ဒီနေ့အတွက်စကား

Never Forget To Love Yourself Truly & Deeply.


Listen Later

တခြားသူတွေကို ဂရုစိုက်ဖို့က အရေးကြီးသလိုကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့လည်း မေ့မထားသင့်ပါဘူး။ ကျွန်တော်တို့ တော်တော် များများကကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့ကို လစ်လျူရှုထားမိကြပါတယ်။ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကိုယ် ချစ်တက်ဖို့က ဘာကြောင့် အရေးကြီးလဲ?   ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်ချစ်တက်ခြင်းက ဘယ်လိုကောင်းကျိုးတွေ ရှိစေလဲ ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်ချစ်တက်ခြင်း အားဖြင့် ပထမဆုံးအနေနဲ့ စိတ်ဖိစီးမှု နည်းစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်ပြီး ဂရုစိုက်တဲ့ အလေ့အထကို မွေးမြူခြင်းဟာ နေ့စဉ် ဘဝထဲက စိတ်ဖိစီးမှုတွေအထိုက်အလျှောက် လျော့နည်းသက်သာသွားစေနိုင်ပါ တယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တက်ခြင်းကြောင့် ဘယ်အရာတွေက ကိုယ့်ကို ပင်းပန်စေတယ် ၊ ဘာတွေကတော့ စိတ်ဖိစီးမှုကိုဖြစ်စေတယ်ဆိုတာ ကောင်းကောင်းခွဲခြား သိနိုင် မှာဖြစ်ပြီးစိတ်ဖိစီးမှုကို လျှော့ချဖို့အတွက်မှန်ကန်တဲ့ ခြေလှမ်းတွေကိုလုပ်ဆောင်နိုင်ပါလိမ့်မယ်။

...more
View all episodesView all episodes
Download on the App Store

ဒီနေ့အတွက်စကားBy Padamyar FM