[[Unicode]]
ကိုဗစ်ရှိမရှိ စမ်းသပ်တဲ့ Antigen Test တွေ ဘယ်လို အထောက်အကူပြုသလဲ၊ ပြည်တွင်းဈေးကွက်ထဲက ကိုဗစ်ရောဂါစစ်တဲ့ပစ္စည်းတွေ သတိထားကြဖို့ ကျန်းမာရေးဌာနသတိပေး၊ တရုတ်ထုတ် ကိုဗစ်ကာကွယ်ရေးအတုတွေ စုံစမ်းဖော်ထုတ်ဖို့ ကျန်းမာရေးဌာန ညွန်ကြားချက်ထုတ်၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအတွင်း အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ အိမ်ထောင်ပြုမှု များပြားနေ စတာတွေနဲ့ အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ - ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားကဏ္ဍတို့ကို နားဆင်ကြရမှာပါ။