Wai's Postbox

❝ငယ်ငယ်တုန်းက အိမ် ❞


Listen Later

အိမ်လို့ပြောလိုက်ရင် ဘာကို သတိတရ အောက်မေ့မိလဲ။

ဘာကို ပြေးမြင်လဲ။

အမေရိကန်မော်ဒန်ကဗျာဆရာမကြီး ဂါးထရု(ဒ်) စတိုင်းန်ရဲ့

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်မှာ နာမည်ကြီးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ 'There is no there there' 'အဲဒီမှာ အဲဒီမှာ မရှိတော့ဘူး' တဲ့။

ဆရာမကြီး စတိုင်းန်ဟာ သူမရဲ့မွေးရပ်ဇာတိကို နှစ်၃၀ကျော်လောက်မှပြန်ရောက်ပြီး အရာရာဟာ လုံးဝပြောင်းလဲသွားတာတွေ့လိုက်ရတယ်။

သူမ ခလေးဘဝကနေခဲ့တဲ့အိမ်ရယ် သစ်ပင်တွေရယ် ဆော့ကစားခဲ့တဲ့နေရာတွေလည်း မရှိတော့ဘူး။

သူမ တွေ့ချင်တဲ့အရာတွေ၊ လွမ်းနေခဲ့ရသမျှဆီပြန်ရောက်လာတဲ့အခါ

အဲဒီလွမ်းစရာတွေဟာ ဘာတစ်ခုမှမရှိတော့ဘူး။

လွမ်းလို့ပြန်လာခါမှ လွမ်းစရာဟာ မရှိတော့ဘူး။

သူ့ရဲ့ ဇာတိမြို့ကို ပြန်ရောက်နေပေမယ့် သူ့မြို့ မဟုတ်တော့သလိုပဲ

ဒီမြို့နဲ့ သူနဲ့ကြား နီးစပ်နွေးထွေးမှု မရှိတော့သလိုပဲ။

တွေးတွေးပြီးလွမ်းခဲ့ လွမ်းလွမ်းပြီးတွေးခဲ့တာဟာ ဘယ်မှာမှ မရှိတော့ဘူး' There is no there there ။လို့ ရင်နာနာနဲ့ မှတ်တမ်းတင်ခဲ့တာပါ။

...more
View all episodesView all episodes
Download on the App Store

Wai's PostboxBy Wai