ဒီနေ့အတွက်စကား

Never Forget To Love Yourself.


Listen Later

ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မမေ့ပါနဲ့။ ကိုယ့်ကိုယ်ကိုချစ်ပါလို့ ပြောတဲ့အခါ တစ်ချို့က နားလည်မှုလွဲ သွားတာမျိုးရှိတယ်။ ကိုယ့်ကိုယ် ကိုချစ်တာက အတ္တကြီးခြင်းတစ်မျိုးလားပေါ့။ တကယ်တော့ကိုယ့်ကိုယ်ကို ချစ်တာကအတ္တကြီးတာမဟုတ်ပါဘူး။ လူတစ်ယောက် က မိမိကိုယ်ကိုလည်း ချစ်ခင်နိုင်ဖို့လိုအပ်ပါတယ်။ လူတွေက များသောအားဖြင့် ကိုယ်ချစ်ရတဲ့ တခြားလူတွေကို ချစ်ခင်ကြောင်းဖော်ပြတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ ကိုယ့်ကိုယ်ကို ချစ်ကြောင့်ဖော်ပြဖို့​တော့ မေ့နေတတ်ကြပါတယ်။ ကိုယ့်ကိုယ် ကိုယ် ချစ်တာက ကောင်းမွန်တဲ့အရာတစ်ခုပါ။                                                                                             

မိသားစုထဲမှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် ကိုယ်ကျရာနေရာမှာ တန်ဖိုးရှိပြီး အရေးပါတဲ့ လူတစ်ယောက်ဖြစ်စေဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။ လူတစ်ယောက်ဟာကိုယ့်ကိုယ်ကိုယ်မှ မချစ်တတ်ရင် အခြားသူတွေကို ချစ်ခြင်း မေတ္တာတွေ ပြည့်ပြည့်ဝဝမျှဝေနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အရင်ဆုံး ကိုယ့်မှာရှိနေတဲ့ လိုအပ်ချက်ကိုဆန်းစစ်ပြီး ကိုယ့်ကိုယ် ကိုယ် ချစ်ခင်တန်ဖိုးထားတဲ့အနေနဲ့ ကိုယ့်လိုအပ်ချက်ကိုအရင်ဆုံးပြင်ဆင်ဖြည့်ဆည်းလိုက်မယ်ဆိုရင် အခြားသူတွေ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ ပိုတွေးတတ်လာပါလိမ့်မယ်။  

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM