Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,634 episodes available.
August 23, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၂၃၊ ၂၀၂၂) - ဩဂုတ် ၂၃, ၂၀၂၂ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် နေရပ်ပြန်ဖို့ဆိုရင် စစ်ကောင်စီဘက်က လုံခြုံရေးအရ အာမခံချက်ပေးဖို့လိုမယ်လို့ Cox's Bazar ဒုက္ခသည်စခန်းက ခေါင်းဆောင်တဦးက VOA ကိုပြော၊ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာက တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ တာမခန် ကျေးရွာအနီး တဝိုက်မှာ ၅၀၀ ကျော်လောက် ဆက်ရှိနေတဲ့အကြောင်း ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့တွေက ပြောကြား၊မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့ တယ်လီဖုံးဆက် စကားပြောခွင့်ရခဲ့တဲအကြောင်း ဂျပန်သတင်းစာမှာ ရေးသား .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
August 22, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၂၂၊ ၂၀၂၂) - ဩဂုတ် ၂၂, ၂၀၂၂ယူကရိန်းနိုင်ငံမှာ လွတ်လပ်ရေးနေ့ကျင်းပဖို့ ပြင်ဆင်နေချိန်မှာဘဲ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ယူကရိန်းသမ္မတ Zelenskyy က သတိပေး၊အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲပြီး အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကိုတနင်္လာနေ့မှာ စတင်ပြုလုပ်နေကြောင်း တောင်ကိုရီးယားအာဏာပိုင်တွေက ပြော၊အစွန်းရောက်အမျိုးသားရေး ဝါဒီတဦးဖြစ်သလို ရုရှားက ယူကရိန်းကို ကျုးကျော်တာကို ထောက်ခံသူ Alexander Dugin ရဲ့ သမီးဖြစ်သူ Daria Dugina ဟာ ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တယ်ဆိုလို့ ရုရှားအာဏာပိုင်တွေက ပြောကြား .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
August 19, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၉၊ ၂၀၂၂) - ဩဂုတ် ၁၉, ၂၀၂၂Zaporizhzhia နျူကလီးယား ဓါတ်အားပေးစက်ရုံကို IAEA က လာရောက်စစ်ဆေးနိုင်ဖို့ ရုရှားဘက်က တားဆီးစရာ အကြောင်းမရှိဘူးလို့ ယူကရိန်းသမ္မတပြော၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ ပြုလုပ်နေတဲ့ G-20 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို အနောက်နိုင်ငံတွေက အကြီးအကျယ် ဝေဖန်တာကြောင့် ရုရှားနိုင်ငံ ခြားရေး ဝန်ကြီးLavrov အစည်းအဝေးခန်းမထဲထွက်၊ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကို နောက်ပိုင်း သင့်တော်တဲ့ အချိန်တခုမှာ တွေ့ဆုံခွင့်ပေးမယ်လို့ စစ်ကောင်စီအကြီးအကဲ ပြော...more30minPlay
August 18, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၈၊ ၂၀၂၂) - ဩဂုတ် ၁၈, ၂၀၂၂နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့နဲ့ ကွက်မျက်မှုတွေ ရပ်ဖို့ ကုလ အထူးကိုယ်စားလှယ် တောင်းဆို၊ မြန်မာနိုင်ငံ ဒေသအတော်များများမှာ ဒီရက်ပိုင်း မိုးများပြီး ရေကြီးမှုအန္တရာယ် ကြုံနေရ၊ ယူကရိန်းသမ္မတနဲ့ ကုလ အတွင်းရေးမှူးချုပ် ဒီကနေ့ ယူကရိန်းအရေး တွေ့ဆုံ ဆွေးနွေးဖို့ရှိ…စတဲ့ နောက်ဆုံးရသတင်းနဲ့ သတင်းဆောင်းပါးတွေ တင်ပြထားပါတယ်။...more30minPlay
August 17, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၇၊ ၂၀၂၂) - ဩဂုတ် ၁၇, ၂၀၂၂ရုရှားတပ်တွေရဲ့ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံတွေရှိရာ နေရာတွေကို ရှောင်ရှားကြဖို့နဲ့ သတိကြီးစွာနေထိုင်ကြဖို့ ယူကရိန်းသမ္မတ ပြည်သူတွေကို သတိပေး၊ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတချို့ဟာ ပြည်ပဖိအားတွေ လက်ခံပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား လက်ခံထားတဲ့ ပဋိညာဉ်စာတမ်းပါ အချက်တွေကို ချိုးဖေါက်နေတယ်လို့ မြန်မာစစ်ကောင်စီပြောခွင့်ရ ဝေဖန်ပြောဆို .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
August 16, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၆ ၊ ၂၀၂၂) - ဩဂုတ် ၁၆, ၂၀၂၂မြန်မာနိုင်ငံဆိုင်ရာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိ၊ လူ့အခွင့်အရေးဆိုင်ရာ ကုလ မဟာမင်းကြီး Michelle Bachelet ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်၊ ရုရှား နျူကလီးယား လုပ်ငန်းတွေကို ပိတ်ဆို့ ဒဏ်ခတ်ဖို့ ယူကရိန်း တောင်းဆို..စတဲ့ နောက်ဆုံးရသတင်းတွေ တင်ပြထားပါတယ်။...more30minPlay
August 15, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၅ ၊ ၂၀၂၂) - ဩဂုတ် ၁၅, ၂၀၂၂ယူကရိန်းအရှေ့ပိုင်း Donbas ဒေသနဲ့ တောင်ပိုင်း မြို့ကြီးတချို့ကို ရုရှားက အမြောက်တွေနဲ့ အပြင်းအထန် ပစ်ခတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်၊ မြန်မာနိုင်ငံမှာ ဒေါ်လာဈေး ကစားမှုတွေကြောင့် ရွှေဈေး ထိန်းသိမ်းရခက်…စတဲ့ နောက်ဆုံးရသတင်းနဲ့ သတင်းဆောင်းပါးတွေ တင်ပြထားပါတယ်။...more30minPlay
August 12, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၂ ၊ ၂၀၂၂) - ဩဂုတ် ၁၂, ၂၀၂၂ယူကရိန်း Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံအနီးတဝိုက် ရုရှားဘက်က နောက်ထပ်ပစ်ခတ်တိုက်ခိုက်မှု လုပ်တာကို မှတ်တမ်းယူထားတယ်လို့ ယူကရိန်းသမ္မတက ပြော၊သမ္မတဟောင်းထရမ့်ကလည်း သူရဲ့ Mar-a-Lago အိမ်ကိုဝင်ရောက်ရှာဖွေစဉ်မှာ FBI က အသုံးပြုခဲ့တဲ့ ဖယ်ဒရယ်တရားရုံးရဲ့ရှာဖွေဝရမ်းကို ချက်ချင်းထုတ်ပြန်ဖို့ တုံ့ပြန် တောင်းဆို၊အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် Cincinnati မြို့ FBI ရုံးထဲကို အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ လက်နက်ကိုင် အမျိုးသားကို ရဲက ပစ်သတ် ... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
August 11, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၁ ၊ ၂၀၂၂) - ဩဂုတ် ၁၁, ၂၀၂၂ခရိုင်းမီးယားကျွန်းဆွယ်ပေါ်က ရုရှား Saki လေတပ်အခြေစိုက်စခန်းက ရုရှား စစ်လေယာဉ် ၉ စီး ပျက်စီးသွားတယ်လို့ ယူကရိန်းက ပြော၊ထိုင်ဝမ်အပေါ် တရုတ်ဘက်က ဖိအားပေးတာတွေကို လုပ်နေကြပုံစံတခုအဖြစ် အမေရိကန်အနေနဲ့ ခွင့်ပြုလို့ မရတဲ့အကြောင်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nacny Pelosi က ပြောပါ၊အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဟောင်း John Bolton ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ အီရန် သူလျှိုတဦးကို စွဲချက်တင်လိုက်တဲ့အကြောင်း အမေရိကန်တရားရေးဌာနက ပြော .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
August 10, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၀ ၊ ၂၀၂၂) - ဩဂုတ် ၁၀, ၂၀၂၂ယူကရိန်း ကျူးကျော်စစ်မှာ သုံးဖို့ စေတနာ့ဝန်ထမ်းတွေ ပါဝင်တဲ့ မြေပြင်တပ်ဖွဲ့ အသစ်တစ်ခုကို ရုရှားဘက် ဖွဲ့စည်းပြီးသလောက် ဖြစ်နေပြီလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြော၊ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ထိန်းချုပ်နိုင်ရေး စစ်ရေးအရ အင်အားသုံးသွားမယ့်အကြောင်း တရုတ်နိုင်ငံက ထပ်လောင်း အတည်ပြု၊ကျုးဘားနိုင်ငံ အနောက်ပိုင်း ရေနံနဲ့ လောင်စာ သိုလှောင်ကန်ကြီးတွေ ၅ ရက်ဆက်တိုက် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး အခုတော့ မီးကို ငြိမ်းသတ်နိုင်ခဲ့ပြီလို့ ကျုးဘား သမ္မတ က ပြော .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,634 episodes available.