Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
September 30, 2022နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၃၀၊၂၀၂၂) - စက်တင်ဘာ ၃၀, ၂၀၂၂ယူကရိန်းနိုင်ငံရဲ့ ၁၅ရာခိုင်နှုန်းကျော်ကျော်ကို သိမ်းယူပြီး ရုရှားပြည်ထောင်စုထဲကို တရားဝင်သွတ်သွင်းလိုက်ပြီလို့ ရုရှားက ကြေညာပါတယ်။ထောင်ဒဏ် ၃ နှစ် ကျခံရသူ NLD စီးပွားရေးအကြံပေး ပါမောက္ခ Sean Turnell လွတ်မြောက်ရေး လုပ်နိုင်သမျှအားလုံး လုပ်သွားမယ်လို့ ဩစတေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။...more30minPlay
September 29, 2022နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၉၊၂၀၂၂) - စက်တင်ဘာ ၂၉, ၂၀၂၂ယူကရိန်းနိုင်ငံတွင်း ဒေသ ၄ ခုကို ရုရှားပိုင်နက်နယ်မြေအဖြစ်နဲ့ သိမ်းသွင်းလိုက်ကြောင်း ရုရှားက မနက်ဖြန်မှာတရားဝင်ကြေညာဖို့ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရ ဘဏ္ဍာရေးဝန်ကြီးသုံးဦးအပါအဝင် စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell တို့ကို ထောင်ဒဏ် သုံးနှစ် စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေ တင်ဆက်ပေးမှာပါ။...more30minPlay
September 28, 2022နေ့စဉ် တီဗွီသတင်းလွှာ(စက်တင်ဘာ ၂၈၊ ၂၀၂၂) - စက်တင်ဘာ ၂၈, ၂၀၂၂ယူကရိန်းကိုအကြပ်ကိုင်ခြိမ်းခြောက်မှုကြောင့် ယူကရိန်းဘက်ထောက်ခံမှုတွေပဲဖြစ်လာစေမယ်ဆိုတာ ရုရှားကိုသိအောင်ပြကြဖို့ ယူကရိန်းက တိုက်တွန်းပါတယ်။ Baltic ပင်လယ်ထဲ Nord Stream သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှစ်ခု ဓာတ်ငွေ့ယိုစိမ့်မှုတွေဟာ ရည်ရွယ်ချက်ရှိရှိလုပ်တာထင်ရှားတယ်လို့ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲကပြောပါတယ်။ ဒီသတင်းတွေနဲ့ သတင်းဆောင်းပါးတွေ တင်ဆက်ပေးပါမယ် ။...more30minPlay
September 27, 2022နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၇၊၂၀၂၂) - စက်တင်ဘာ ၂၇, ၂၀၂၂ယူကရိန်းနိုင်ငံဒေသလေးခုမှာ ရုရှားလိုလားတဲ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့နိုင်ရေးအတွက် ဆန္ဒခံယူပွဲကျင်းပတာ အခုအင်္ဂါနေ့ပြီးဆုံးပါတယ်။ဂျပန်ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ သြဇာအရှိဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်းရှင်ဇို အာဘေးကို ဂျပန်နိင်ငံသားတွေ နောက်ဆုံး ဂါရဝပြု နှုတ်ဆက်ကြပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေ သတင်းပေးပို့ချက်တွေ တင်ဆက်ပေးပါမယ်။...more30minPlay
September 26, 2022နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၆၊၂၀၂၂) - စက်တင်ဘာ ၂၆, ၂၀၂၂နျူကလီယား လက်နက်တွေ နဲ့ ပတ်သက်ပြီး ပရမ်းပတာတွေပြောဆိုမှုတွေရပ်ဖို့ ရုရှား ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးBliken က သတိပေးပါတယ်။ အာဆီယံအသင်းရဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ချက်တွေ တွေဟာ မြန်မာနိုင်ငံပဋိပက္ခတွေ ချုပ်ငြိမ်းအောင် အကောင်းဆုံးအကူအညီပေးနိုင်မယ် ယုံကြည်တယ်လို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai က ပြောဆိုသွားပါတယ်။ အီတလီမှာ တနင်းနွေနေ့က ကျင်းပခဲ့တဲ့ လွတ်တော်ရွေးကောက်ပွဲတွေ ကနဦးမဲစစ်တမ်းတွေမှာ လက်ယာညွန့်ပေါင်းအဖွဲ့တွေက အနိုင်ရနေပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေကို တင်ဆက်ပေးမှာပါ။...more30minPlay
September 23, 2022နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၃၊၂၀၂၂) - စက်တင်ဘာ ၂၃, ၂၀၂၂မြန်မာစစ်ကောင်စီ စီစဉ်တဲ့ ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စုက ထောက်ခံမှာမဟုတ်သလို၊ မြန်မာ့အရေးကို ကုလလုံခြုံရေးကောင်စီကတိုးမြှင့်ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံက ပြောပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသတွေမှာ လူထုဆန္ဒခံယူပွဲကို သောကြာနေ့မှာ စတင်မဲပေးနေပါပြီ...more30minPlay
September 22, 2022ဗွီအိုအေ တီဗွီအစီအစဉ် (စက်တင်ဘာ ၂၂၊၂၀၂၂) - စက်တင်ဘာ ၂၂, ၂၀၂၂ယူကရိန်းအတွက် စစ်ရေး အထောက်အပံ့တွေ ဆက်ပြီးတိုးမြှင့်ပေးသွားဖို့ EU နိုင်ငံခြားရေး ဝန်ကြီးတွေ သဘောတူခဲ့ကြတယ်လို့ EU နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ Josep Borrell ကပြောပါတယ်။ စစ်မက် ဖြစ်ပွားနေတဲ့ ရုရှားနဲ့ ယူကရိန်းတို့အကြား အပြန်အလှန် အကျဉ်းသား လဲလှယ်ရေး အစီအစဉ် တရပ်ကို ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေအပါအဝင် နိုင်ငံရေးအရ မတူညီ၊ကွဲပြားတဲ့ သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ဆွေးနွေးပြောဆိုမှုဟာ မရှိမဖြစ်လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ပြောပါတယ်။ ဒီသတင်းတွေနဲ့ သတင်းလွှာတွေ တင်ဆက်ပေးပါမယ်။...more30minPlay
September 21, 2022နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၁၊၂၀၂၂) - စက်တင်ဘာ ၂၁, ၂၀၂၂ယူကရိန်း အရှေ့မြောက်ပိုင်းဒေသတချို့မှာ ရုရှားအရံတပ်ဖွဲ့တွေကို တာဝန်ချထားမယ်လို့ ရုရှားသမ္မတ Vladimir Putin က ကြေညာပါတယ်၊ ကုလနဲ့ အာဆီယံတို့က မြန်မာ့အရေး တိတိကျကျ အရေးယူဆောင်ရွက်လာအောင် အပြစ်မဲ့ကလေး ဘယ်နှစ်ယောက် အသတ်ခံပေးရမှာလဲ လို့ SAC-M က မေးခွန်းထုတ်လိုက်ပါတယ် စတဲ့သတင်းတွေနဲ့ သတင်းဆောင်းပါးတွေ ထုတ်လွှင့်ပေးပါမယ်။...more30minPlay
September 20, 2022နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၂၀၊ ၂၀၂၂) - စက်တင်ဘာ ၂၀, ၂၀၂၂အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ အမေရိကန် အထူးသံအဖြစ် သံအမတ်ကြီး Yohannes Abraham ဟာ မနေ့က အမေရိကန် ဒုသမ္မတ Kamala Harris ရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုပါတယ်။ အာဆီယံအနေနဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖေါ်နိုင်တော့ဘူးဆိုရင် နောက်တဆင့် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ရတော့မယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah ပြောဆိုပါတယ် စတဲ့ နောက်ဆုံးရသတင်းတွေနဲ့ သတင်းလွှာတွေကိုတင်ဆက်ပေးပါမယ်။...more30minPlay
September 19, 2022နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၁၉၊၂၀၂၂) - စက်တင်ဘာ ၁၉, ၂၀၂၂ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီးရဲ့ နိုင်ငံတော် ဈာပနကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ တော်ဝင်မိသားစုတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေတက်ရောက်ကြပါတယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လက်နက်ကြီးကျည်တွေ ကျခဲ့တဲ့ ပစ်ခတ်မှုဟာ မြန်မာစစ်တပ်ရဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်လာတဲ့ လုပ်ရပ်ဖြစ်တာကြောင့် စစ်ကောင်စီအပေါ်နိုင်ငံတကာလက်နက်ရောင်းချမှုတွေ ရပ်တန့်ဖို့ AA က ပြောပါတယ် စတဲ့သတင်းတွေနဲ့ သတင်းလွှာတွေ တင်ဆက်ပေးပါမယ်။...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.