Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

နူးညံ့သိမ့်မွေ့ခြင်း၊ ကြမ်းကြုပ်ခတ်ထန်ခြင်း သို့မဟုတ် လူသားဆန်ခြင်း


Listen Later

ကိုဒေးဗစ် ရဲ့ ဘ၀ဟာ အပူအပင်ကင်းသည်။ ကိုယ်ဝါသနာပါရာ သီချင်း ဂီတ ဓာတ်ပုံ အကုန်လုပ်ခွင့်ရသည်။ ကိုယ်တိုင်ရဲ့ ကြိုးစားရုန်းကန်မှုနှင့်အတူ သာယာမှု အဆင်ပြေမှုတွေက ယှဉ်လျက်ရှိသော ကို David အတွက်ကား စိတ်ကူးအိမ်မက်တွေနောက် ကခုန်၍ လိုက်ရုံပင်။ နိုင်ငံရေးကို သိစရာမလိုဟု ခတ်ပေါ့ပေါ့သာ တွေးသည်။ စိတ်လည်းမ၀င်စား။ သို့သော် အနုပညာဆန်သော စိတ်ဓာတ်နှင့် လူသားဆန်မှုကို သူ့ဝါသနာနှင့် သူချစ်သော ခွေးကလေးက သက်သေ။ တနေ့ သူအိပ်မက်မျှ မမက်ဖူးသော ဘ၀ကို ခြေစုံပစ်၀င်ရမည့် အခြေအနေသို့ရောက်ရှိလာခဲ့သည်။ မြန်မာစစ်တပ်မှ တရားမ၀င်အာဏာသိမ်းပြီးချိန် ဆန္ဒပြဖို့ စိတ်မ၀င်စားသေး။ သပိတ်တွေအပြီး သူငယ်ချင်းများနှင့်အတူ အမှိုက်လိုက်ကောက်ရင်း အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ စစ်အာဏာရှင်၏ မျက်နှာဖုံးကား ကြာကြာမတပ်နိုင်၊ စက္ကူကပ်ကိုင်ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်ဖမ်းစီးနိုပ်စက်သည့်အပြင် အသေပါသတ်တော့သည်။ သူဘယ်လိုမှ မယုံနိုင်၊ နိုင်ငံရေးကို သူမျက်မြင်တွေ့သောအခါ ရိုးရှင်းသောဆုံးဖြတ်ချက်ချသည်။ စစ်အာဏာရူးများ မြန်မာမှာ လုံး၀ ပျောက်ကွယ်မှ ဖြစ်မည်။ ရှည်ရှည်ဝေးဝေးမစဉ်းစားနိုင်၊ စစ်သင်တန်းပြေးတက်ကာ မြေအောက်လှုပ်ရှားမှု စတင်တော့သည်။ ခက်သည်ကား လူငယ်တို့၏ သာဘာ၀၊ ပေါ့ပေါ့ပါးပါးတွေးရင်း အဖမ်းခံရသည့် အဖော်များက လက်ညိုးထိုးလိုက်သည်မှာ ကိုဒေးဗစ်၏အိမ်။ စစ်လက်နက်အပြည့်အစုံနှင့် စစ်သားငါးဆယ်ခန့်က အိမ်ကို ဝိုင်းပြီး ရှိသမျှအကုန် မ,တော့သည်။ အမှတ်တရများစွာဖြင့် စုဆောင်းထားသော ဂီတတူရိယာများ အိမ်ရှိပစ္စည်းများ camera များ၊ lens များ တခုမှမကျန်တော့။ အဆိုးရွှားဆုံးကား သူချစ်သော ခွေးကလေးကို အသေပစ်သတ်သွားကြခြင်းပင်။ အိမ်ခေါင်းမိုးတခု၏အပေါ်တွင် စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်နှင့် အသက်ကို မျှင်းမျှင်းရှုရင်း ခေတ္တမိန်းနေလိုက်သည်။ နောက်ဆုံး ရွေးချယ်လိုက်သည်မှာ တိုင်းရင်းသားလက်နက်ကိုင်များဆီသို့ပင်။ ရှေ့တန်းကို မညီးမညူလိုက်သည်။ မိဘမောင်ဖွားများပေးသော ပိုက်ဆံကို သူမသုံး၊ အဖွဲ့အတွက် လိုတာ လှူသည်။ စစ်တပ်အပေါ် အမုန်းတရားကား သိပ်မကြီး၊ သေပြီးသားအလောင်းကို သတိရရင် ပြန်ဖော်ပြီး မျက်နှာကို ဓားဖြင့် ခုတ်သေးသည်။ ဂစ်တာကိုင်သောလက် Camera ကိုင်သောလက်ကို လက်နက်ကိုင်ဖြစ်စေသည်ကိုကြည့်၍ စစ်အာဏာရှင်၏ယုတ်မာရက်စက်မှုများကို မှန်းဆနိုင်သည်။ သူပြောသည်၊ တခါတရံ စိတ်ရောကိုယ်ပါပန်းပြီး တော်လှန်ရေးကို နားလိုက်ချင်သည်။ သို့သော် မျက်စိရှေ့တွင် အသက်ပေးသွားသော ၁၆ ၁၇ လူငယ်သူရဲကောင်းများ၏ ရဲရင့်မှုများက သူ့ကို နားခွင့်မပြု။ နတ်ဆိုးထပ် ယုတ်မာရိုင်းစိုင်းသော စစ်အာဏာရှင်နှင့် အပေါင်းပါများကို နိုမ်နင်းရာတွင် အမြဲ ဘုရားကို ကူညီပေးရင် ဆန္ဒပြုရင်း နွေဦးတော်လှန်ရေးခရီးကြမ်းကို ရှေ့ဆက်နေသောသူ။ တော်လှန်ရေးအစိုးရ NUG ထံမှ အထောက်အပံ့အဖြစ် ကျည်တစ်တောင့်တောင် မရဖူးသော်လည်း ခေါင်းရင်းခန်းတွင် နေရာပေးထားသည်ဟုဆိုသည်။ ကျဆုံးသွားသောရဲဘော်များလူငယ်များအတွက် ပံ့ပိုးကူညီမှုမဟုတ်တောင် အသိအမှတ်ပြုမှုတွေ ဆောင်ရွတ်ပေးစေချင်သောသူ၊ ထိုသူရဲ့ ဒုက္ခကို ပျက်ရယ်ပြုရင်း ရှေ့ဆက်နေသော တော်‌လှန်ရေးခရီးကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည် podcast တွင် နားဆင်နိုင်ပြီ ဖြစ်ပါသည်။

...more
View all episodesView all episodes
Download on the App Store

Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)By Insight Myanmar

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like Myanmar Revolutionary Tales (တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်)

View all
Insight Myanmar by Insight Myanmar Podcast

Insight Myanmar

51 Listeners