Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Putting your love, trust and understanding to each other little by little, day by day is the perfect recipe for a stronger relationship.

    တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေ၊ ယုံကြည်မှုတွေနဲ့ နားလည်ပေးမှုတွေကိုနည်းနည်းချင်းစီ၊ တစ်နေ့ထက်တစ်နေ့ ပေးဆပ်ပျော်ဝင်နေစေခြင်းက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက် ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုပါပဲတဲ့။ ကောင်းမွန်ပြည့်စုံတဲ့ ဆက်ဆံရေးတစ်ခုကိုတည်ဆောက် နိုင်ဖို့ ဘယ်လိုအရာတွေကအဓိကလိုအပ်နေသလဲဆိုတာကိုပြောပြထားပါတယ်။ ဒီအရာတွေက ဘာကြောင့်လိုအပ်နေသလဲဆိုတာကို အကျယ်တဝင့်လေ့လာကြည့်လိုက်ရအောင်။ 

    ပထမဆုံးအနေနဲ့တော့ လူနှစ်ယောက်ကြားမှာဆက်ဆံရေးတစ်ခုတည်တံ့ကောင်းမွန်နေစေဖို့အတွက် တစ်ယောက်ကိုတစ်ယောက် မေတ္တာတရားနဲ့ ချစ်ခြင်းဆိုတာတွေ လိုအပ်ပါတယ်။ လူနှစ်ယောက်ကြားမှာမေတ္တာတရားကိုအရင်းခံပြီးချစ်ခြင်းမေတ္တာတွေ ရှင်သန်နေဖို့လိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာချစ်ခြင်းမေတ္တာသာမရှိဘူးဆိုရင် ဆက်ဆံရေးတစ်ခုကလည်း ဘယ် နည်းနဲ့မှ ကြာရှည်ရှင်သန်နိုင်မှာမဟုတ် ပါဘူး။ နောက်ထပ်အနေနဲ့ နှစ်ယောက်ကြားမှာတစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု ဆိုတာလိုအပ်ပါတယ်။ ယုံကြည်မှုမရှိတဲ့ ဆက်ဆံရေးတစ်ခုဟာခိုင်ခံ့မှုမရှိတဲ့ကြိုးတံတားတစ်ခုမှာ လမ်းလျှောက်နေရသလိုပါပဲ။ ဘယ်အချိန်မှာပြတ်ကျသွားမလဲဆိုတာကိုရင်တထိပ်ထိပ်နဲ့ နေ့ရက်တိုင်းမှာအသက်ဆက်နေရပါလိမ့်မယ်။ ဒီတော့ တစ်ယောက် ကိုတစ်ယောက်ကယုံကြည်နေရအောင်လည်းတစ်ယောက်နဲ့တစ်ယောက်ကသစ္စာတရားကိုအရင်းခံပြီးဆက်ဆံဖို့လိုပါတယ်။ ယုံကြည်မှုတစ်ခုဆိုတာကလည်းဆောက်တည်ဖို့သာခက်ခဲပေမယ့် ပျက်စီးသွားဖို့ဆိုတာကတော့ တကယ့်ကိုခက်ခဲတဲ့အရာ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုဆိုတဲ့အရာကိုသစ္စာတရားကိုအခြေပြုလို့ ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။

    3 min
  • Let's Do It

    နေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်.....

    ဒီတစ်ပတ်မှာတော့ မငုဝါနှင့် မဆိုင်းနွယ်တို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာဖြစ်ပါတယ်...


    3 min
  • ဒီနေ့အတွက်စကား

    Each heart has some pain only the way of expression is different. Some hide it in their eyes while some hide it in their smile.

    လောကမှာရှင်သန်ရပ်တည်နေတြ့ ပုတုဇဉ်လူသားဖြစ်နေသေးသရွေ့ အပူမီးတွေကိုခံစားရမှာပါပဲ။ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ်နဲ့အမျှရုန်းကန်လှုပ်ရှားနေရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟတွေ နဲ့ အတူ ပတ်ဝန်းကျင်ကပေးတဲ့ ပူပင်သောကတွေကိုပါ ကျွန်တော်တို့ လူသားတွေအနေနဲ့ အနည်းနဲ့အများဆိုသလိုခံစားတတ်ကြပါတယ်။ အဲဒီလိုခံစားတတ်တဲ့အသည်းနှလုံးရှိနေခြင်း ကြောင့်လည်းလူတွေရဲ့ သမိုင်းကြောင်းမှာကောင်းကျိုးတွေ အများကြီးဖြစ်ထွန်းခဲ့သလိုရင်နာစရာရင်နင့်စရာအဖြစ်ဆိုးတွေ လည်းအများကြီးဖြစ်ပျက်ခဲ့ကြပါတယ်။ အထူးသဖြင့် ကိုယ့်ရင်ထဲ က နာကျင်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ တခြားသောပယောဂတွေ ကိုမှတ်တေးပြီးအမုန်းမီးအာဃာတတွေ လောင်ကျွမ်းလို့ ကလဲ့ စားဆိုတဲ့ မဆုံးတဲ့ သံသရာတစ်ခုရဲ့ ပူလောင်ခြင်းတွေကို စတင်ခဲ့ ကြသူတွေကလည်းအများကြီးရှိခဲ့ပါတယ်။ ရန်ကိုရန်ခြင်းတုန့် နှင်းခြင်းနဲ့ စစ်ပွဲတွေလည်းဒီကမ္ဘာမှာများခဲ့ပါပြီ။ 

    ကိုယ့်ရင်ထဲမှာတောင် ကိုယ့်အပေါ်ပူလောင်စေမယ်ဆိုရင် အဲဒီအမုန်းတရားအာဃာတတွေနဲ့ သားစဉ်မြေးဆက် ဆက်လက် လောင်ကျွမ်းနေဦးမယ်ဆိုရင် အမုန်းတရားတွေရဲ့ လောင်မြိုက်မှုနဲ့ ကမ္ဘာကြီးမှာလည်းအေးချမ်းမှုဆိုတာမရှိနိုင်တောပါဘူး။ ဒါကြောင့် ရင်ထဲကနာကျင်မှုတွေကိုတတ်နိုင်သမျှ မေ့ထားလိုက်ပါ။ လူတိုင်းအပေါ် မှာမေတ္တာတရားကိုအခြေခံတဲ့စိတ်ထား ကိုမွေးမြူဆက်ဆံတတ်ပါစေ။ ပြောသမျှဝေဖန်သံတွေ၊ အပြစ်တင်သံတွေကိုအပြု သဘောအနေနဲ့ ခံယူတတ်ပါစေ။ ဒါတွေကတော့ နာကျင်မှုကိုတနည်းတဖုံပြောင်းလဲစေနိုင်တဲ့နည်းတွေလည်း ဖြစ်ပါတယ်။

    3 min
  • I'm

    I'm

    I'm a GYM Trainer.......

    I'm...?????

    သင်ကရော ဘာဖြစ်ချင်တာလဲ???

    GYM Trainer ကောင်းဖြစ်ချင်ကြတဲ့သူတွေ၊ ခန္ဓာကိုယ် လှပစေချင်တဲ့သူတွေအတွက် သိလိုသူများကို မေးမြန်းဖို့ လေ့လာချင်သူများကို Padamyar FM Facebook Page ကနေ မေးမြန်းဖို့ ဖိတ်ခေါ်ထားပါတယ်....

     GYM Trainer ဆိုတာ ကိုယ်ခန္ဓာ Fix ဖြစ်စေချင်ရုံသာမက၊ ကျန်းမာရေး၊အစားအသောက် အတွက် လေ့ကျင့်ပေးရတဲ့သူ ဖြစ်ပါတယ်၊ ယခုတစ်ပတ်မှာတော့ Celebrity Trainer တစ်ဦးလည်းဖြစ် TV Personality တစ်ဦးလည်းဖြစ်တဲ့ Andy ကနေ ပြန်လည်ဖြေကြားပေးထားပါတယ်။ 

    15 min
  • ဒီနေ့အတွက်စကား

    Some people always smile because they know smiling is easier than explaining why they are sad.

    တစ်ချို့သောလူတွေကအမြဲတမ်းပြုံးနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ပြုံးနေခြင်းဆိုတာသူတို့ဘာကြောင့်ဝမ်းနည်းနေရလဲ ဆိုတာကိုရှင်းပြနေရတာထက်ပိုလွယ်ကူကြောင်းသူတို့နားလည်ထားလို့ပါတဲ့။ အပြုံးတစ်ပွင့် ရဲ့ စွမ်းဆောင်နိုင်စွမ်းကိုရည်ညွှန်း ဖော်ပြထားတဲ့စကားတစ်ခွန်းပါ။ လောကမှာရှင်သန်ရပ်တည်နေထိုင်ကြတဲ့ ပုတုဇဉ်လူသားတိုင်းနေ့စဉ်နဲ့အမျှ သမုဒ္ဒရာဝမ်း တစ်ထွာအတွက် ရှာဖွေရင်းလောဘမီးတွေ၊ ဒေါသမီးတွေ၊ မောဟမီးတွေနဲ့ လောင်မြှိုက်နေတတ်ကြပါတယ်။ ထို့အတူလောကက ပေးတဲ့အခက်အခဲတွေ အတားအဆီးအဟန့်အတားတွေကြောင့်လည်းစင်းလုံးချောအဆင်ပြေမှု ဆိုတာအရာတိုင်းမှာမရှိနိုင်တဲ့ အတွက် ခံစားမှုပေါင်းများစွာကိုရောပျွန်းလို့ ခံစားနေရတတ်ပါတယ်။ 

    တစ်ချို့သောသူတွေအတွက် လွယ်ကူလွန်းတဲ့ကိစ္စရပ်တွေကသူတို့အတွက်မှ ခက်ခဲလွန်းတဲ့အခါမှာလည်းကျိတ်မနိုင်ခဲမရစိတ်ပျက် အားငယ်နေတာမျိုးတွေ လည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါကတော့ ကြီးငယ်မဟူ ကြုံတွေ့ရမယ့် ဘဝရဲ့ အခက်အခဲတွေပါပဲ။ အဲဒီအခါမှာ ကျွန်တော်တို့ တွေ စိတ်ဆင်းရဲမှုတွေကိုခံစားရပါတယ်။ ဒါဆိုရင် အဲဒီစိတ်ဆင်းရဲမှု၊ ဝမ်းနည်းမှုတွေကိုပပျောက်အောင် ဘယ်လိုလုပ်ရပါမလဲ။ စိတ်ထဲကထုတ်လို့မရတဲ့ကိစ္စရပ်တွေကိုအပြန်ပြန်အလှန်လှန်စဉ်းစားနေမယ့်အစား စိတ်သက်သာရာ ရစေမယ့် အကြောင်းအရာတွေကိုပဲတွေးတောလုပ်ဆောင်နေကြည့်လိုက်ပါ။ အထူးသဖြင့် ကိုယ့်စိတ်ထဲကအညစ်အကြေးလို ဖြစ်နေတဲ့ ဝမ်းနည်းပူဆွေးမှု တွေကိုအံတုလို့ ကိုယ့်ရဲ့မျက်နှာပေါ်က နှုတ်ခမ်းဖျားထက်မှာအပြုံးတစ်ပွင့်ကိုပန်ဆင်ထားလိုက်ပါ။

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .

    ယခုတစ်ပတ်အတွက် တင်ပြဆွေးနွေးပေးမှာကတော့ တစ်ပတ်အတွင်း ထူးခြားတဲ့သတင်းများဖြစ်တဲ့ " WHO ကစေလွှတ်လိုက်တဲ့အဖွဲ့တွေက တရုတ်နိုင်ငံရဲ့ Covid 19 စတင်ခဲ့တဲ့ မူလဇစ်မြစ်ကို ရှာဖွေတဲ့သတင်းနှင့် တောင်ကိုးရီးယားနိုင်ငံ Samsung ကုမ္ပဏီ ဥက္ကဌ ထောင်ဒဏ်ကျခံရတဲ့သတင်း " စတဲ့သတင်းတွေကို ဆွေးနွေးပေးမှာဖြစ်ပါတယ်......

    12 min
  • ဒီနေ့အတွက်စကား

    A person who truly love you will be angry at you for so many things but will never leave you for any reason.

    ကိုယ့်အပေါ် စစ်မှန်တဲ့ ချစ်ခြင်းတရားနဲ့ ချစ်ခင်တဲ့သူဆိုတာဘယ်လိုလူမျိုးလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အတွက် စစ်မှန်တဲ့လူသားဆိုတာဘယ်လိုလူစားလဲဆိုတာကို နှိုင်းယှဉ်ကြည့်လိုက်ရအောင်ဗျာ။ ကျွန်တော်တို့တတွေနဲ့ သံသရာတကွေ့မှာတွေ့ဆုံကြရတဲ့ လူသားတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာတစ်ချို့တစ်လေသောအကြောင်းအရာတွေမှာ သဘောထားခြင်းမတိုက်ဆိုင်တဲ့အခိုက်အတန့်တွေဖြစ်တတ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကြီးပြင်းလာတဲ့ အသိုင်းအဝိုင်းနောက်ခံ ခြင်းလည်းမတူညီမှုတွေ၊အတွေးအခေါ်အယူအဆလည်းမတူညီမှုတွေကြောင့် တစ်ချို့သောအခန်းကဏ္ဍတွေမှာ ပြဿနာတွေ တတ်လေ့ရှိထရှိပါတယ်။ 

    အဲဒီလိုမျိုးကတောက်ကဆပြဿနာတက်တဲ့အခါမျိုးတွေမှာကိုယ့်အပေါ်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားထားရှိတဲ့သူဆိုရင်တော့ ဘယ်လိုသောအကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ် အဆုံးသတ်အချိန်မှာကိုယ့်အနားမှာပဲရှိနေပေးနေမှာပါ။ တကယ်တမ်းသံယောဇဉ်မရှိတဲ့ သူဆိုရင်တော့ တော်တန်ရုံပြဿနာနဲ့တင် ကိုယ့်အနားက ကြက်ပျောက်ငှက်ပျောက်ပျောက်နေမှာပါ။ လူဆိုတာမျိုးမှာကိုယ့် အတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာမရှိတော့ဘူးဆိုရင် မည်သို့သောအကျိုးအကြောင်းတွေရှိနေပါစေဘေးနားမှာအစဉ်ထာဝရ ရှိနေပေးမှာမဟုတ်ပါဘူး။

    3 min
  • Knowledge in 3mins

    ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်.....

    မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ...

    "စီးပွားရေး လုပ်ငန်းမှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့ Research သေချာလုပ်နေပြီလား"

    ဆိုတဲ့ အကြောင်းအရာနှင့် ပတ်သက်ပြီး Dr. Phyo Paing (Marketing Trainer and Consultant) မျှဝေပေးထားပါတယ် .....

    Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday 11:10 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။


    4 min
  • ဒီနေ့အတွက်စကား

    If you cannot find a companion to walk with, walk alone, like an elephant roaming the jungle. It is better to be alone than to be with those who hinder your progress.

    တကယ်လို့သင့်အနေနဲ့အတူတူသွားဖို့ လက်တွဲဖော်ကောင်းတစ်ယောက်ရှာမတွေ့ခဲ့ရင် တစ်ယောက်တည်းသာသွားပါ။ ဆင်တွေ တစ်တောလုံးကိုတစ်ကောင်တည်းမင်းမူသလိုပေါ့။ တစ်ယောက်တည်းရှိတာကကိုယ့်အလုပ်တွေကိုဟန့်တားမယ့်သူနဲ့ အတူရှိနေတာထက် ပိုကောင်းပါတယ်တဲ့။ဒီစကားကိုတော့ ကျွန်တော်တို့ကိုးကွယ်ရာ မြတ်စွာဘုရားဟောကြားခဲ့ဖူးတဲ့ ဒေသနာတော်တွေထဲကနေကောက်နှုတ်လို့ဝေမျှပေးခဲ့တာဖြစ်ပါတယ်။ လောကရဲ့ ရှုပ်ထွေးပွေလီလှတဲ့ ကိစ္စရပ်တွေထဲကတစ်ခုဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေးမှာမိမိကိုယ်ထက်ဘယ်သူကမှ အရေးမပါတဲ့အကြောင်းရယ်၊ ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကိုကိုယ်တိုင် စိတ်တိုင်းကျလုပ်ဆောင်နိုင်ဖို့အတွက် မိမိတစ်ဦးတစ်ယောက်တည်းကသာအရေးကြီးတဲ့အကြောင်းကိုပြောပြထားတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ 

    လောကမှာကိုယ်နဲ့ထပ်တူထပ်မျှကိုယ့်အကြိုက်ကိုလိုက်ပြီးကိုယ့်စိတ်အတိုင်းနေထိုင်မယ့်သူဆိုတာ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ရှားပါတယ်။ ဒါကြောင့် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်နေထိုင်သွားနိုင်ဖို့အတွက် တခြားသောသူတွေကိုမှီတွယ်တတ်တဲ့စိတ်ကိုဖျောက်ပါ။ ကိုယ့်အတွက် ကိုယ့်ဘဝအတွက် တခြားသူတွေကိုအားကိုးမနေဘဲကိုယ်လုပ်စရာရှိတာတွေကိုကိုယ့်ဘာသာလုပ်ဆောင်ပါ။ ကောင်းတာရှိရင်လည်းကိုယ်တိုင်သာစံစားရမှာဖြစ်သလိုမှားယွင်းမှုတွေကိုလည်း ကိုယ်တိုင်ပဲ တာဝန်ယူဖြေရှင်းသွားလိုက်ပါ။ တကယ်တော့ မိတ်ဆွေသင်္ဂဟပေါများတယ်ဆိုတာမင်္ဂလာတစ်ပါးဆိုပေမယ့် အဲဒီမိတ်ဆွေတိုင်းကကိုယ့်အတွက် စစ်မှန်တဲ့မိတ်ဆွေတော့ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ တကယ်တမ်းအရေးကြုံလာရင် ကိုယ်နဲ့ ထပ်တူရှိနေမယ့်သူဆိုတာကိုယ်တိုင်ပဲရှိပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်သာအားကိုးပါ။ တပါးသူကိုအားကိုးအမှီပြုတဲ့စိတ်ကိုလျော့ချနိုင်သလောက်လျော့ချပါ။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ "ယောင်္ကျားလေး နှင့် မိန်းကလေး ဘယ်သူက မာယာပိုများသလဲ"ဆိုတာကို မေးမြန်းထားပါတယ်.....

    ပရိသတ်များရဲ့ ရင်ထဲက စကားသံများကို နားဆင်ပေးပါအုန်းနော်....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website &  Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....


    15 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...