Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,633 episodes available.
May 10, 2023နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၀၊ ၂၀၂၃) - မေ ၁၀, ၂၀၂၃မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုအားလုံးရပ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီကို ဘေးကင်းလုံခြုံစွာ ပေးပို့နိုင်ရေး အာဆီယံ ထိပ်သီးညီလာခံက ကြေညာချက်ထုတ်ပြန်၊ မဂ္ဂဇင်း ပင်တိုင်ဆောင်းပါးရှင်ဟောင်းကို ဒေါ်လာ ငါးသန်းပေးလျော်ဖို့ တရားရုံးဆုံးဖြတ်ချက် အယူခံဝင်သွားမယ့်အကြောင်း သမ္မတဟောင်း Trump တုံ့ပြန် .......more30minPlay
May 09, 2023နေ့စဉ် တီဗွီသတင်းလွှာ (မေ ၉၊ ၂၀၂၃) - မေ ၀၉, ၂၀၂၃မြန်မာနိုင်ငံရေးအကျပ်အတည်းဟာ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်းမှာ အဓိက ဆွေးနွေးတဲ့အကြောင်းအရာ အဖြစ် ပါဝင်နေတဲအ့ကြောင်း ဒေသတင်း သံတမန်တွေက ပြောပါတယ်။ပြီးခဲ့တဲ့ ဧပြီလက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ မီးလောင်တိုက်သွင်းတဲ့ အင်အားပြင်းဗုံးတွေ အသုံးပြုခဲ့တယ်ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ကကြေညာချက် ထုတ်ပြန်ပါတယ်အနောက်အုပ်စုဝင်နိုင်ငံတွေဟာ စစ်ပွဲတရပ်အသွင်နဲ့ ရုရှားကို ဆန့်ကျင်နေကြကြောင်း ရုရှားသမ္မတ Putin က ပြောကြား ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
May 08, 2023နေ့စဉ် တီဗွီသတင်းလွှာ (မေလ ၈၊ ၂၀၂၃) - မေ ၀၈, ၂၀၂၃ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံဖို့ လာတဲ့ အာဆီယံသံတမန်တွေရဲ့ ယာဉ်တန်းကို မနေ့က မနက်ပိုင်း အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်မိသလို ရှုတ်ချပြစ်တင်တဲ့အကြောင်း အင်ဒိုနီးရှား သမ္မတ ပြော၊ ဆူဒန်နိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီပေးနိုင်တဲ့ လမ်းကြောင်းဖွင့်နိုင်ရေး ပဋိပက္ခဖြစ် တိုက်ခိုက်နေတဲ့ နှစ်ဘက် စလုံးက ကိုယ်စားလှယ်တွေ ဆော်ဒီအာရေဗီးယားမှာ ဆွေးနွေး၊ ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကိုတနင်္လာနေ့ အစောပိုင်းက ရုရှားက တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရ...more30minPlay
May 05, 2023နေ့စဉ် တီဗွီသတင်းလွှာ (မေလ ၅၊ ၂၀၂၃) - မေ ၀၅, ၂၀၂၃ဆူဒန်နိုင်ငံမှာအပစ်အခတ်ရပ်စဲထားပေမဲ့ ခါတွန်မြို့တော်တဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်၊ ရုရှားကြေးစားတပ်အနေနဲ့ ရှေ့တန်းမှာ ကျည်ဆံပြတ်လို့ ပြန်ဆုတ်မယ်လို့ တပ်ခေါင်းဆောင်ပြော၊ မြန်မာငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်လာအောင် သက်ဆိုင်သူအားလုံးနဲ့ ဆက်ဆံနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော...more30minPlay
May 04, 2023နေ့စဉ် တီဗွီသတင်းလွှာ (မေ ၄၊ ၂၀၂၃) - မေ ၀၄, ၂၀၂၃နယ်သာလန်နိုင်ငံ The Hague မြို့က နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကြိုတင်ကြေညာမထားဘဲ ဒီနေ့ ရောက်သွားပါတယ်။တပတ်ကြာ အပစ်ရပ်ထားပေမဲ့ ဆူဒန် မြို.တော် ခါတွန် တဝိုက် ဒီနေ့ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာ မလုံလောက်တဲ့ အဆိုးဝါးဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ဆယ်နိုင်ငံထဲမှာ ပါဝင်နေတဲ့အကြောင်း ကုသလမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ FAO က သတိပေး ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
May 03, 2023နေ့စဉ် တီဗွီသတင်းလွှာ (မေ ၃၊ ၂၀၂၃) - မေ ၀၃, ၂၀၂၃မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၂၁၀၀ ကျော်ကို ပြစ်ဒဏ်လျော့ပေါ့လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အကြောင်း စစ်ကောင်စီက ဒီနေ့ ကြေညာပါတယ်။မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တင်းမာမှုတွေကို ဖြေရှင်းရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ကွဲလွဲချက်တွေကို ညှိနှိုင်းဖြေရှင်းပြီး ဖွဲ့စည်းပုံနဲ့ တရားဥပဒေဘောင် အတွင်းကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရအောင်ကြိုးစားဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Qin Gang က မြန်မာစစ်ခေါင်းဆောင်တွေကို ပြောဆိုပါတယ်။စစ်အာဏာသိမ်း မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အခြေအနေတွေ ကျဆင်းနေပြီး နိုင်ငံပေါင်း ၁၈၀ ရှိတဲ့အထဲ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့် အဆင့် ၁၇၃ နေရာမှာ ရှိနေကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF)က ဖော်ပြ ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
May 02, 2023နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၊ ၂၀၂၃) - မေ ၀၂, ၂၀၂၃ယူကရိန်းကိုကျုးကျော်နေတဲ့ ရုရှားတပ်တွေ ဆုတ်ခွာသင့်တယ်လို့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Kevin McCarthy က ပြောလိုက်ပါတယ်။ဆူဒန်စစ်တပ် နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားတယ်လို့ ကုလ ကိုယ်စားလှယ်ကပြောပါတယ်။တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang ဟာ မြန်မာ နယ်စပ်ကို ရောက်နေပြီးနယ်နိမိတ်တလျှောက် တည်ငြိမ်မှုရှိရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းရေး တောင်းဆို ....စတဲ့သတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကိုပါ တင်ဆက်ပေးပါမယ်။...more30minPlay
May 01, 2023နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၊ ၂၀၂၃) - မေ ၀၁, ၂၀၂၃ဆူဒန်နိုင်ငံမှာ အစိုးရ စစ်တပ်နဲ့ လက်နက်ကိုင်တိုက်နေတဲ့ ပြည်သူ့စစ်တွေကြား အပစ်အခတ်ရပ်စဲရေး နောက်ထပ် ၇၂ နာရီ ထပ်တိုးဖို့ သဘောတူ၊ ယူကရိန်း တောင်ပိုင်းမှာ အဆင့်မြင့် ကာကွယ်ရေး စနစ်တွေကို ရုရှားက တည်ဆောက်နေတယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနကထုတ်ပြန်၊ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်း အနေနဲ့ မြန်မာနိုင်ငံကို နောက်ထပ် သွားရောက်မယ့် ခရီးစဉ်တွေ ရှိခဲ့မယ်ဆိုရင် NUG အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အပါအဝင် မြန်မာနိုင်ငံက အရေးပါတဲ့ သက်ဆိုင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ NUG တောင်းဆို...more30minPlay
April 28, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၂၈၊ ၂၀၂၃) - ဧပြီ ၂၈, ၂၀၂၃ဆူဒန်နိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ သဘောတူကြပေမဲ့လည်း Khartoum မြို့ RSF ပြည်သူ့စစ် တပ်ဖွဲ့တွေ ခြေကုပ်ယူထားတဲ့နေရာတွေကို စစ်တပ်က တိုက်လေယာဉ်တွေ ဗုံးကျဲ၊ ယူကရိန်း မြို့တော် Kyiv အပါအဝင်နိုင်ငံတဝန်းက မြို့ကြီးတွေကို ရုရှားဒုံးကျည်တွေနဲ့ ပစ်ခတ်၊ မြန်မာစစ်တပ်ကို အရေးယူဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ဂျပန်အစိုးကို တိုက်တွန်း...more30minPlay
April 27, 2023နေ့စဉ် တီဗွီသတင်းလွှာ (ဧပြီ ၂၇၊ ၂၀၂၃) - ဧပြီ ၂၇, ၂၀၂၃ယူကရိန်းသမ္မတနဲ့ တရုတ်သမ္မတ ဖုံးဆက်စကားပြောဆိုတာကို နေတိုး မဟာမိတ်အဖွဲ့ အကြီးအကဲက ကြိုဆို၊ ဆူဒန်မှာ ၃ ရက်ကြာ နှစ်ဘက် အပစ်အခတ် ရပ်စဲမှု သက်တမ်း တိုးနိုင်ဖို့ အမေရိကန်နဲ့ အာဖရိကနိုင်ငံတွေ ကြားဝင် ကြိုးပမ်း၊ မြန်မာနိုင်ငံအတွက် ဂျပန်က ပေးထားတဲ့ ခရီးသည်တင် သင်္ဘောတွေကို စစ်တပ်အတွက် အသုံးပြုနေ.....more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,633 episodes available.