Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Hope is the only thing stronger than fear.

    ကျွန်တော်တို့လူသားတွေအနေနဲ့ ကြံစည်လုပ်ဆောင်သမျှတိုင်းမှာအလုံးစုံအောင်မြင်မှုဆိုတာမဖြစ်နိုင်ပါဘူး။ ပြီးပြည့်စုံခြင်းဆိုတာ မရှိတဲ့အတွက် အမှားအယွင်းတွေလုပ်မိကောင်းလုပ်မိမယ်။ လဲပြိုကျမှုတွေဖြစ်ကောင်း ဖြစ်မယ်။ ဒီလိုနဲ့ အောင်မြင်ခြင်းကနေ ခေတ္တခဏဆိုသလိုလွဲချော်မှုတွေလည်း ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလိုလွဲချော်မှုတွေ၊ လဲကျမှုတွေကြားထဲမှာလူးကာ လွန့်ကာနဲ့ အောင်မြင်ခြင်းဆီကိုရောက်အောင်သွားဖို့အတွက် မျှော်လင့်ခြင်းဆိုတဲ့အရာကို ကျွန်တော်တို့တတွေ ပိုင်ဆိုင်ထား ပါတယ်။

    ကိုယ့်မှာရှိတဲ့ မျှော်လင့်ခြင်းတွေကိုအမှန်တကယ်ဖြစ်တည်လာအောင် ကိုယ့်ဘက်ကနေ အားစိုက်ထုတ်ကြိုးစားမှုသာလိုအပ်ပါ တယ်။ ဒါကြောင့် စိုက်ထုတ်ကြိုးစားမှုတွေကနေအမှန်တကယ်ဖြစ်တည်လာဖို့အတွက် ဘယ်လိုအခက်အခဲတွေတွေ့ကြုံနေရပါစေ။ ဖြစ်လာသမျှကိုကြောက်ဒူးတုန်နေမယ့်အစားမျှော်လင့်ချက်ဆိုတဲ့ သတ္တိအစွမ်း ကိုအသုံးချတတ်ဖို့ အရေးကြီးပါတယ်။ လူမှန်ရင် လဲကျမှုတွေကို ပြန်ထဖို့အတွက် အခွင့်အရေးအချိန်တိုင်းမှာရှိနေပါတယ်။ အဓိကကတော့ ပြန်လည်ပြီးထချင်စိတ်၊ အမှားတွေကို အမှန်ပြင်ချင်တဲ့စိတ်နဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်တင်းချင်တဲ့ စိတ်ရှိဖို့ပါပဲ။ အဲဒီစိတ်တွေကိုဦးဆောင်ပေးနိုင်တာကတော့ တဖန်ပြန်လည်ပြီးအားသစ်လောင်းပေးနိုင်တဲ့ မျှော်လင့်ချက်ပါပဲ။ 

    6 min
  • Supernatural

    အပတ်စဉ် တင်ဆက်ပေးနေကြ ဖြစ်တဲ့ Padamyar FM ရဲ့ "Supernatural" မှာတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ သဘာဝလွန် ဖြစ်ရပ်များကြောင်းကို တင်ဆက်ပေးနေတာ ဖြစ်ပါတယ်...

    ဒီတစ်ပတ်မှာတော့ "Time Travel - အချိန်ခရီးသွားခြင်း "အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်.....

    Time Travel အချိန်ခရီးသွားခြင်း ဆိုတာ အမှန်တကယ်ရှိလား၊ မရှိလား ဆိုတာနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ Time Traveller တွေအကြောင်းကို တင်ဆက်ပေးထားပါတယ်....

    Supernatural အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေ နှင့်ကြာသပတေး နံနက် 11:25 တွင် နားဆင်နိုင်ပါပြီနော်....

    10 min
  • Knowledge in 3mins

    ခန္ဓာကိုယ်ကျန်းမာဖို့ အစာအာဟာရတွေ မျှတဖို့လိုအပ်သလို တွေးခေါ်နိုင်စွမ်းတွေ မြင့်မားဖို့ ဗဟုသုတတွေဖြည့်ဖို့ လိုအပ်ပါတယ်.....

    မိမိကိုယ်ကို ချစ်တယ်ဆိုရင် အချိန် (၃)မိနစ်ပဲပေးပါ...

    Covid ကာလအတွင်း စီးပွားရေး လုပ်ငန်းများအတွက် " ယနေ့ခေတ် စီးပွားရေးမှာ Marketing အတွက် ဘာတွေပြင်ဆင်ထား သင့်လဲ" ဆိုတဲ့ အကြောင်းအရာနှင့် ပတ်သက်ပြီး Dr. Phyo Paing (Marketing Trainer and Consultant) မျှဝေပေးထားပါတယ် .....

    Knowledge in 3 mins ကို ပတ္တမြား FM တွင် Wednesday 11:25 AM နှင့် Sunday 11:10 AM တို့တွင် ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ စောင့်မျှော်နားဆင်နိုင်ပါပြီ။

    #knowledgein3mins #PadamyarFM #fm #myanmarfm #dr.phyopaing

    4 min
  • ဒီနေ့အတွက်စကား

    Happiness is found when you stop comparing yourself to other people.

    သင့်ကိုယ်သင်တခြားသူတွေနဲ့လိုက်လံနှိုင်းယှဉ်နေတာကိုရပ်တန့်လိုက်မယ်ဆိုရင် သင်ပျော်ရွှင်မှုကိုရှာတွေ့ပါလိမ့်မယ်တဲ့။ ဒီနေ့အတွက်စကားကတော့ တခြားသောသူတွေရဲ့ဘဝကို သဘောကျပြီးကိုယ့်ရဲ့ဘဝနဲ့နှိုင်းယှဉ်လို့ စိတ်ဓါတ်ကျအားငယ်နေတဲ့ သူတွေအတွက် အသိပေးထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။

    လောကမှာကိုယ့်ရဲ့ဖြစ်တည်လာတဲ့ဘဝဟာ အကောင်းတွေ ချည်းဖြစ်တည်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အဆိုးတွေချည်းကိုလည်း တစ်ချိန်လုံးတွေ့ကြုံပိုင်ဆိုင်နေမှာမဟုတ်ပါဘူး။ လောကမှာအောင်မြင်ပျော်ရွှင်တဲ့အခိုက်အတန့်တွေလည်း ရှိနိုင်သလို တစ်ခါ တစ်ရံကံကွက်ကျားလို့ ကိုယ့်မှာအခက်အခဲတွေနဲ့ပဲလုံးပန်းနေရတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကိုသည်းမခံနိုင်ဘဲ ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝကတော့ ပင်ပန်းဆင်းရဲလိုက်တာ၊ တခြားသူတွေရဲ့ဘဝကတော့ သာယာအေးချမ်းလိုက်တာဆိုပြီး စိတ်ညစ်နေတဲ့သူတွေရှိတတ်ပါတယ်။ ဒါပေမယ့်သေချာစဉ်းစားကြည့်မယ်ဆိုရင် ကိုယ့်ဘဝဆိုတာကိုယ့်ရှင်သန်ခွင့်ရတဲ့ တစ်သက်တာအတွက် ဘုရားကပေးထားတဲ့အကောင်းဆုံးသောလက်ဆောင်ပါပဲ။ 

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီတစ်ပတ် ပြောကြည့် အစီအစဉ်မှာတော့ "ယောင်္ကျားလေး နှင့် မိန်းကလေး ဘယ်သူက မာယာပိုများသလဲ"ဆိုတာကို မေးမြန်းထားပါတယ်.....

    ပရိသတ်များရဲ့ ရင်ထဲက စကားသံများကို နားဆင်ပေးပါအုန်းနော်....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို Padamyar FM Website &  Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်....

    15 min
  • ဒီနေ့အတွက်စကား

    Mistakes are painful when they happen. But years later a collection of mistakes called experiences which lead us to success.

    လောကမှာရှင်သန်နေထိုင်တဲ့လူသားတိုင်းလူသားတိုင်းမည်သူတစ်ဦးတစ်ယောက်ကမှ ရာနှုန်းပြည့် ပြီး ပြည့်စုံတဲ့သူဆိုတာ မရှိပါ ဘူး။ ရှင်သန်ရာဘဝတစ်ကွေ့မှာအမှားအယွင်းတစ်စုံတစ်ရာကိုလုပ်ဖူးတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ်လည်းမှားဖူး၊ သူလည်း မှားဖူးတဲ့ ဒီလောကပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှ အပြစ်ကြီးကြီးမားမားတင်နေလို့လည်းမရနိုင် ပါဘူး။ အဓိကကတော့ မှားခဲ့ဖူး တဲ့အမှားတွေကိုအချိန်မှီအမှန်ပြင်နိုင်ဖို့သာလိုပါတယ်။ ကိုယ်ရဲ့အမှားတွေကနေသင်ခန်းစာယူ နိုင်ပြီးအမှားတွေကို အမှန် ပြင်နိုင် သေးသရွေ့ ကိုယ်ဟာကောင်းမွန်စွာနဲ့ လောကမှာနေထိုင်နေသေးသမျှ လောကအတွက် အကျိုးပြုနေတဲ့သူချည်းပါပဲ။

    အဓိကကတော့ အမှားတွေကိုအမှန်ပြင်ဖို့ပါပဲ။ အမှားတွေကိုအမှန်ပြင်နိုင်ဖို့ ခဲတံတွေမှာတောင် ခဲဖျက်တွေဆိုတာပါရှိနေတတ်ပါ တယ်။ ဘောပင်ကိုလည်း Correction လုပ်လို့ရနိုင်ပါတယ်။ တကယ်လို့ ဖျက်စရာခဲဖျက်ကို လုံးဝရှာမတွေ့တော့ရင်တောင် အဲဒီ စာမျက်နှာကိုဖျက်ချပြီးနောက်ထပ်စာမျက်နှာအသစ်ကို ပြုစုရေးသားပိုင်ခွင့်လူသားတိုင်းမှာရှိနေပါတယ်။ အရေးကြီးတာကကိုယ့်ရဲ့ အမှားတွေကိုအမှားမှန်းသိဖို့၊ အမှားတွေကို ပြန်ပြင်ချင်တဲ့စိတ်ရှိဖို့၊ ပြန်ပြင်စရာနည်းလမ်းကိုသိမြင်နိုင်ဖို့၊ အချိန်မနှောင်းခင် ကတည်းက ပြန်လည်ပြင်ဆင်ဖို့သာအရေးကြီးပါတယ်။ ဒါတွေအားလုံးကကိုယ့်အတွက် အသက်ရှင်သန်နေတဲ့လူသားတိုင်း ရရှိနိုင် တဲ့အခွင့်အရေးကိုအကျိုးရှိရှိအသုံးချတတ်စေဖို့သာအဓိကကျပါတယ်။

    3 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...