
Sign up to save your podcasts
Or


Being negative only cause depression. So hold your head up high, put a smile on your face and go live a positive way.
ဒီနေ့အတွက်စကား
မကောင်းမြင်တတ်တဲ့စိတ်ကြောင့် ဖြစ်တတ်တဲ့ ဆိုးကျိုးကိုပြောပြထားပြီး အကောင်းမြင်တတ်တဲ့စိတ်ကို မွေးမြူနေထိုင်ဖို့အတွက် တိုက်တွန်းထားတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ မကောင်းမြင်တတ်တဲ့စိတ်၊ ပြောရမယ်ဆိုရင် အပျက်သဘောအရင်းခံတဲ့စိတ်ကအရာတိုင်းကိစ္စတိုင်းမှာဘယ်သူမှားတယ်၊ ဘယ်သူအပြစ်ရှိတယ်ဆိုတဲ့အရာတွေကိုပဲရှာဖွေပေးလေ့ရှိပါတယ်။ ဒါပေမယ့် တခါတလေ မှာတစ်ချို့သောကိစ္စရပ်တွေက တရားခံရှာဖို့ထက် အကောင်းဆုံးဖြေရှင်းပြေလျော့သွားဖို့လိုအပ်ပါတယ်။
ဖြေရှင်းပြေလျော့သွားရယ့် ကိစ္စရပ်တွေမှာ မကောင်းမြင်တတ်တဲ့ အပျက်သဘော စိတ်နေစိတ်ထားနဲ့ ပြဿနာကိုမကြီးကြီးအောင် မီးလောင်ရာကိုလေကပါပင့်လိုက်တဲ့အခါမှာတော့ ပြဿနာကမလိုလားအပ်ဘဲ ပွားသွားတာ၊ ကြီးမားပြီးဖြေရှင်းရပိုပြီးခက်ခဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ တကယ်တော့ တစ်ချို့သောကိစ္စရပ်တွေဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေလိုသောစိတ်မရှိပါဘဲနဲ့ မတော်တဆဆိုသလို ဖြစ်ပျက်သွားတာတွေလည်းရှိတတ်တာ ကိုမေ့မထားသင့်ပါဘူး။ အဲဒီလိုမတော်တဆကိစ္စရပ်အဖြစ်အပျက်တွေကိုမကောင်းမြင်တတ်ခြင်းက တရားခံဘယ်သူဆိုတာကိုပဲ အတင်းကာရောရှာဖွေနေသလိုဖြစ်ပြီး ပြဿနာတစ်ခုပြေငြိမ်းသွားဖို့အတွက် လွယ်လင့်တကူ ဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။
A little jealousy in a relationship is healthy. It’s always nice to know someone is afraid to lose you.
ဆက်ဆံရေးတစ်ခုမှာအနည်းငယ်သောဝန်တိုမှုက ကျန်းမာစေပါတယ်။ ကိုယ့်ကိုဆုံးရှုံးရမှာကိုကြောက်နေတဲ့ တစ်စုံတစ်ယောက်ရှိ နေတာကို သိရတာ သိပ်ကိုမှ ကျေနပ်စရာကောင်းပါတယ်တဲ့။ ချစ်ရတဲ့သူကို သဝန်တိုတတ်တဲ့သူတွေက ဘယ်သူတွေများလဲ။ ကိုယ်ချစ်သူရဲ့ သဝန်တိုမှုတွေကို ခံစားနေရတဲ့သူတွေကရော ဘယ်သူတွေများပါလဲ။ တကယ်တော့ သဝန်တိုတယ်ဆိုတာ ယောကျာ်းမှ မိန်းမရယ်မှ မဟုတ်ပါဘူး။ လူတိုင်း ချစ်ခြင်းတရားကို အခြေခံပြီး အနည်းနဲ့အများ သဝန်တိုစိတ်ဆိုတာရှိတတ်ကြပါ တယ်။
ပတ္တမြား FM ပရိသတ်များ အားလုံး မင်္ဂလာပါခင်ဗျာ ပတ္တမြား FM ကနေ တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်ကို တင်ဆက်ပေးပါတော့မယ် ဒီနေ့ရဲ့ ပတ္တမြား FM ရဲ့ တစ်ပတ်အတွင်း နိင်ငံတကာသတင်းသုံးသပ်ချက် အစီအစဉ်မှာတော့ ပတ္တမြား FM မှ ကျွန်တော် ဇွဲမာန် နဲ့ အတူ ဒေါက်တာ တင့်ဆွေ (ပဲခူး) တို့က နိုင်ငံတကာအရေးတွေကို ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ . . . . . . . . .
If you do right, no one remembers. If you do wrong, no one forgets.
သင့်အမှန်ကိုလုပ်ဆောင်တာကို ဘယ်သူကမှ သတိရမှာမဟုတ်ပေမယ့် သင်သာအမှားလုပ်ခဲ့တယ်ဆိုရင်တော့ ဘယ်သူကမှ မေ့မှာမဟုတ်ပါဘူးတဲ့။
ဒီစကားကတော့ လောကမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကိုပြောပြထားတဲ့စကားတစ်ခွန်း ဖြစ်ပါတယ်။ လောကရဲ့ အမှန်တရားတစ်ခု လို့လည်း ပြောလို့ရပါတယ်။ တကယ်လို့သာ ကျွန်တော်တို့ဘဝမှာ ဘယ်လောက်ပဲ ကောင်းတာတွေကိုလုပ်ခဲ့လုပ်ခဲ့ လူတာ်တော်များများက သတိတရရှိနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သာ အမှားအယွင်းတစ်ခုကို လုပ်ဆောင်မိလိုက်တာနဲ့ အဲဒီအဖြစ်အပျက်ကို တော်တော်များများက သတိရနေမှာပါ။ ဘာလို့လည်းဆိုတော့ လူတွေက ကောင်းမွန်တဲ့အဖြစ်အပျက်တွေထက် ဆိုးဝါးတဲ့ အမှားအယွင်းကိစ္စတွေကို ပိုပြီးတော့ မှတ်
မိနေတတ်တဲ့သဘောမှာ ရှိလို့ပါ။
ဒါပေမယ့် မှားသွားလေမလား။ မှားသွားရင် ကိုယ့်ကိုအပြစ်ပြောနေကြမလားဆိုပြီး ကိုယ်လုပ်စရာရှိတာကိုတော့ ဘယ်တော့မှ လက်တွန့်ပြီးနေစရာမလိုအပ်ပါဘူး။ တကယ်တော့ ကိုယ့်ဘဝ
ကို ကိုယ်တိုင်ပဲစီမံရတာပါ။ လောကမှ ဘယ်ကိစ္စမှာ ပဲဖြစ်ဖြစ် ချီးမွန်း၇ရက် ကဲ့ရဲ့၇ရက်ဆိုတာကို ဘယ်တော့မှ မေ့မထားပါနဲ့။ လူသားမှန်ရင် ဘယ်သူကမှ ရာနှုန်းပြည့် ပြည့်စုံ ကောင်းမွန်နေခြင်းမရှိတဲ့အတွက် လူသားတိုင်းမှားတတ်ကြပါတယ်။ ကိုယ်လည်း လူသားတွေထဲက လူသားတစ်ယောက်ဖြစ်တဲ့ အတွက် အမှားတွေလုပ်မိကောင်းလုပ်မိပါလိမ့်မယ်။ ဒါပေမယ့် အမှားကိုပဲ ထပ်ခါထပ်ခါမလုပ်မိဖို့နဲ့၊ ကိုယ့်ရဲ့အမှားက သူတပါး တွေကို ကြီးကြီးမားမားရိုက်ခတ်မှုမရှိအောင်တော့ ကိုယ်ကသတိထားဖို့တော့လိုပါတယ်။
When something bad happens, You have three choices. You can let it define you, let it destroy you, or you can let it strengthen you.
ရွေးချယ်စရာနည်းလမ်း (၃)မျိုးရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြထားပြီးဘယ်လိုနည်းလမ်းကိုရွေးမလဲဆိုတာကိုအတွေးဆင့်ပွားစေတဲ့စကားဖြစ်ပါ တယ်။ လူသားတိုင်းမှန်ရင် လောကမှာရှင်သန်ရုန်းကန်လှုပ်ရှားရပ်တည်နေရင်းနဲ့ အခက်အခဲတွေ အတားအဆီးတွေ၊ ကိုယ့် ဘ၀ တက်လမ်းအတွက် အနှောင့်အယှက်တွေ၊ ဆိုးဝါးတဲ့အဖြစ်အပျက်တွေဆိုတာကို ကြုံတွေ့ ရတတ်ပါတယ်။ အထူးသဖြင့် ကိုယ်လိုချင်ရချင်တဲ့ အောင်မြင်မှုက ပိုပြီးကြီးမားလေလေ ကိုယ်တွေ့ရမယ့် အခက်အခဲအတားအဆီးအနှောင့်အယှက်ကပိုများလေပါပဲ။
ဒီနေ့အတွက်စကား
Discussion are always better than arguments, because an argument is to find out who is right, and a discussion is to find what is right.
ဒီနေ့အတွက်စကား
ပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးသတိထားရမယ့်အချက်တစ်ခုကိုပြောပြထားတာဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ လောကမှာရှင်သန်နေရင်းနဲ့ အမျိုးမျိုးသောလူပေါင်းများစွာနဲ့ တွေ့ဆုံကြရပါတယ်။ အဲဒီလိုအမျိုးမျိုး အထွေထွေသောလူတွေကရှင်သန်ကြီးပြင်းရာနောက်ခံတွေလည်းမတူညီကြသလိုခံယူချက်ခြင်းအယူအဆခြင်းတွေမှာလည်းထပ်တူညီခြင်းဆိုတာဘယ်နည်းနဲ့မှမရှိနိုင်ပါဘူး။ ကိုယ့်ဘက်ကအမြင်နဲ့သူ့ဘက်ကအမြင်ဆိုတာတစ်ခါ တစ်ရံမှာတော့ ဆန့်ကျင်ဘက်တွေတောင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တကယ်တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ လက်ချောင်းတွေတောင်မှ အရှည် အတို အပိန်အဝမတူညီသလို မွေးဖွားလာတာခြင်းလည်းမတူတဲ့ သူစိမ်းလူနှစ်ယောက် အတွေးတွေ မတူတာကထူးဆန်းတဲ့ အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ ဒီလိုနဲ့ မတူညီတဲ့ အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေကြောင့်ပဲလောကမှာကွာဟမှုတွေဆိုတာရှိနေတာပါ။ အဲဒီလိုကွာဟမှုတွေကပဲအငြင်းအခုံတွေကို ဖြစ်စေပြန်ပါတယ်။ ဒီလိုမတူညီတဲ့ ရှူထောင့်ကနေ မြင်တတ်ကြတဲ့ သူတွေ ငြင်းကြခုံကြတာကသာမန် ဖြစ်ရိုးဖြစ်စဉ်ဆိုတာထက် ပိုပြီး ကြီးကျယ်လာတဲ့အခါမှာဆိုရင်တော့ အငြင်းပွားမှုကနေအမုန်းပွားမှုတွေ၊ စစ်ပွဲတွေအထိ ဖြစ်စေနိုင်တာကလည်းသတိပြုဆင်ခြင်စရာပါပဲ။
From the publisher's feed
Wherever you go PadamyarFM will be there with you...