ကျွန်တော်ရဲ့ ဇာတိမြို့လေးက တောင်ကြားက ခပ်ခေါင်ခေါင်နေရာလေး။
ကျနော့် မိဘတွေ အဘွားရှိရာ မြို့ဆီ ကျနော့်ကို ကျောင်းတက်ဖို့လိုက်ပို့ကြတယ်၊
အဖွားရဲ့ မြို့လေးက ဆောင်းတွင်းမှာ သိသိသာသာ အေးလာတယ်၊
ညဘက်ဆို အပြင်ထွက်တဲ့သူလည်း နည်းလာတယ်၊ မဖြစ်မနေက လွဲရင် အပြင်မထွက်ကြတော့သလိုပဲ။
ကျောင်းမှာ ကျနော့်အတန်းဖော်က တီးတိုးပြောတယ်။
ညစျေးကြီး ပေါ်လာတော့မယ်တဲ့၊ သူ့ကြည့်ရတာလည်း တခုခု ဖြစ်နေသလိုပဲ။
....
ကျောင်းမှာ အချိန်ပို စာသင်ချိန်တွေ လျှော့လိုက်တယ် ညနေ ခပ်စောစောပြန်ရတယ်၊ မိဘတွေကလည်းသူတို့ ကလေးတွေကို လာလာကြိုကြတယ်။
အရင်လို ကျောင်းဆင်းချိန် ဆော့ကစားတာတွေလည်း မရှိတော့ဘူး။
မြို့က ဘာနဲ့ တူလာလဲဆိုတော့ တခုခုကို တိတ်တိတ်လေး ခပ်သုတ်သုတ် လုပ်နေကြသလိုမျိုးပဲ။
တရက် ကျနော် ကျောင်းသွားတော့ လက်ဖက်ရည်ဆိုင်နားက အဖြတ် ....
ညစျေးကြီး အကြောင်း လူတွေ တိုးတိုး တိုးတိုးနဲ့ စကားဝိုင်းဖွဲ့နေကြတယ်။
မြို့ရဲ့ ကျဉ်းမြောင်းတဲ့လမ်းကြားတွေထဲ လမထွက်တဲ့ညတွေမှာ
ညစျေးကြီး ရုတ်တရက် ပေါ်လာမှာတဲ့။