Padamyar FM

Padamyar FM

By Padamyar FMMusic
Download on the App Store

Padamyar FM episodes

  • ဒီနေ့အတွက်စကား

    Patience is not the ability to wait but the ability to keep a good attitude while waiting.

    ဒီနေ့အတွက်စကား

    ဒီစကားကတော့ သည်းခံတတ်တယ်ဆိုတာ ဘယ်လိုအရာမျိုးကိုဆိုတာကို ပြောပြထားတဲ့ စကားပါ။ လောကမှာ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ချက်ခြင်းလက်ငင်းဆိုသလို ရတတ်တဲ့ ပြောရရင် ကံကောင်းတဲ့သူတွေလည်း ရှိသလို ကိုယ်လိုချင်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့ကိစ္စ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်တစ်ခုကို ရဖို့ဖြစ်ဖို့ရောက်ဖို့ အချိန်ကာလတွေအများကြီး စောင့်ဆိုင်းရတဲ့သူတွေ လည်းရှိပါတယ်။ ကိစ္စတစ်ခုအကျိုးအကြောင်းတိုက်ဆိုင်မှသာဖြစ်တည်သွားလို့ ကိုယ်လိုချင်တဲ့အရာကို ရလိုက်တဲ့သူတွေလည်း ရှိပါတယ်။ တစ်ချို့ ကတော့ ကိုယ်ကတော့လိုချင်ပါရက်နဲ့ စောင့်ဆိုင်းရမှာကို မနှစ်သက်တဲ့အတွက် ကိုယ်ရချင်တဲ့အရာနဲ့ ဝေးသွားတဲ့သူတွေလည်း ရှိကြပါတယ်။ 

    တကယ်တော့ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လိုချင်ဖြစ်ချင်တဲ့ ဆန္ဒ တစ်ခုအတွက်ဆိုရင် အချိန်ဘယ်လောက်ပဲပေးရပေးရ စောင့်ဆိုင်း သင့်တဲ့အရာဆိုရင် စောင့်ဆိုင်းရမှာပါ။ တန်ဖိုးမြင့်မားတဲ့အရာ တွေက ဘယ်သောအခါမှာမှ လွယ်လင့်တကူမရနိုင်ပါဘူး။ ဒါကြောင့် ကိုယ်က စောင့်ဆိုင်းနေရ တာကို စိတ်မပျက်သွားပဲ အခါ အခွင့်သင့်လာတဲ့အချိန်အထိ ဇွဲရှိရှိနဲ့ ကြိုးစားရပါမယ်။ 

    3 min
  • ဒီနေ့အတွက်စကား

    ဒီစကားကတော့ ဘဝရဲ့မေးခွန်းတွေကို အတင်းကြီးလိုက်အဖြေရှာ နေခြင်းက သိပ်ပြီး အသုံးဝင်မှာမဟုတ်ဘူးဆိုတာကို ပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေအနေနဲ့ ပိုင်ဆိုင်ထားတဲ့ တစ်သက်တာဘဝဆိုတာ သိပ်ကိုမှ ရှုပ်ထွေးလွန်းလှပါတယ်။ မေးခွန်းပေါင်းများစွာကို ဘဝတစ်လျှောက်မှာ ဖြတ်သန်းနေရင်း ဖြေရှင်းနေရပါတယ်။ အဲဒီလိုဘဝက ပေးလာတဲ့ မေးခွန်းတွေအခက်အခဲတွေကို တအားကြီးအာရုံစိုက်ပြီး ဖြေရှင်းနေတာမျိုးကိုလည်း တတ်နိုင်သလောက် မလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ မေးခွန်းတွေကို အရမ်းကြီး အားစိုက်လေ ကိုယ့်ရဲ့စိတ်ထဲမှာ မွန်းကြပ်လေ၊ အဖြေနဲ့ ကိုယ်နဲ့က ပိုပြီးဝေးလေလေ ဖြစ်တတ်ပါတယ်။ 

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . .

    12 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    Sometimes the smallest step in the right direction ends up being the biggest step of your life. Tip toe if you must, but take the step.

    တစ်ခါတစ်ရံမှာလားရာကောင်းတဲ့ဘက်ကိုဦးတည်ထားတဲ့ ခြေလှမ်းသေးသေးလေးတစ်ခုကပဲသင့်ဘဝအတွက် အကြီးမားဆုံးသောခြေလှမ်းတစ်ခုဖြစ်စေနိုင်ပါတယ်။ ခြေဦးချပြီးလှမ်းစရာရှိတာကိုလှမ်းလိုက်ပါ။ဘဝအောင်မြင်ရေးအတွက်ကြိုးစားနေကြတဲ့သူတွေအတွက် လမ်းညွှန်စကားတစ်ခွန်းလည်းဖြစ်သလိုကိုယ်လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေကိုယ်သွားနေတဲ့ ဦးတည်ရာပေါ်မူတည်ပြီးပြောင်းလဲမှုတွေဖြစ်စေနိုင်တယ်ဆိုတာကိုပြောကြားထားတဲ့ စကားတစ်ခွန်းလည်းဖြစ်ပါတယ်။ လူသားဘဝရောက်ပြီဆိုတာနဲ့ ကိုယ့်ဘဝတစ်လျှောက်လုံးမှာသိန်းသန်းမကတဲ့ ခြေလှမ်းပေါင်းများစွာကိုလျှောက်လှမ်းနေရသလိုဘဲကိုယ့်ဘဝအတွက် တိုးတက်ရာတိုးတက်လမ်းကိုအရောက်လှမ်းနေကြတဲ့သူတွေချည်းပါပဲ။

    3 min
  • နိုင်ငံတကာသတင်းသုံးသပ်ချက်

    နိုင်ငံတကာသတင်းသုံးသပ်ချက်

    ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .

    12 min
  • ဒီနေ့အတွက်စကား

    ဒီနေ့အတွက်စကား

    A single moment of misunderstanding is so poisonous, that is makes us forget the hundred lovable moments spent together within a minute.

    လူနှစ်ယောက်ကြားမှာဘာရယ်မဟုတ်ဘူးလို့ ထင် မှတ်ထားကြတဲ့ နားလည်မှုလွဲမှားခြင်းဆိုတာကဘယ်လောက်အထိအကျိုးသက်ရောက်မှုတွေဖြစ်စေနိုင်သလဲဆိုတာကိုပြောပြထားတဲ့စကားတစ်ခွန်းဖြစ်ပါတယ်။ လူသားနှစ်ယောက်ကြားကဆက်ဆံရေးတစ်ခုအချိန်ကာလအကြာကြီးအထိရှည်ကြာတည်မြဲနေစေဖို့ဆိုရင် လိုအပ်တဲ့အခြေခံအုတ်မြစ်တွေထဲမှာတစ်ဦးအပေါ် တစ်ဦးနားလည်မှုဆိုတာလည်းပါဝင်နေပါတယ်။ နားလည်မှုမရှိရင် ဘယ်လောက်ပဲချစ်ခြင်းမေတ္တာတွေ အဆောက်အအုံ ကြီးမားနေစေဦးတော့ ဘိလပ်မြေမပါတဲ့ တိုက်အိမ်လိုပဲအဲဒီဆက်ဆံရေးတစ်ခုကခိုင်ခံ့မှုနည်းပါးမှာပါ။

    အထူးသဖြင့် မတူညီတဲ့ နောက်ခံအသိုင်းအ၀ိုင်းတွေက မွေးဖွားကြီးပြင်းလာကြတဲ့ လူသားနှစ်ဦးပေါင်းဆုံမှုမှာနားလည်မှုဆိုတဲ့ ခိုင်မာတဲ့ကြိုးတစ်ချောင်းကသာလှပတဲ့ အိမ်ထောင်ရေးသံစဉ်တွေကို ထည်ထည်ဝါ ၀ါဖြစ်တည်စေမှာပါ။ တကယ်လို့သာဘယ်လိုကိစ္စမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေမရှိတော့ဘူးဆိုရင် ဆက်ဆံရေးတစ်ခုအက်ကြောင်းလိုက်ပြီးပျက်စီးသွားဖို့ အင်မတန်မှလွယ်ကူသွားပါပြီ။ ဒါကြောင့် ဘယ်လိုကဏ္ဍမျိုးမှာပဲဖြစ်ဖြစ် ဆက်ဆံရေးတိုင်းမှာတစ်ယောက် နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုဆိုတာသိပ်ကိုမှအရေးကြီးပါတယ်။

    3 min
  • ပြောကြည့်

    လူငယ်တွေရဲ့ လွတ်လပ်စွာတွေးခေါ်မှုတွေကို သိရှိခံစားရမယ့် ပြောကြည့် အစီအစဉ်.....

    ဒီအစီအစဉ်လေးကို Radio မှာနားဆင်နိုင်သလို PadamyarFM Website & Mobile Application တွင်လည်းနားဆင်နိုင်ပါတယ်...

    15 min

About Padamyar FM

From the publisher's feed

Wherever you go PadamyarFM will be there with you...