
Sign up to save your podcasts
Or


Smile more than you cry, give more than you take and love more than you hate.
လူရယ်လို့ဖြစ်လာရင် ခံစားတတ်တဲ့အသည်းနှလုံးနဲ့ စိတ်နေစိတ်ထားကိုပိုင်ဆိုင်ထားတဲ့အတွက် ခံစားချက်ပေါင်းများစွာကိုအသက်ရှင်သန်နေသေးသမျှကာလပတ်တစ်ခုလုံးမှာခံစားရမှာပါပဲ။ အဲဒီအခါမှာ ဘဝကပေးတဲ့ အခက်အခဲတွေကြောင့် ငိုကြွေးခဲ့ရတာတွေလည်းရှိမှာ ပါ။ လူ့ဘဝကိုစတင်ရောက်ရှိတဲ့အချိန်ကတည်းက ငိုကြွေးခြင်းနဲ့ပဲစတင်ခဲ့သလို၊ နောက်ဆုံးအဆုံးသတ်သေခြင်းတရားမှာလည်းမျက်ရည်စတွေနဲ့သာအဆုံးသတ်ကြတာများပါတယ်။ ဒါကြောင့် ငိုကြွေးခြင်းဆိုတာလူသားတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုအရှိဆုံးအရာပါပဲ။ဒီတော့ ငိုကြွေးရတဲ့ခံစားချက်အရသာကိုလူသားတိုင်းသိကြပါတယ်။
ပူဆွေးခြင်း၊ ပူလောင်ခြင်း၊ စိတ်ပျက်အားငယ်ခြင်းတွေ နဲ့ ငိုကြွေးကြတာများတဲ့အတွက် တကယ်တော့ငိုကြွေးခြင်းဆိုတာမိမိကိုယ်ကိုအပူမီးတွေနဲ့ စွဲဟပ်နေခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ဘဝမှာ ကောင်းမွန်စွာရှင်သန်နေရင်းနဲ့ အေးချမ်းမှုအစစ်ကိုရချင်တယ်ဆိုရင်တော့ တတ်နိုင်သမျှပြုံးပြုံးလေးသာနေပါ။ အခက်အခဲတွေကြုံရပါစေ။ အတိဒုက္ခတွေရောက်နေပါစေ။ ကိုယ့်စိတ်ထဲမှာအေးချမ်းခြင်းကိုသာဆောင်စေမယ့် အပြုံးကိုသာ နှုတ်ခမ်းဖျားထက်မှာမွေးမြူထားပါ။ မိမိကိုယ်တိုင်ရောတပါးသူကိုပါအေးမြခြင်းကိုဖော်ဆောင်ပေးနိုင်ပါလိမ့်မယ်။
If it’s challenging you, testing you, and pushing you. It’s helping you become more of who you’re meant to be.
သင့်ကိုစိန်ခေါ်နေတာ၊ စမ်းသပ်နေတာ၊ တွန်းပို့နေတာတွေက သင့်ကိုသင်ဖြစ်လာမယ့်အတိုင်းအတာအထိ ပိုပြီးဖြစ်လာဖို့ ကူညီ ပေးနေခြင်းသာ ဖြစ်ပါတယ်တဲ့။ ဒီစကားကတော့ ဘဝမှာ ကိုယ့်အနေနဲ့ ဖြတ်သန်းတွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကြောက်ရွံ့ပြီး ကျော်ဖြတ်ဖို့ မဝံ့မရဲဖြစ်နေတဲ့ လူသားတွေအတွက် အသိပေးထား တဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။
လောကမှာ လူရယ်လို့ဖြစ်လာရင် သူ့အရွယ်အလိုက် သူ့ရဲ့ရောက်ရှိနေတဲ့အခြေအနေအလိုက် စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေကို တွေ့ကြုံရလေ့ရှိပါတယ်။ ကလေးဘဝမှာလည်း ကလေးဘဝအတွက် စမ်းသပ်စိန်ခေါ်မှုတွေရှိ နေသလို၊ တဖြည်းဖြည်းနဲ့ အချိန်တန်အရွယ်ရောက်လာပြီး လုပ်ငန်းခွင်ဝင်တဲ့သူတွေမှာလည်း နေ့စဉ်တိုင်းနီးပါးမှာ အခက်အခဲ တွေအတားအဆီးတွေဆိုတာ ကို တွေ့ကြုံရတာပါပဲ။ နောက်ဆုံး ခန္ဒာဝန်ကိုယ်မချခင်အထိ အသက်ဆက်ရှင်ချင်ကြတဲ့ လူသား တွေနဲ့ လောကရဲ့အမှန်တရား သေမင်းတို့က စစ်တလင်းမှာ ရင်ဆိုင်တွေ့ကြရတာပါပဲ။
ပရိသတ်များအားလုံး မင်္ဂလာပါ...
ခု တင်ဆက်ပေးမဲ့ အစီအစဉ်က ခေတ်လူငယ် ဆိုတဲ့အတိုင်း ဒီနေ့အစီအစဉ်မှာ ကွဲပြားခြားနားပြီးတော့ ထူးခြားစုံလင်တဲ့ အကြောင်းအရာတွေ ကိုယ့်အနီးအနားနဲ့ ကိုယ့်ပတ်ဝန်းကျင် ...ဒါ့အပြင် ကိုယ်မသိသေးတဲ့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ အဖြစ်အပျက်အဖုံဖုံကို သုတ ၊ ရသ စုံလင်စွာနဲ့ တင်ဆက်ပေးသွားမှာပါ...
ယခုတစ်ပတ်အတွက် Environment နဲ့ ပတ်သက်တဲ့ အကြောင်းကို environmental engineering ဘာသာရပ်ကို Ph D သင်ယူနေတဲ့ ကိုကောင်းထက်စွမ်းကို တွေ့ဆုံမေးမြန်းထားပါတယ်။ ကဲ... ဒီတော့ အားလုံးပဲ ခေတ်နဲ့အဆက်မပြတ်ရအောင် ခုပဲ နားဆင်ကြည့်လိုက်ပါနော်.
Your wings already exist. All you have to do is fly.
သင့်မှာအတောင်ပံတွေရှိပြီးသားပါ။ သင်လုပ်ရမှာကပျံသန်းဖို့တစ်ခုပါပဲတဲ့။ ဒီနေ့အတွက်စကားကိုကြားလိုက်တော့ ကိုယ့်နောက် ကျောမှာပဲအတောင်ပံတွေပေါက်နေပြီလားဆိုပြီး ပြန်စမ်းမိနေပါသလားဗျာ။ ကျွန်တော်ကစတာပါ။ ပုံမှန်ထက်အနည်းငယ်လေး ထူးခြားတဲ့ ဒီစကားကတော့ ဝင်္ကဝုတ္တိအလင်္ကာသဘောနဲ့ သွယ်ဝှိုက်ရေးသားပြောဆိုထားတာဖြစ် ပါတယ်။ တည့်သဘော ဘာသာ ပြန်နားလည်လို့တော့မရပေမယ့် ဒီစကားရဲ့ အတိမ်အနက်ကသေသေချာချာလေးစဉ်းစားကြည့် လိုက်မယ်ဆိုရင် တော်တော်လေး နက်ရှိုင်းပြီးအဓိပ္ပာယ်ရှိပါတယ်။
ဟိုးမိုးကောင်းကင်မှာလေဟုန်ကိုခွင်းလို့ ပျံသန်းနေကြတဲ့ ငှက်ကလေးတွေကို ကြည့်ပါ။ သူတို့မှာလေဟုန်ကိုခွင်းပြီးပျံသန်းနိုင်ဖို့ အတွက် တောင်ပံတွေပါတယ်။ ဒါပေမယ့် သူတို့ထက် ဖွဲ့စည်းတည်ဆောက်ဖြစ်တည်ပုံလည်း ရှုပ်ထွေးပြီးအရာရာမှာအဆင့်မြင့်တဲ့ ကျွန်တော်တို့လူသားတွေမှာလည်းကိုယ့်ခြေကိုယ့်လက်နဲ့ ကိုယ်သွားချင်တဲ့နေရာ၊ ကိုယ်ရောက်ချင်တဲ့ဒေသကိုရောက်အောင်သွားနိုင်ပါတယ်။
Makeup doesn’t make you prettier. Money doesn’t make you richer. Because real wealth and real beauty depends on how you value yourself.
ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိလူသားတိုင်း ချမ်းသာကြွယ်ဝမှုကိုလိုချင်ကြပါတယ်။ ထို့အတူပဲလှပတင့်တယ်မှုကိုလည်း မြတ်နိုးခုံမင် ကြပါတယ်။ ဒါကြောင့်လည်း ချမ်းသာကြွယ်ဝဖို့အတွက် ကြိုးစားကြတယ်။ ငွေကြေးတွေကိုရှာဖွေစုဆောင်းကြတယ်။ ထို့ အတူပဲ။ လှပတင့်တယ်တာကို မြတ်နိုးခုံမင်ကြတဲ့အတွက် ပင်ကိုယ်လှပြီးသားသူကလည်းပိုပြီးလှအောင်နေထိုင်ကြပါတယ်။ နဂိုအလှမရှိတဲ့သူကလည်း ဝတ်ကောင်းစားလှတွေဝတ်၊ တန်ဖိုးကြီးအလှပြင်နည်းတွေကိုအသုံးပြုပြီးလှအောင်ဖန်တီးကြပြန်ပါ တယ်။ ဒါပေမယ့် လောကမှာသေချာတဲ့အမှန်တရားတစ်ခုကတော့ ငွေကြေးတွေကိုယ့်မှာကျိကျိတက်ရှိနေရုံနဲ့ ကြွယ်ဝချမ်းသာ ခြင်းအစစ်အမှန်ကိုပိုင်ဆိုင်ထားတယ်လို့ ယူဆလို့ မရပါဘူး။
ဘဝမှာသေခြင်းနဲ့ရှင်ခြင်းကြားက ဖြတ်သန်းရမယ့် နေ့ရက်တွေအတွက် အသင့်ဖြစ်နေဖို့ The Life အစီအစဉ်ကစောင့်ကြိုနေပါတယ်.....
ဒီတစ်ပတ်မှာကော ဘယ်သူရဲ့ဘဝ အမှတ်တရ၊ ဒဿန တွေကို နားဆင်ရမှာလဲ...?
ထိမိတဲ့ စကားလုံးတွေနဲ့ သီချင်းတွေကို အလှဆင်တဲ့သူ၊ သီချင်းတွေနဲ့ မိန်းကလေးတွေရဲ့ ခံစားချက်ကို ပေါ်လွင်စေခဲ့တဲ့ တေးသီချင်းတွေကိုရေးစပ်သီကုံးသူ တေးရေးစိမ့် ရဲ့ ဘဝအကြောင်းကို နားဆင်ရမှာ ဖြစ်ပါတယ်....
နေ့စဉ် လူမူဘဝမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အကြံပြုချက်လေးတွေကို မျှဝေပေးသွားမယ့် Let's Do It အစီအစဉ်.....
ဒီတစ်ပတ်မှာတော့ မငုဝါနှင့် မအိဆုတို့က လွယ်ကူပြီး လက်တွေ့အသုံးပြုလို့ရမယ့် ဘယ်လိုနည်းလမ်းလေးတွေ ဝေမျှထားလဲဆိုတာကို ဗဟုသုတဖြစ်ဖွယ် နားဆင်ရမှာဖြစ်ပါတယ်...
Let's Do It အစီအစဉ်ကို Tuesday, Thursday, Friday ၊ မနက် 11:10 အချိန်တွင် စောင့်မျှော်နားဆင်နိုင်ပါတယ်....
I am in competition with no one. I run my own race. I have no desire to play the game of being better than anyone. I just aim to improve, to be better than I was before. That’s me, and I’m free.
Care Free၊ Stress Free ဆိုတဲ့ ပူပန်မှုကင်းတဲ့၊ စိတ်ဖိစီးမှုတွေ ကနေ ကင်းဝေးတဲ့ဘဝကို လိုချင်ကြတဲ့သူတွေအတွက် နည်းလမ်း ကောင်းတစ်ခုက ဒီနေ့အတွက်စကားမှာပါဝင်နေပါတယ်။ငါဘယ်သူနဲ့မှလိုက်ယှဉ်ပြိုင်မနေပါဘူး။ ငါ့ရဲ့ပြိုင်ပွဲအတိုင်းသာ ငါပြိုင် နေပါတယ်။ တခြားသူထက်သာရမယ်ဆိုတဲ့ ကစားနည်းကိုလည်းကစားမှာမဟုတ်ပါဘူး။ အရင်တုန်းကငါထက် အခုငါပိုပြီး တိုးတက်ဖို့ပဲရည်ရွယ်ပါတယ်။ ဒါဟာလွတ်လပ်တဲ့ ငါပါပဲ။ ကျွန် တော်တို့တတွေ လောကကြီးမှာရှင်သန်ရုန်းကန်နေရင်းနဲ့ လောဘ၊ ဒေါသ၊ မောဟမီးတွေ၊ မလိုခံခက်ခံစားချက်တွေ၊ မစ္ဆာရိယမနာလိုမှုတွေကိုခံစားရင်းနဲ့ အပူကြီးပူနေတတ်ပါတယ်။ တကယ်တော့ လူဖြစ်လာပြီဆိုတာကတကယ့်ကိုမှ ကုသိုလ်ကံတရားအကျိုးပေးကောင်းလွန်းလို့ဖြစ်လာတာပါ။ ဒီလိုမျိုးလူ့ဘဝမှာ ဘာရယ် မဟုတ်ဘဲအပူမီးတွေနဲ့ ဖြတ်သန်းရင်းအဓိပ္ပာယ်မရှိအချိန် တွေကုန်လို့ကုန်မှန်းမသိကုန်ဆုံးနေမယ်ဆိုရင်တော့ လူဖြစ်လာရတဲ့ ဘဝက အလကားပဲဖြစ်နေတော့မှာပါ။
ပတ္တမြား FM ပရိသတ် အားလုံးပဲ မင်္ဂလာပါ......
အစိမ်းရောင်ချစ်သူ အစီအစဉ်ကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ပရိသတ်များအတွက် ကမ္ဘာမြေကြီး ရှင်သန်ရပ်တည်ပြီး
သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန် အတွက် သစ်ပင်၊သစ်တော များရဲ့ အရေးပါပုံကိုဗဟုသုတ ဖြစ်ဖွယ်မျှဝေပေးထားပါတယ်......
နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန်နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က ဆွေးနွေး တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . .
ယခုတစ်ပတ်အတွက် တင်ပြဆွေးနွေးပေးမှာကတော့ "ငွေနှင့်အာဏာ - အလီဘာဘာရဲ့ ပဲ့ကိုင်ရှင် ဂျက်မား နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်" တို့နှစ်ယောက်အကြောင်းကို ဆွေးနွေးပေးမှာဖြစ်ပါတယ်......
From the publisher's feed
Wherever you go PadamyarFM will be there with you...