရေးဝန်ကြီးချုပ် ကန့်ကွက်၊ လေကြောင်းရန် ကာကွယ်ရေး အီရန် စစ်ရေးလေ့ကျင့်၊ မြန်မာဟာ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် သတင်းသမား အများဆုံး အဖမ်းခံထားရတဲ့ နိုင်ငံအဖြစ် CPJ အဖွဲ့ ထုတ်ပြန် စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့ အပတ်စဥ် အစီအစဥ်တွေ တင်ပြထားပါတယ်။...more30minPlay
January 18, 2024နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၁၈၊ ၂၀၂၄) - ဇန်နဝါရီ ၁၈, ၂၀၂၄ယီမင်က ဟူသီတွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို အမေရိကန်စစ်တပ်က နောက်ထပ် မစ်ဇိုင်းဒုံးတွေနဲ့ ထပ်မံ ပစ်ခတ်တိုက်ခိုက်၊ ထိုင်းနိုင်ငံမှာ လူ ၂၀ ကျော်သေဆုံးခဲ့တဲ့ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှု အကြောင်းရင်းကို ထိုင်း တာဝန်ရှိသူတွေ ဆက်လက် စုံစမ်း စတဲ့နောက်ဆုံးရသတင်းတွေနဲ့ သတင်းဆောင်းပါးတွေ တင်ဆက်ထားပါတယ်။...more30minPlay
January 17, 2024နေ့စဉ် တီဗွီသတင်းလွှာ ( ဇန်နဝါရီ ၁၇ ၊ ၂၀၂၄ ) - ဇန်နဝါရီ ၁၇, ၂၀၂၄ယူကရိန်းစစ်ပွဲအတွက်ထောက်ပံ့ရေး သဘောတူညီချက်ရအောင်ညှိနိုင်းဖို့ထိပ်တန်း လွှတ်တော်ခေါင်းဆောင်အမတ်တွေကိုအမေရိကန်သမ္မတ Joe Biden ကဒီနေ့အိမ်ဖြူတော်ကိုဖိတ်ကြားထား၊မြဝတီမြို့အနီးက လက်ခတ်တောင်စခန်းကုန်းကို မနေ့ညနေက မြန်မာစစ်တပ်ဘက်ကနေလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေ။...more30minPlay
January 16, 2024နေ့စဉ် တီဗွီသတင်းလွှာ ( ဇန်နဝါရီ ၁၆ ၊ ၂၀၂၄ ) - ဇန်နဝါရီ ၁၆, ၂၀၂၄အိုင်အိုဝါပြည်နယ်မှာကျင်းပတဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ပဏာမ ရွေးချယ်ပွဲမှာ သမ္မတဟောင်း Donald Trumpအနိုင်ရ၊မြန်မာ စစ်ကောင်စီ ခေါင်းဆောင်တွနဲ့တိုင်းရင်းသားအဖွဲ့တွေကြားဆွေးနွေးပွဲ ကျင်းပနိုင်အောင် ထိုင်းအစိုးရက ကမကထလုပ်ကြားဝင်ဆောင်ရွက်ပေးဖို့ ပြင်ဆင်နေကြောင်းဘန်ကောက်ပို့စ်သတင်းစာကရေး။...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,632 episodes available.