အီတလီနိုင်ငံမှာ ကျင်းပတဲ့ G7 စက်မှုထိပ်သီးညီလာခံကို တက်ရောက်ဖို့ အမေရိကန်သမ္မတ Joe Biden သွားရောက်၊ အာဆီယံအနေနဲ့ မြန်မာပြည်သူတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီဖို့ အဓိကထားတဲ့အကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ပြော၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ လူတွေကြောင့် ဖြစ်ရတဲ့ ငတ်မွတ်ခေါင်းပါးမှု ကို ဟန့်တားနိုင်အောင် G7 စက်မှု အင်အားကြီးနိုင်ငံတွေအနေနဲ့ ကာကွယ်ပေးဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ က မေတ္တာရပ်ခံလိုက်ပါတယ်။