Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Sometimes, we have to fight for what we love and care about. Other times, we have to find the courage to let go of the things we love most.

    ကျွန်တော်တို့အတွက် အချိန်တော်တော်များများမှာ ကိုယ်လိုချင်တဲ့ ကိုယ့်အတွက်တန်ဖိုးရှိတဲ့ ကိုယ်ချစ်ခင်မြတ်နိုးရ တဲ့အရာတွေ လူတွေအတွက် တိုက်ပွဲဝင်သလို ကြိုးစားနေရပါတယ်။ အဲဒီလိုကြိုးစားမှသာလည်း ဘဝကတိုးတက်လာမှာပါ။ ကိုယ့်ရှေ့မှာ မက်လောက်စရာတန်ဖိုးကြီးအရာတစ်ခု ဒါမှမဟုတ် ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေအတွက် ကြိုးစားမှရမယ်ဆိုတဲ့ စိတ်ကြောင့်ပဲ လူတွေက မောမှန်းမသိအောင် အလုပ်တွေကို ကြိုးစားကြပါတယ်။ မက်လုံးနောက်ကိုလိုက်တတ်တဲ့လူသားဆန်တဲ့ စိတ်အခြေအနေတစ်ခုပါပဲ။

    ဒီလိုနဲ့ပဲ ကမ္ဘာကြီးကတိုးတက်လာတယ်။ လူတစ်ယောက်ခြင်းစီရဲ့ဘဝတွေက တိုးတက်လာခဲ့ပါ တယ်။ မက်စရာမရှိတဲ့ဘဝမှာဆိုရင် ဘာကိုမှ ကြိုးစားချင်စိတ်လည်းမရှိတော့ပါဘူး။ ရည်မှန်းချက်ဆိုတာလည်းမရှိတဲ့သူတစ် ယောက်က ဘယ်နည်းနဲ့မှ တိုးတက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကကိုယ့်အတွက် တန်ဖိုးရှိတဲ့ရည်မှန်းချက်နဲ့ ကိုယ့်အတွက်မက်မောခင်တွယ်စရာအရာတစ်ခုခုကတော့ရှိနေသင့်ပါတယ်။ ဒီလိုနဲ့ တချို့သောအချိန်တွေမှာကြတော့လည်း အဲဒီလို မျိုးကိုယ်ချစ်ခင်ရတဲ့အရာတွေကို လက်လွတ်ဖို့အတွက်ဆိုရင်လည်း ကျွန်တော်တို့တတွေ စွန့်စားရပါမယ်။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Silence doesn’t mean the person quits, it simply means that one doesn’t want to argue with people who just don’t want to understand.

    ပေါင်းသင်းဆက်ဆံရေးနဲ့ဆက်နွယ်ပြီးသတိထားရမယ့်အချက်တစ်ခုကိုပြောပြထားတာဖြစ်ပါတယ်။ တချို့သူ တွေက အငြင်းအခုံစကားဝိုင်းတွေမှာဆိုရင် တိတ်ဆိတ်နေလေ့ရှိပါတယ်။ အဲဒီအခါမှာတစ်ဖက်လူကသူထင်တာပဲ မှန်တယ်။ တိတ်တိတ်နေတယ်ဆိုတာ ဝန်ခံခြင်းတစ်မျိုးပဲလို့ထင်ပြီးအတင်းကာရောကြီးဖိနင်းလို့ပြောတာမျိုးတွေဖြစ်တတ်ပါတယ်။ လူတော်တော်များများလည်းကြုံဖူးကြမှာပါ။ တစ်ခါတစ်လေတစ်ဖက်လူက ငြိမ်နေတယ်ဆိုတိုင်းကျန်တဲ့သူတွေကအတင်းကြီးစကားတွေ ဖိပြော၊ သူတို့ရဲ့လိုအပ်ချက်တွေကိုတောင်းဆိုတာ၊ သူတို့ပြောတာကိုပဲအမှန် ကျန်တာတွေကအမှားဆိုပြီးယူဆပြုမူတတ်ကြပါ တယ်။ ဒါပေမယ့် တိတ်တိတ်နေခြင်းသည်ဝန်ခံခြင်းတစ်ပါးဖြစ်သည်ဆိုတာ အချိန်တိုင်းမှာတော့ ရာနှုန်းပြည့်မမှန်နိုင် ပါဘူး။

    ဒီလူတစ်ယောက် အငြင်းအခုံစကားဝိုင်းကြားမှာတိတ်နေခြင်းဟာ တခြားသောဘက်ကနေတွေးနေစဉ်းစားနေတာလား။ ဒါမှ မဟုတ် ဖက်ပြိုင်ပြီးငြင်းဖို့ကိုစိတ်မရှိတော့တာလားဆိုပြီးအခြေအနေတွေဖြစ်တတ်ပါတယ်။ တချို့သူတွေကျတော့လည်း ပြိုင်ငြင်း နေမယ့်သူရှိတာနဲ့ ဘာမှဆက်ပြောချင်စိတ်မရှိတော့လို့ တိတ်တိတ်ပဲနေတတ်တာလည်းဖြစ်နိုင်ပါတယ်။ အဲဒီအခါမှာသူနဲ့ ပြိုင် ငြင်းတတ်တဲ့သူကသူသာလျှင်အမှန်လို့ထင်ပြီးပြောဆိုလုပ်ကိုင်ရာကနေသူ့အတွက်ပဲလွဲမှားခြင်းကိုရောက်ရှိရတတ်ပါတယ်။ ဒါ ကြောင့် အငြင်းအခုံစကားဝိုင်းမှာ တိတ်တိတ်နေခြင်းဆိုတာအခါတိုင်းထောက်ခံနေခြင်းမဟုတ်ပါဘူး။ ဖက်ပြိုင်လို့မငြင်းချင်တော့ တာ။ ဝင်ငြင်းရင်လည်းသူတို့ယုံကြည်မှုတွေကိုသာအမှန်ထင်နေတဲ့အတွက် အကျိုးမထူးလို့ မငြင်းတော့တာမျိုးတွေဖြစ်နိုင်ပါ တယ်။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    If you want to know someone’s mind, listen to their words. If you want to know their heart, watch their actions.

    ဒီနေ့အတွက်စကား

    လူတစ်ယောက်ရဲ့ စိတ်ကိုသိချင်တယ်ဆိုရင် သူပြောတဲ့စကားကိုအချိန်ပေးနားထောင်ရပါမယ်။ ဒါမှလည်းသူ့စိတ်ထဲမှာ ဘယ်လို တွေရှိနေတယ်။ ဘာတွေကြံစည်နေတယ်ဆိုတာတွေကိုရိပ်မိနိုင်မှာပါ။ ဒါပေမယ့် နားထောင်တဲ့အခါမှာလည်းကိုယ်ကအချိန်တော့ ပေးဖို့လိုပါတယ်။ အချိန်ခဏလေးအတွင်းမှာတင် သူပြောတဲ့စကားလောက်ကိုယုံကြည်လို့ သူဟာဘယ်လိုစိတ်နေစိတ်ထားရှိ တယ်ဆိုပြီးလွယ်လင့်တကူကောက်ချက်ချလိုက်မယ်ဆိုရင်တော့ လွဲချော်နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ စိတ်နေစိတ် ထားကိုသိချင်တယ်ဆိုရင် အချိန်တစ်ခုတော့ပေးဖို့လိုအပ်ပါတယ်။ ထို့အတူပဲလူတစ်ယောက်ရဲ့ နှလုံးသားနဲ့ ခံယူချက်တွေကို သိချင်တယ်ဆိုရင်တော့ သူ့ရဲ့လုပ်ဆောင်မှုတွေကိုအချိန်ပေးစောင့်ကြည့်ဖို့လိုပါတယ်။

    တချို့သောဟန်ဆောင်ကောင်းတဲ့သူ တွေကပါးစပ်ကတော့ဖြူးနေအောင်ရွှန်းရွှန်းဝေပြောဆိုတတ်ပေမယ့် သူ့ရဲ့လုပ်ရပ်ကို သေသေချာချာစောင့်ကြည့်မယ်ဆိုရင်တော့ အထင် ကြီးစရာလောက်လောက်လားလားမရှိတာတွေလည်းဖြစ်နိုင်ပါတယ်။ လူမှာတကယ်တော့ အပြောနဲ့ အလုပ်မှာအလုပ်ကသာ ပိုလို့အဓိကကျပါတယ်။ လူတစ်ယောက်ရဲ့ အပေါ်ယံသွင်ပြင်လက္ခဏာကိုကြည့်ရုံနဲ့ ဒီလူဟာသန့်ပြန့်တဲ့လူတစ်ယောက်၊ ဒါမှမဟုတ်ညစ်စုတ်စုတ်လူတစ်ယောက်လို့သာကောက်ချက်ချနိုင်မှာပါ။ တကယ့်လူတစ်ယောက်ရဲ့ ခံယူချက်တွေ၊ စိတ်နေစိတ်ထား နဲ့ အကျင့်စာရိတ္တဆိုတာတွေကိုတော့ သူလုပ်တဲ့လုပ်ရပ်တွေကိုသေသေချာချာစောင့်ကြည့်သိရှိမှ ဂဃနဏသိမြင်နိုင်မှာပါ။ လူတစ်ယောက်ကဘယ်လောက်ပဲသူ့ကိုယ်သူအမွှန်းတင်ပြောဆိုနေမယ်။ ဟိတ်ဟန်ကောင်းကောင်းနဲ့ လူအထင်ကြီးအောင် ပြောဆိုနေရုံနဲ့တော့ ဒီလူဟာလူကောင်းတစ်ယောက် ဖြစ်ချင်မှဖြစ်မှာပါ။ ဒါကြောင့် ဘယ်သူ့ကိုမဆိုလွယ်လင့်တကူမယုံကြည်လိုက်ပါနဲ့။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    You will never understand the damage you did to someone until the same thing is done to you. That’s why I’m here.

    တကယ့်ကိုမှ ဒဿနလည်းဆန်သလို ထူးခြားတဲ့စကားတစ်ခွန်းပါ။ ဒီစကားက တခြားသော လူပုဂ္ဂိုလ်တွေကပြောတဲ့ပုံစံမျိုး မဟုတ်ဘဲ ကံတရားကနေပြောတဲ့ပုံစံမျိုး ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ကံ ကံဧ။်အကျိုးကို သက်ဝင် ယုံကြည်ကြတဲ့ ကျွန်တော်တို့ အတွက်တော့ တကယ့်ကိုမှ မှတ်သားစရာကောင်းတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။

    ကိုယ့်အနေနဲ့ ကိုယ်လုပ်လိုက်တဲ့အရာတစ်ခု ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တခြားသောသူတွေကို ဘယ်လိုတွေ ထိခိုက်မှုတွေ၊ နာကျင်မှုတွေဖြစ်သွားလေမလဲဆိုတာကို ကျွန်တော်တို့ အလိုလိုမသိနိုင်ပါဘူး။ ဒါကြောင့်လည်း လွတ်ခနဲ ဆိုသလိုပြောဆိုမှုတွေ မရည်ရွယ်ပဲဖြစ်ဖြစ် ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ်လုပ်ဆောင်ပြုမူမှုတွေဖြစ်နေကြတာဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ဘယ်လို အခြေအနေမျိုးမှာ ကိုယ်ရဲ့အပြုအမူတွေ အပြောအဆိုတွေက ဘယ်လိုသက်ရောက်မှုတွေရှိသလဲ ဆိုတာ ကို သိနိုင်မှာပါလဲ။ သေချာတာကတော့ ကိုယ့်အတွက် ကိုယ်လုပ်လိုက်သလိုပဲ ပြန်လည်ကြုံတွေ့လိုက်ရတာ၊ ကိုယ့်အနေနဲ့ ခံစားလိုက်ရတဲ့အခါမှ သြော် ဒီလိုမျိုးပါလားဆိုပြီး သိသွားပါလိမ့်မယ်။ ဒါဟာ ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာတဲ့ အချိန်မှာ သိနိုင်ပါတယ်။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Respect people who find time for you in their busy schedule. But love people who never look at their schedule when you need them.

    ပေါင်းသင်းဆက်ဆံရေး မှာဘယ်လိုလူစားတွေကို ဘယ်လိုမျိုးကိုယ့်ဘက်ကသဘောထားသင့်လဲဆိုတာကို ပြောပြထားတဲ့ စကားတစ်ခွန်းဖြစ်ပါ တယ်။ လူ့လောကရဲ့ တကယ့်ကိုမှ ရှုပ်ထွေးပွေလီခက်ခဲနက်နဲလွန်းလှတဲ့ ပေါင်းသင်းဆက်ဆံရေးဆိုတဲ့ နယ်ပယ်မှာ ကျွန်တော်တို့တတွေ လူူပေါင်းများစွာနဲ့ ရှင်သန်ရာဘဝတစ်လျှောက်လုံးရဲ့အချိန်တွေမှာတွေ့ကြုံကြရပါတယ်။ အပု၊ အရှည်၊ အပိန်၊ အ၀ အဖြူ၊ အမည်း စတဲ့ အပြင်ပိုင်းရုပ်ပိုင်းဆိုင်ရာသွင်ပြင်ပုံသဏ္ဍာန်တွေအမျိုးမျိုးမတူညီနိုင်သလို၊ အတွင်းမှာ ရှိတဲ့ စိတ်နေစိတ်ထား ခံယူချက်သဘောထားတွေလည်း ဘယ်နည်းနဲ့မှ တစ်ယောက်နဲ့တစ်ယောက် မတူညီကြတဲ့ လူသားတွေအချင်းချင်း သံသရာ တကွေ့မှာ ကြုံကြိုက်ဆုံတွေ့ကြပါတယ်။

    တချို့သောသူတွေကကိုယ့်အတွက် စိတ်ရင်းစေတနာအစစ်အမှန်နဲ့ အကောင်းမွန်ဆုံး ဆက်ဆံတတ်ကြသလို တချို့ကြတော့ လည်း မသိလိုက်မသိဖာသာ ဥပေက္ခာပြုလို့ ဆက်ဆံတတ်တဲ့သူတွေ လည်းရှိကြပါတယ်။ တချို့ကြပြန်တော့လည်း ကိုယ့်အတွက်ဒုက္ခရောက်အောင်သာ ကြံစည်လုပ်ဆောင်ကြမယ့်သူတွေလည်း ရှိကြပါတယ်။ အဲဒီလူတွေကတော့ ရန်သူပေါ့ဗျာ။ ဒါပေမယ့် ကိုယ့်အတွက် မိတ်ဆွေအဖြစ်နဲ့ရှိနေတဲ့သူတွေ နဲ့ ပတ်သက်ပြီး ကိုယ်က ဘယ်လိုမျိုးတုံ့ပြန်မှုတွေ၊ ခံယူမှုသဘောထား တွေ ထားရမလဲ။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Forget what hurt you in the past… but never forget what it taught you.

    ကိုယ့်ဘဝရဲ့တစ်စိတ်တစ်ဒေသမှာဖြစ်ပျက်ခဲ့တဲ့အရာတွေကို ဘယ်လိုမျိုးသဘောထားရမလဲဆို တာကိုပြောပြထားတဲ့စကား တစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ အသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာ အချိန်(၃)ပါးကို ဖြတ်ကျော်နေရမှာဖြစ်ပါတယ်။ အဲဒီအချိန်(၃)ပါးထဲမှာ ကိုယ့်အနေနဲ့ အခုလက်ရှိပစ္စုပန်အခြေအနေကိုထက် တခြားသော အတိတ်နဲ့ အနာဂတ်ကို ကိုယ့်စိတ်ကြိုက်ခြယ်လှယ်ပိုင်ခွင့်မရှိပါဘူး။

    အတိတ်ကာလမှာဖြစ်ပျက်ခဲ့သမျှတွေကို ကိုယ်မကြိုက်တာတွေကိုတော့ ဖျက်ပစ်ပြီး ကိုယ်သဘောကျတာတွေကိုပဲ သိမ်းထား ချင်လို့လည်းမရသလို အနာဂတ်မှာ ကိုယ့် စိတ်တိုင်းကျ ဘာတွေဖြစ်ရမယ်ဆိုပြီး ယတိပြတ်တွက်ဆလို့လည်းမဖြစ်နိုင်ပါဘူး။ ထို့အတူပါပဲ။ ပြီးဆုံးကုန်လွန်ခဲ့ပြီဖြစ်တဲ့ အတိတ်ဆိုတဲ့ ကာလတစ်ခုမှာ ကိုယ်မဖြစ်ချင်တာတွေကိုလည်း ဖြစ်ချင်ဖြစ်ခဲ့ရမှာပါပဲ။ အားမတန်လို့ မာန်လျော့ခဲ့ရတဲ့အဖြစ် အပျက်တွေလည်းဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ ထို့နည်းတူစွာပဲ ကိုယ့်ရဲ့အတိတ်က ပြန် တွေးချင်စရာမကောင်းလောက်အောင် ခါးသီးလွန်းတဲ့အတွေ့အကြုံတွေလည်းဖြစ်ချင်ဖြစ်နေနိုင်တာပါပဲ။

    ဒါပေမယ့် အဓိက ကတော့ အတိတ်ကဝဲဂယက်တွေထဲမှာပဲ လူး ကာလွန့်ကာနဲ့ မျှောမနေဖို့နဲ့ အတိတ်ကဖြစ်ပျက်တွေရဲ့ အရိပ် မည်းကြီးကိုလည်း ကိုယ့်ရဲ့ပစ္စုပန်လက်ရှိကာလရဲ့ ရပ်တည်မှုတွေ က ပြန်လည်တွန်းလှန်နိုင်တဲ့စွမ်းအင်တွေရှိနေဖို့သာ လိုပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အရှိကို အရှိ အတိုင်းလက်ခံနိုင်ရပါမယ်။ ဒါ့အပြင် ကိုယ့်အတွက် ခါးသီးတဲ့အတိတ်ကာလကနေ့ရက်တွေကို ပြန်ပြီး တမြုံ့နွေးနွေး စဉ်းစားနေ ရင်း လက်ရှိကိုယ်လုပ်ဆောင်ရမယ့် အလုပ်တွေ အပျက်စီးခံမယ့်အစား ကိုယ့်ရဲ့လုပ်စရာရှိတာတွေကို ရှေ့ကိုသာတည့်တည့် မတ်မတ်ကြည့်ပြီး လုပ်ဆောင်သွားပါ။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    The brain and muscles must develop simultaneously. Iron nerves with an intelligent brain-and the whole world is at your feet.

    ဒီစကားကိုပြောကြားခဲ့ တဲ့ ကမ္ဘာကျော်လူသားကတော့ နာမည်ကျော် စာအုပ်ပေါင်းများစွာကိုရေးထားခဲ့သူ ဟိန္ဒူလူမျိုး ဘုန်း တော်ကြီး Swami Vivekananda ပဲဖြစ်ပါတယ်။ သူပြောကြားထားတဲ့စကားတော့ ကျွန်တော်တို့လူသားတွေအနေနဲ့ ဘဝကို ဖြတ်သန်းတဲ့အခါမှာ သတိထားသင့်တဲ့အချက်တစ်ခုပါဝင်နေတဲ့စကားတစ်ခွန်းပါ။ ကျွန်တော်တို့တတွေ မိခင်ဝမ်းကြာတိုက်ကနေ မွေးဖွားလာတဲ့အချိန် ကနေစတင်ပြီး ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးလာတာနဲ့အမျှ ကိုယ့်ရဲ့အတွင်းစိတ်ဓါတ်နဲ့ ခံယူမှုတွေ၊ အတွေးအခေါ်တွေကလည်း ရုပ်ပိုင်းဆိုင်ရာတွေအတိုင်း ထပ်ကြပ်မကွာ ကြီးမားဖို့ ဖွံ့ဖြိုးဖို့လိုအပ်ပါတယ်။

    ကိုယ်ရောက်နေတဲ့ အသက်အရွယ်အပိုင်းအခြားမှာ ကိုယ့်အနေနဲ့ သင့်တင့်မျှတတဲ့ စိတ်နေစိတ်ထားကရှိနေဖို့လိုပါတယ်။ ကိုယ့် ရဲ့အိမ်မှာ ကိုယ့်မိဘ မျက်စိရှေ့မှာလူတိုင်းက ကလေး လို နေထိုင်လို့ရပေမယ့် လုပ်ငန်းခွင်ထဲရောက်ပြီဆိုရင်တော့ အလုပ်လုပ် နေတဲ့လူတစ်ယောက်ရဲ့ရင့်ကျက်မှုတွေ၊ အတွေးအခေါ် တွေကို ပိုင်ဆိုင်ထားရပါမယ်။ ကိုယ်ကကလေးဆန်တာပဲသိပြီး အရာ တိုင်းကို ကိုယ်လိုချင်ဖြစ်ချင်တဲ့အတိုင်း ဇွတ်တရွတ်လုပ် မယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတော့ ကိုယ်က လူကြီးဆန်သင့်တဲ့ အခိုက်အတန့်တွေနဲ့ ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချပြီး လုပ်ဆောင် သင့်တာတွေကိုလုပ်ဆောင်ရပါမယ်။


    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    You cannot control what happens to you, but you can control your attitude toward what happens to you, and in that, you will be mastering change rather than allowing it to master you.

    ကနေဒီယန်နွယ်ဖွား အမေရိကန်လူမျိုး စိတ်ဓါတ်မြှင့်တင်ရေးဟောပြောသူနဲ့ စာရေးဆရာ Brain Tracy ပြောကြားထားတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ သူရေးထားထုတ်ဝေခဲ့တဲ့ စာအုပ်တွေဟာဆိုရင် ကမ္ဘာတစ်ဝန်းမှာ ဘာသာစကားပေါင်းများစွာ ဘာသာပြန်ဆိုထုတ်ဝေရတဲ့အထိအောင်မြင်တဲ့စာအုပ်တွေ လည်းဖြစ်ပါတယ်။ တကယ့်ကို ဒိတ်ဒိတ်ကျဲမဟာလူသား တစ်ယောက်ရဲ့ နှုတ်ထွက်စကားကလည်း တကယ့်ကိုမှ မှတ်သားစရာ ကောင်းပါတယ်။ ဒီတော့ ဒီစကားရဲ့ အဓိပ္ပာယ်ကို အကျယ်တဝင့်လေ့လာကြည့်ရအောင်။

    ကျွန်တော်တို့လူသားတွေအနေနဲ့ ကိုယ့်မှာ ဘယ်လိုအဖြစ်အပျက်တွေ အပြောင်းအလဲတွေဖြစ်ပျက်လာမလဲဆိုတဲ့ ကံကြမ္မာကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ခြင်းမရှိ ပါဘူး။ ဘယ်အချိန်မှာဘာတွေဖြစ်သွားမလဲဆိုတာကို ကြိုတင်ပြီးတော့လည်း မသိနိုင် မမြင်နိုင်ပါဘူး။ ဒါကြောင့် ဖြစ်ပျက်လာသ မျှကိစ္စရပ်တိုင်းကို ကိုယ်က အကောင်းဘက်ကနေတွေးလို့ လက်ခံနိုင်ရပါမယ်။ ကိုယ့်အနေနဲ့ ကိုယ့်အပေါ်ဖြစ်တည်လာတဲ့ အပြောင်းအလဲတွေကို သည်းညည်းမခံနိုင်တဲ့အခါမှာဆိုရင် ကိုယ့်အတွက်ပဲ ပူလောင်မှုတွေကိုဖြစ်စေနိုင်ပါတယ်။ ဖြစ်လာသမျှ အကြောင်း ကောင်းဖို့ဖြစ်လာတယ်လို့ လက်ခံနိုင်ဖို့ဆိုရင် အရာတိုင်းကိုလည်း အရမ်းကြီးမျှော်လင့်ထားတာမျိုးတွေကနေ ရှောင်ကြဉ်ရပါမယ်။ တစ်စုံတစ်ခုကိုလိုချင်လို့တစ်စုံတစ်ခုကိုစတေးတယ်ဆိုရင် ကိုယ်လိုချင်တဲ့တစ်စုံတစ်ခုမရတဲ့အခါမှာ ကိုယ့်အ နေနဲ့ ပူဆွေးသောကရောက်မနေဖို့ ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင်ကထိန်းချုပ် နိုင်ရပါမယ်။ မိမိရဲ့စိတ်ကို ထိန်းချုပ်နိုင်တဲ့သူဆိုတာ လူတော်စာရင်းထဲမှာရှိနေတဲ့သူပါ။



    3 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Don’t give up. Normally it is the last key on the ring which opens the door.

    ဒီနေ့အတွက်စကား

    World Economic Forum မှာ Crystal Award ကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရာဇီးလူမျိုး စာရေး ဆရာ Paulo Coelhoပြောကြားခဲ့တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။

    ဒီစကားကတော့ ကိုယ်လုပ်ဆောင်လိုက်တဲ့ ကိစ္စတွေမှာ ပထမတစ်ခေါက်တည်းနဲ့ မအောင် မြင်ဘူးဆိုရင်တောင် ဘယ်တော့မှ လွယ်လင့်တကူလက်မလျော့ဖို့ သတိပေးထားတဲ့စကားတစ်ခွန်းပါ။ လောကမှာ ရှင်သန်နေ ထိုင်ကြတဲ့ လူသားတွေအနေနဲ့ တစ်ခါတစ်လေသောကိစ္စရပ်တွေကို လုပ်ဆောင်တဲ့နေရာမှာ ချက်ခြင်းကြီးဆိုသလို အောင်မြင်သွားတာမျိုးတွေလည်းရှိသလို တစ်ခါတစ်လေတော့လည်း ချက်ခြင်းလက်ငင်းကြီး အောင်မြင်မှုမရဘဲ ရှုံးနိမ့်မှုတွေကိုရင်ဆိုင်ရ တဲ့အခိုက်အတန့်တွေလည်း ရှိနိုင်ပါတယ်။

    ဒါပေမယ့် တစ်ခါမှမကလို့ အကြိမ်ကြိမ်အခါခါပဲရှုံးနိမ့်နေပါစေ၊ လဲပြိုကျနေပါစေ။ ဘယ်တော့မှ ကိုယ့်ရဲ့ယုံကြည်မှုတွေကိုမရပ်တန့်လိုက်ပါနဲ့။ မစွန့်လွတ်လိုက်ပါနဲ့။ ကိုယ့်ရဲ့ကြိုးစားမှုတွေလည်းမလျော့လိုက်ပါနဲ့။ အောင်မြင်မှုဆိုတာက ကိုယ်လိုချင်တဲ့ပမာဏကကြီးလေလေ ကိုယ်စိုက်ထုတ်ရမယ့် အင်အားနဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ ပမာဏကလည်း များမှာပါပဲ။ တွေ့ရမယ့်အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကလည်း များမှာပါပဲ။ ဒါတွေကို ကိုယ့်ဘက်က ခံနိုင်ရည်ရှိဖို့လိုပါ တယ်။ အဲဒါကြောင့် ရှုံးနိမ့်မှုတိုင်းဟာ ပြန်လည်ကြိုးစားဖို့၊ လဲကျမှုတိုင်းဟာ ပြန်လည်ရပ်တည်ဖို့ဖြစ်ပါတယ်။ စိန်ခေါ်မှုတိုင်းဟာလည်း ကိုယ့်အတွက် အားအင်တွေမွေးဖို့လိုအပ်တယ်ဆိုတာကို သတိပေးနေခြင်းသာဖြစ်ပါတယ်။

    3 min
  • I'M

    I'm Singer ...

    I'm Artist.......

    I'm Dancer......

    I'm Designer......

    I'm Photographer......

    I'm Cameraman...........

    I'm Writer ............

    I'm Model........

    သင်ရော ဘာဖြစ်ချင်တာလဲ???

    I'm...?????

    ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းမှာ လူတစ်ကိုယ် အကြိုက် တစ်မျိူးပြောင်းလဲလာကြတယ်၊ အိပ်မက်တွေလည်းဆန်းသစ်လာကြတယ်....

    အောင်မြင်တဲ့ Model ဖြစ်ဖို့ကြိုးစားနေတဲ့သူတွေ ၊ အချို့က အောင်မြင်တဲ့ အောင်မြင်တဲ့ Model တစ်ယောက်ဖြစ်ဖို့ ခြေလှမ်းစတင်ချင်ကြတဲ့သူတွေ အတွက်ပြန်လည်လို့ဖြေကြားပေးမှာ ဖြစ်ပါတယ်.........

    Stars & Models International Agency တည်ထောင်သူတစ်ဉီး လည်းဖြစ်၊ လက်ရှိမှာ အောင်မြင်တဲ့ Models ၊အနုပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနေတဲ့ ဆရာ ဂျွန်လွင် ကပြန်လည်လို့ဖြေကြားပေးမှာ ဖြစ်ပါတယ်........

     

    15 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...