Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.
August 05, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၅ ရက်၊ ၂၀၂၂) - ဩဂုတ် ၀၅, ၂၀၂၂မြန်မာစစ်ကောင်စီ ရှေ့နှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blkinen က တိုက်တွန်း၊မြန်မာစစ်ကောင်စီအနေနဲ့ မြန်မာ့အရေးအာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်မှုပိုင်း နှောင့်နှေးနေတဲ့အပေါ် အင်မတန် စိတ်ပျက်မိတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်၊ထိုင်ဝမ်အနီး တရုတ် စစ်ရေးလေ့ကျင့်နေတဲ့အပေါ် ဒေသတွင်း အနောက်နိုင်ငံတွေရဲ့ မဟာမိတ်တွေက စိုးရိမ်တကြီးဖြစ်လာပြီး အမေရိကန်၊ ဥရောပနဲ့ နေတိုးအဖွဲ့အစည်းတွေနဲ့ ပိုပြီးနီးကပ်ဖို့ကြိုးပမ်းလာ...စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
August 04, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၄ ရက်၊ ၂၀၂၂) - ဩဂုတ် ၀၄, ၂၀၂၂အာဆီယံ အရှေ့တောင်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ ရောက်ရှိ၊ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုအပြင် နိုင်ငံရေးပုဒ်မနဲ့ စစ်ကောင်စီ တရားစွဲ၊ အမေရိကန် အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ရဲ့ ထိုင်ဝမ်ခရီးစဉ်ပြီးဆုံးသွားပေမဲ့ အကျိုးသက်ရောက်မှုအဖြစ် တရုတ်ဟာ ထိုင်ဝမ်ကျွန်းတဝိုက် စစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့် ဆက်တိုက် လုပ်ဆောင်.... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
August 03, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၃ ရက်၊ ၂၀၂၂) - ဩဂုတ် ၀၃, ၂၀၂၂ပဋိပက္ခတွေ အကြပ်အတည်းမျိုးစုံ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတည်ငြိမ်ရေး စစ်ကောင်စီရဲ့ ကြိုးပမ်းချက်တွေကို ရုရှားနိုင်ငံအနေနဲ့ ထောက်ခံကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov ပြော၊ မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို စစ်ကောင်စီဘက်က ထပ်ပြီး ကွပ်မျက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲ လုပ်ဆောင်ရလိမ့်မယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် သတိပေး၊ ထိုင်ဝမ်ကို သွားရောက်တဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ဟာ ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ တွေ့ဆုံအပြီးမှာပဲ ခရီးစဉ်အဆုံးသတ်ပြီး ထိုင်ဝမ်ကနေ ပြန်လည်ထွက်ခွာ.... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
August 02, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၂ ရက်၊ ၂၀၂၂) - ဩဂုတ် ၀၂, ၂၀၂၂အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကျွန်းကို ရောက်လာမယ်လို့ ထိုင်ဝမ်မီဒီယာမှာဖော်ပြ၊ ဒီလို ထိုင်ဝမ်ကို သွားမယ်၊ မသွားဘူးဆိုတာ အောက်လွှတ်တော်ဥက္ကရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော.......more30minPlay
August 01, 2022နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၀၁၊ ၂၀၂၂) - ဩဂုတ် ၀၁, ၂၀၂၂အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ ဒီကနေ့ တွေ့ဆုံ၊ မြန်မာစစ်ကောင်စီက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သက်တမ်းကို နောက်ထပ် ၆ လ သက်တမ်းတိုး.... စတဲ့သတင်းတွေအပါအဝင်ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
July 29, 2022နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင်၊ ၂၉၊ ၂၀၂၂) - ဇူလိုင် ၂၉, ၂၀၂၂ယူကရိန်း အရှေ့ပိုင်းမှာ ယူကရိန်းတပ်တွေ အမြောက်တွေနဲ့ ပစ်ခတ်လို့ စစ်အတွင်းဖမ်းထားတဲ့ ယူကရိန်းအကျဉ်းသား ၄၀ လောက် သေဆုံးသွားတဲ့အကြောင်း ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးအဖွဲ့တွေက ပြော၊အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်း အစွန်းရောက်အကြမ်းဖက်ဝါဒ အန္တရာယ်မြင့်မားနေဆဲပဲလို့ အမေရိကန်တရားရေးဌာနက ပြော၊အာဆီယံအနေနဲ့ မြန်မာနိုင်ငံပဋိပက္ခအဆုံးသတ်ရေး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တခု ချမှတ်ဖို့လိုအပ်နေပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း...more30minPlay
July 28, 2022နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင်၊ ၂၈၊ ၂၀၂၂) - ဇူလိုင် ၂၈, ၂၀၂၂ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး နိုင်ငံတောင်ပိုင်းက ဒေသ ၃ ခုမှာ ရုရှားတပ်ဖွဲ့အင်အားတွေ တိုးချလာ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို ကွပ်မျက်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတယ်လို့ စီးပွားအင်အားကြီး ၇ နိုင်ငံ ပြောကြား၊ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီး နိုင်ငံရေးအကြပ်အတည်းတွေကြား မြန်မာနိုင်ငံအတွင်းက မိသားစုတွေရဲ့ ပျမ်းမျှဝင်ငွေ တဝက်ကျော် ကျဆင်း... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
July 27, 2022နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၂၇၊ ၂၀၂၂) - ဇူလိုင် ၂၇, ၂၀၂၂၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်ကွပ်မျက်လိုက်တဲ့အပေါ် ရှုတ်ချပြစ်တင်ရမယ့် အကြမ်းဖက်မှုဖြစ်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် နိုင်ငံတကာ နိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲကြေညာချက် ထုတ်ပြန်၊ ယူကရိန်းတပ်ဖွဲ့တွေ နိုင်ငံတောင်ပိုင်းက မဟာဗြူဟာမြောက်တဲ့ တံတားတခုကို ဒုံးကျည်နဲ့ ပစ်ခတ် ဖျက်ဆီး၊ ၂၀၂၀ အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့ ကြိုးစားရာမှာ သမ္မတဟောင်း Donald Trump ရဲ့ လုပ်ဆောင်ချက်တွေ ရာဇဝတ်မှု မြောက်၊ မမြောက် အမေရိကန်တရားရေးဌာန စုံစမ်းစစ်ဆေးနေ..... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
July 26, 2022နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၂၆၊ ၂၀၂၂) - ဇူလိုင် ၂၆, ၂၀၂၂၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့နဲ့ အတူ နောက်ထပ် ၂ ဦးကို ကွပ်မျက်လိုက်တာဟာ အာဆီယံကလုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို မထီမဲ့မြင် လုပ်လိုက်တာဖြစ်သလို၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုအဖြစ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဝေဖန်၊ ကုလသမဂ္ဂကတော့ ဒီကွပ်မျက်မှုကြောင့် ဆိုးရွားနေပြီးသား မြန်မာ့ လူ့အခွင့်အရေးအခြေနေတွေ ပိုပြီးဆုတ်ယုတ်ကျဆင်းစေမယ့်အကြောင်း သတိပေးပြော၊ ဒီကွပ်မျက်မှုကိုတောင်ကိုရီးယားအစိုးရအနေနဲ့ ပြစ်တင်ရှုတ်ချကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပြော... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။...more30minPlay
July 25, 2022နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၂၅၊ ၂၀၂၂) - ဇူလိုင် ၂၅, ၂၀၂၂ထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့နဲ့အတူ နောက်ထပ် ၂ ဦးကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြစ်ဒဏ်စီရင်ပြီးတဲ့အကြောင်း မြန်မာစစ်ကောင်စီကြေညာ၊ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကွပ်မျက်လိုက်တယ်ဆိုတဲ့ သတင်းကြောင့် နိုင်ငံတကာက ရှုတ်ချပြစ်တင်နေချိန်မှာပဲ ပဋိပက္ခကို ဖွဲ့စည်းပုံ မူဘောင်တွေထဲကသာ အဖြေရှာသင့်တဲ့အကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာနကလည်း တိုက်တွန်း...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,722 episodes available.